။ချစ်လှမောင် ။

ဘီယာဆိုတာ အရက်မဟုတ်ပါ ကြော်ငြာအားကိုးနဲ့ တစ်မျိုးကလေးယစ် တခစ်ခစ် ရယ်မော လောက စားပွဲဝိုင်းထဲမှာ ………..

တစ်ခွက်ပြီးတစ်ခွက် တစ်ရစ်ပြီးတစ်ရစ် နစ်သထက်နစ် ယစ်ထုပ်ဘဝ၊ တစ်စပြီးတစ်စ ဘဝမွန်းတည့်အချိန်မှာ…………..

တစ်ခွက်တစ်ဖလားအတွက် နေရာဟောင်းများသို့ တိုးဝင် ပတ်ဝန်းကျင်မဲ့ ယိုင်နဲ့နဲ့ခရီး တစ်ကိုယ်တည်း လမ်းပေါ်မှာ..

ငါမအိုသေး ကြွေးကြော်လို့ မရသူ ထိုသူ အဲဒီလူ အရက်ပြတ်မရသူ ကယ်တော်မူကြပါ ….

ငါမအိုသေး ကြွေးကြော်လို့ မရသူ ထိုသူ အဲဒီလူ ရုန်းထွက်လို့ မရသူ အုတ်ဂူကလေး စံနမူ…..