ခရစ်တော်အတွက်သစ္စာရှိသောတပည့်တော်

Faithful and true disiple for Christ

= ဆရာမဒေါ်လရှီခေါန်စင်

အခြေပြုကျမ်းချက် – မ၁၆း၂၄၊ ၂၅း၂၁။ ၁ရာ၁၂:၂၄။ ယော၊ ၄း၂၄

စကားချီး

ခရစ်တော်အတွက် သစ္စာရှိသောတပည့်တော်စစ် ဖြစ် ရန် မလွယ်ကူပါ။ ကျွန်မတို့ခရစ်ယာန်များသည် အပေါ်ယံ သိုး ရေ ခြုံထားသော အမည်ခံခရစ်ယာန်များသာ ရာခိုင်နှုန်း များနေ ပါသည်။ သို့သော်လည်း ကျွန်မတို့တတ်နိုင်သရွေ့ ကြိုးစားအား ထုတ်ပြီး၊ ခရစ်တော်အတွက်သစ္စာရှိသောတပည့်တော်စစ် ဖြစ် ရန် ကြိုးစားရန်တင်ပြအားပေးလိုပါသည်။

ရှင်မဿဲ၊ ၂၅း၂၁ “အရှင်ကလည်း သာဓု သစ္စာရှိ သော ငယ်သားကောင်းသင်သည်အမှုငယ်၌ သစ္စာစောင့်လေပြီများစွာသောအမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့” ဟုမိန့်တော်မူ၏။

ခရစ်တော်ပေးသောဥပမာကား လူတစ်ဦးသည်အခြား သောပြည်သို့သွားမည်ဟု အကြံရှိလျက်၊ မိမိငယ်သားတို့ကိုခေါ်၍ မိမိဥစ္စာများကိုအပ်ပေးထားသည်။ သူတို့အသီးသီး၏ အစွမ်း သတ္တိရှိသည့်အတိုင်း တစ်ဦးကိုခွက်(၅ဝ)၊ တစ်ဦးကို(၂ဝ)၊ တစ်ဦး ကို (၁၀) ပေးထားပြီး ခရီးပြုလေသည်။ ကာလကြာမြင့်ပြီးမှ အရှင်သည်လာ၍ ထိုငယ်သားများကိုစာရင်းယူလေသည်။

ခွက်(၅ဝ)အပ်ထားခံရသော သူနှင့်နှစ်ဆယ် အပ်ထားခံရသောသူတို့သည် အသီးသီးအမြတ်များရှာနိုင်ပြီး အရှင်ကို လာအပ်သောအခါ အရှင်သခင်ချီးမြှောက်ခြင်းခံရကြ၏။ သို့သော် ခွက်တစ်ဆယ်ကို ခံသောသူသည်လည်းချဉ်းကပ်၍ သခင် ကိုယ် တော်သည် ခဲယဉ်းသောသူဖြစ်သည့်နှင့် ကိုယ်မစိုက် မပျိုးသော အရပ်၌ရိတ်၍ ကိုယ်မဖြန့်မကြဲသောအရပ်၌ စုသိမ်းတတ်သည် ကို အကျွန်ုပ်သိ၍ကြောက်သောကြောင့် အခြားသို့သွား၍ ကိုယ် တော်၏ ငွေကိုမြေ၌ ဝှက်ထားပါပြီ။ ယခုကိုယ်တော်၏ ဥစ္စာရှိပါ သည် ဟုလျှောက်၏။

ခရစ်တော်ပေးသော ဥပမာ၌ လူနှစ်မျိုးနှစ်စား ဖြစ်နေ ပါသည်။ ပထမနှင့်ဒုတိယ ငယ်သားများသည် သခင်အပ်ထား သောငွေကို အမြတ်ရအောင်ကြိုးစားရှာကြပါ၏။ နောက်ဆုံးသော တစ်ယောက်မှာ ပျင်းရိပြီးဆိုးညစ်သောသူဖြစ်၏။

ကျွန်မတို့ခရစ်ယာန်များလည်း ခရစ်တော်နောက်ကို လျှောက်လိုက်သော ခရစ်ယာန် အမည်ခံလျက်

(၁) ယုံကြည်ခြင်း၌ သစ္စာမရှိ

သု၊ ၃း၃-၅ (ကရုဏာတရားနှင့် သစ္စာတရားကို သင် နှင့် မကွာစေနှင့်။ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစား လော့။ ကိုယ်ဥာဏ်ကိုအမှီမပြုနှင့်။ သွားလေရာ၌ ထာဝရဘုရား ကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးကို ပဲ့ပြင် တော်မူမည်) ဆိုပြီး ကျမ်းစာ စကားရှိပါသည်။ သို့သော်

(က) ရွှေငွေဥစ္စာပစ္စည်းများကို ရရှိသည်ထက်ရအောင်သာ အသက်ရှင်ပြီး၊ ဘုရားထက်ပိုပြီး လောကီအရာကိုသာ ကိုးစားကြပါသည်။ ငြိမ်သက်ခြင်းမရရှိနိုင်ပါ။ စိတ်ကျေနပ် ခြင်း လုံးဝ မရှိပါ။

