ယုံကြည်သူတွေဟာ ဘုရားသခင်ဘွားသော ဘုရားသခင်၏ သားသမီးများဖြစ်ကြောင်း ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှာ အတိအလင်းဖော်ပြထားပါတယ်။ (၁း၁၃) လူ့အလို၊ လူ့ဆန္ဒ အားဖြင့် မွေးဖွားခြင်းမဟုတ်ပါဘူး။ သို့ဖြစ်သောကြောင့် ဝမ်း မြောက်ပါ။ ဂုဏ်ယူပါ။ ဘုရားသခင်ရဲ့ သားသမီးဖြစ်ရတဲ့ အခွင့် ထက် တန်ဖိုးရှိတဲ့ရာဟာ မိုး၊မြေစင်္ကြာဝဠာ တစ်ခုလုံးမှာ လုံးဝ မရှိပါဘူး။ သေခြင်းရဲ့ တစ်ဘက်ကမ်းမှာလည်း သေခြင်းကို အောင် ပြီးဖြစ်တဲ့ သခင်ယေရှုက ကျွန်တော်တို့ကို ကြင်နာစွာနဲ့ ပွေ့ပိုက်ပြီး၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့နဲ့ လုံးဝမပတ်သက်တဲ့ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်စေပါမယ်။

အခုတော့ ဒုက္ခမျိုးစုံ၊ ဒုစရိုက်မျိုးစုံနဲ့ရောဂါမျိုးစုံ ရှုပ်ထွေးတဲ့ မြတ်လောကမှာ နေထိုင်လှုပ်ရှားနေပါသေးတယ် သို့ဖြစ်သောကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် လုပ်ငန်းလုပ်နေရဦးမှာဖြစ်ပါတယ်။ မိသား စုများအပြင် ဆင်းရဲတဲ့သူသားများအတွက်ပါ ရှာရမယ်။ အဝတ် .. အစားမရှိတဲ့သူများ မကျန်းမာတဲ့သူများနဲ့ အကျည်းထောင်ကျ နေတဲ့ သူများအတွက် လိုအပ်သလို ပေးကမ်းကူညီဖို့ သခင်ယေရှု က မိန့်တော်မူခဲ့ပါတယ်။ (မဿဲ၊ ၂၅း၃၄၄၆)

အချို့က ပြောတတ်ပါတယ်။ သူကတော့ စီးပွားရေးပဲ လိုက်စားတယ်။ ပညာရေးပဲ စိတ်ဝင်စားတယ်။ ဘုရားမှန်း၊ တရားမှန်း မသိတော့ဘူးပေါ့ ဒါပေမယ့် ပညာတတ်တွေနဲ့ စီးပွားရေးအောင်မြင် သူတွေ သာမရှိခဲ့ရင် အမှုတော်မြတ်မှာ ထိရောက်မှုရှိနိုင်ပါ့မလားဒါ့ကြောင့် အတတ်နိုင်ဆုံးငွေရှာရမယ်။ ပညာရှာရမယ်။ ဘုရားရှိခိုးကျောင်းရုံးအဆောက်အဦးနဲ့ ပရိဘောဂများ အကောင်း အထူးသတိထားစရာ ဆုံးကြုံးဝါးပြီး အသုံးပြုကြရပါမယ်။ အိမ်တိုင်မှာ တီဗွီနဲ့ကွန်ပျူတာ ထားရှိနိုင်ရင် ပို၍ကောင်းပါတယ်။ လေလုံမိုးလုံအိမ်နဲ့ ဘုရားရှိခိုး ကျောင်းမှာ ကျကျနနနေထိုင်ရမယ့် ခေတ်ရောက်နေပါသလား။ ရေမရှိရင် သင်္ဘောခုတ်မောင်းလို့ မရသလို စားဝတ်နေရေး မပြေ လည်ဘဲ ကျန်းမာရေးပါချို့တဲ့နေရင် အမှုတော်မြတ်မှာ အောင်မြင် ထိရောက်မှုရှိနိုင်မှာ မဟုတ်ပါဘူး။ အဘိုးအိုတစ် ဦးကလူဟာ မုန့်အားဖြင့် အသက်မရှင်ဘဲ နှုတ်ကပါတ်တော်အားဖြင့် အသက် ရှင်တယ်ဆိုပြီး ထမင်းမစားဘဲ နေလိုက်ရာကြာလာတော့ အသက်ဆုံးသွားရှာတယ်။ ထပ်ပြောပါရစေ။ ရေကြောင့် သင်္ဘော ခုတ်မောင်းလို့ရသလို ရွှေ၊ ငွေ၊ ရတနာ၊ ပညာကျန်းမာရေးနဲ့ ခေတ်မှီအသုံးအဆောင် ဧဝံဂေလိခရီး ဧဝံဂေလိခရီး (သင်္ဘောကြီး) ကို ခုတ်မောင်းလို့ရတယ်ဆိုတာ စွဲစွဲမြဲမြဲမှတ်ထားကြဖို့ လိုအပ်လှ ပါတယ်