(ခ)ဂုဏ်ပကာသနကို မက်မော ယုံကြည်လာကြပါသည်။ ကိုယ့်ကိုယ်ကိုကိုးကွယ်လာ၊ အထင်ကြီးလာ၊ ဘုရား ကျောင်းမသွားလို၊ ဆုမတောင်းလိုသောစိတ် ရှိလာတတ် ပါသည်။

(ဂ)ကိုယ်ခန္ဓာအပျော်အပါး၊ မူးယစ်ဆေးဝါးလိုက်စား၍ ၄င်းကို ကိုးကွယ်ခြင်းပြုခြင်း၊ အပြစ်ရှိယုံကြည်ခြင်း၌ သစ္စာမရှိသောသူ များပြား လာ ခြင်း၊ HIV, AIDS ဖြစ်ပြီးသေဆုံးခြင်း ဖြစ်လာပါသည်။

မ၊ ၆း၂၄ (“အဘယ်သူမျှ သခင်နှစ်ဦးအစေကိုမခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကို ချစ်မည်။ သခင်တစ်ဦးကိုမှီခို၍ တစ်ဦးကို မခန့်မငြားပြုမည်။ သင်တို့သည်ဘုရားသခင်၏ အစေ ကိုလည်းကောင်း၊ လောကီစည်းစိမ်၏ အစေကို လည်းကောင်း မခံနိုင်ကြ။”)

လု၊ ၁၆း၁၀-၁၁ (“အနည်းငယ်သောအမှု၌ သစ္စာရှိ သောသူသည် ကြီးသောအမှု ၌လည်းသစ္စာရှိလိမ့်မည်။ အနည်း ငယ် သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာမရှိ။ သို့ဖြစ်၍ မမြဲသော လောကီစည်းစိမ်ကိုသုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင် မှန် သော စည်းစိမ်ကို သင်တို့၌ အဘယ်သူအပ်မည်နည်း။”)

(ဃ) နာမကျန်းဖြစ်၍ ကြာမြင့်လာသောအခါ ယုံကြည်ခြင်း သစ္စာမရှိဘဲ၊ အခြားအခြားသောယုံကြည်မှုရှာလာခြင်း၊ ဗေဒင်ကြည့်ခြင်း၊ နတ်ကတော်ထံသွားခြင်း၊ ထွက် မြောက်ရာကျမ်း၊ ၃၂း၁-၁၁ စိတ်မရှည် မစောင့်ချင်၍ ရုပ်တု ကိုးကွယ်လာခြင်း။

(င) ဆင်းရဲနွမ်းပါးဒဏ်ကို မခံနိုင်၍ မကောင်းသော ငွေရှာ ခြင်း၊ ဖြတ်လမ်းရွှေငွေရှာခြင်း၊ ထောင်ကျ၊ အသက် အသေခံရတတ်။ မ၊ ၆း၃၃ “ဘုရားသခင်၏နိုင်ငံတော် နှင့်ဖြောင့်မတ်ခြင်း တရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ပေးတော်မူလတံ့”

၂။ ဘုရားသခင်၏အမည်နာမနှင့်ထားရှိသောသစ္စာကို စောင့်ထိန်းရ မည်

တရားဟောရာကျမ်း၊ ၂၃း၂၁-၂၃ “သင်၏ဘုရားသခင်ထာဝရဘုရားအား သစ္စာကတိထားလျှင်ထားသည့်အတိုင်း မပြုဘဲမနေရ . . . သင်သည် မပြုဘဲနေလျှင် အပြစ်ရောက်လိမ့်မည်”

(က) နှစ်ခြင်းမင်္ဂလာ ကတိသစ္စာ။

(ခ) မင်္ဂလာဆောင်ခြင်း ကတိသစ္စာဆိုခြင်း။

(ဂ) ပွဲတော်မင်္ဂလာယူသောအခါ မသုံးဆောင်ခင် ခံယူရ သော ပဋိညာဉ်သစ္စာဆိုခြင်းများကို ကျွန်မတို့ ယနေ့ခရစ်ယာန် = များ ပေါ့ပေါ့ဆဆ မထင်မှတ်ရပါ။ သစ္စာရှိရပါမည်။

ခရစ်တော်၏သစ္စာရှိရပါမည်။ ခရစ်တော်၏ သစ္စာရှိသော တပည့်တော်စစ်စစ်ဖြစ်ရပါမည်။

ယနေ့ ဤခေတ်အချိန်အခါမှာ နှစ်ခြင်းခံယူပြီးသော တစ်ယောက်ဖြစ်လျက်နှင့် ခရစ်ယာန်နှင့်ဆန့်ကျင်သော အသက် ရှင်ခြင်းများရှိနေပါသည်။