* သင်္ဘော ဘယ်မှာတည်ဆောက်ပါသလဲ။

* ကုန်းပေါ်မှာ

* ဘယ်မှာလှုပ်ရှားပါသလဲ

* ပင်လယ်ရေပေါ်မှာ

* ရေနံရင်သင်္ဘောမောင်းလို့ရမလား

* မရပါဘူး။

ထိုနည်းတူ

* ယုံကြည်သူခရစ်ယာန်တွေဟာ ဘယ်မှာမွေးဖွားပါသလဲ။

* ဘုရားသခင်၌ဘယ်မှာ လှုပ်ရှားပါသလဲ

*ပြစ်လောက ကြီးထဲမှာ

* စားဝတ်နေရေးမပြေလည်ဘဲ အားနည်းနေရင် နေလို့ကောင်းပါမလား။

*မရပါဘူး

အထူးသတိထားစရာ

သင်္ဘောဟာ ရေများလေ ပျော်လေဖြစ်သလို စားဝတ် . နေရေးပြေလည်ရင် လူဟာစိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်ပြီး ပျော်တတ်ပါတယ်။ ဒါပေမယ့် သင်္ဘောအတွက် ကြောက်စရာ အကောင်းဆုံးကတော့ ရေပဲဖြစ်ပြန်တယ်။ သင်္ဘောထဲရေဝင်ရင် ကြီးမားလှတဲ့အန္တာရယ်ကြီးနဲ့ ရင်ဆိုင်ရမှာအမှန်ဖြစ်သလို့ ယုံကြည် သူတို့မှာ စားဝတ်နေရေး (ရွှေ၊ ငွေ၊ ရတနာများ) ကို ဘုရားမေ့ တရားမေ့စိတ်ဝင်စား (တပ်မက်) ပြီး များပြားလွန်းရင် ယုံကြည်သူ စိမ့်ဝင်ပြီး နစ်မွန်းသွားနိုင်တယ်။ သင်္ဘောထဲရေဝင်နေပြီး .. ဟုတ်ပါလား။ ဘယ်လိုလုပ်ရပါမလဲ။ ရေကို မြန်မြန်ပက်ထုတ်ပါ။ ပြီးမှ သူတည်ဆောက်ရာ ကုန်းပေါ်ကို တင်ပြီး ဖာပေးပါ။ ရေပေါ် မှာ ကြာကြာမထားပါနဲ့။ အမြန်ဆုံးဆွဲထုတ်ပါ။ စိတ်ချ လက်ချ ပြုပြင်ပြီးမှသာ ရေထဲသို့ ဆွဲချပါလေ။

ထိုနည်းတူ ရွှေ၊ ငွေ၊ ရတနာ(စားဝတ်နေရေး) ကြောင့် ကျေးဇူးရှင်ဘုရားသခင်ကို နေရာမပေးနိုင် (သင်္ဘောထဲရေဝင်) ရင် မွေးဖွားရာ ဘုရားရှင်၌ ပြန်လည်ပြုပြင်ဖို့ အမြန်ဆုံး ဆက်ကပ် အပ်နှံပါ။ ရွှေ၊ငွေ၊ ရတနာ၊ ရာထူး၊ ရာခံ (ရေ) ကိုလုံးဝ ကျောခိုင်း ပါဦး။ ဝိညာဉ်ပိုင်းဆိုင်ရာ အနာအဆာများကို ပြုပြင်ပြီးမှ (ကျမ်းစာ ဖတ်ခြင်း၊ ဆုတောင်းခြင်းဆရာ/ဆရာမများနဲ့ မိတ်သဟာယ ဖွဲ့ခြင်းကိုဆိုလိုသည်။) နေရေး (ရေထဲ) တွင်ပျော်ပျော်ပါးပါး လှုပ် ရှားနိုင်မှာ ဖြစ်ပါတယ်။

* ယုံကြည်သူခရစ်ယာန်တွေဟာ ဘယ်မှာမွေးဖွားပါသလဲ။

* သင်္ဘောထဲရေမဝင်ပါစေနဲ့။

* အသားထဲ လောက်မထွက်ပါစေနဲ့။

သိုးထိန်(မန်း)