ဂလာတိ၊ ၅း၂၂-၂၃ ဝိညာဉ်အသီး သီးသောသူများ . ဖြစ်ရန် လိုပါသည်။

တချို့သော ခရစ်ယာန်အိမ်ထောင် ဆင်းရဲ ခက်ခဲလာ သောအခါ၊ ကလေး မထွန်းကားသောအခါ၊ နာမကျန်းဖြစ်သော အခါ အိမ်ထောင်ပြိုကွဲတတ်ကြပါသည်။ ကျမ်းစာတော်မြတ်၌ကား ““ထို့ကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်၊ တစ်ဦး တည်းဖြစ်၏။ ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်တော်မူသော အရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏”ဟု မ၊၁၉း၆။ ၃။ ပတ်ဝန်းကျင်၌ ခရစ်ယာန်များ သစ္စာရှိရပါမည်

ဝတ်ပြုရာကျမ်း၊ ၁၉း၉-၁၂

“ကိုယ်မြေ၌ဖြစ်သောစပါးကိုရိတ်သောအခါ .. မ ကောက်မသိမ်းရ။ . . . သူ့ဥစ္စာကိုမခိုးရ။ သူတစ်ပါးကို မလှည့် စားရ။ တစ်ယောက်ကိုတစ်ယောက် မုသာစကား မပြောရ”

(က) ပတ်ဝန်းကျင်၌ ခရစ်ယာန်များ အချိန်ခိုးယူခြင်းမပြုရ။ အချိန်အပေါ်သစ္စာရှိရပါမည်။ဘုရားသခင်လည်း အချိန် ကို လေးစားသစ္စာရှိစွာအသုံးပြုသောဘုရားဖြစ်ကြောင်း ဖန်ဆင်းခြင်းအရာ၌ တစ်နေ့နှင့်တစ်နေ့အတိ အကျ ဖန်ဆင်းခြင်းကိုတွေ့ရ၏။ တခြားခြားသော ကျမ်းစာ၌ လည်း တွေ့ရပါသည်။

ခရစ်တော်လည်း အချိန်ကိုသစ္စာရှိစွာ အသုံးပြု၏။ (ယော၊ ၂း၄) “ငါ့အချိန်မရောက်သေးဟု မိန့်တော်မူ၏။’” (ယော၊ ၁ရး၁)“အိုအဖ၊ ကျွန်ုပ်အချိန်ရောက်ပါပြီ။”

(ရော၊ ၉း၉)- ဘုရားသခင်သည် အချိန်ကိုသစ္စာရှိစွာ ကတိတည်သည်။ “ကတိတော်အချက်မူကား၊ ယခုမှစ၍ ကာလ အချိန်စေ့သောအခါ ငါလာ၍ စာရာသည် သားကိုရလိမ့်မည်ဟု လာသတည်း။”

(ခ) သူတစ်ပါး တစ်ယောက်၏နာမည်ကောင်းကို မခိုးယူရပါ။ သစ္စာရှိရမည်။ ၊ ၄း၂၅-၂၉ “ထို့ကြောင့် မုသာ စကားကိုပယ်ရှား၍ မှန်သောစကားကိုသာအချင်းချင်း တစ် ယောက်နှင့်တစ်ယောက်ပြောကြလော့။ ညစ်ညူးသောစကား တစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲကမထွက်စေနှင့်။ ကြားနာသော သူတို့၏ အကျိုးကိုပြုစေခြင်းငှာ တည်ဆောက်စရာဖို့ကောင်းသောစကားကိုသာ သုံးဆောင်ကြလော့” (ဂ) သူတစ်ပါးတစ်ယောက်၏ ကောင်းသောအကျင့်ကို ခိုးယူခြင်းမလုပ်ရ။ သစ္စာရှိရမည်။ မ၊ ၁၈း၆’ရ “ကလေးငယ်များ၏စိတ်သဘော အပြု အမူသည် သန့်ရှင်းမှုရှိနေ၏။ကျွန်မတို့မိဘများ၊ လူကြီးများ သစ္စာမရှိဘဲ၊ မကောင်း သောအကျင့် အပြောအဆို သူတို့ရှေ့ မဖြစ်စေရ။ “ငါ့ကိုယုံကြည် သော ဤသူငယ်တစ်စုံတစ်ယောက်ကို အကြင် သူသည် မှား ယွင်းစေ၏။ ထိုသူသည် လည်ပင်း၌ကြိတ်ဆုံကျောက်ကိုဆွဲ၍ နက်နဲသောပင်လယ်၌ချမြှုပ်ခြင်းကိုခံရလျှင် အနေသာ၍ ကောင်း ၏။”

(ဃ) ကိုယ်၌ရရှိထားသော ဥစ္စာရွှေငွေပစ္စည်း အရာရာတိုင်း ကို တစ်ကိုယ်ကောင်းဆန်စွာမသုံးစွဲရ။ လိုအပ်ခက်ခဲ နေသောသူများကို ကူညီခွဲဝေရန် သစ္စာရှိရမည်။ မာ၊ ၁၈း၁ရ-၂၂။ မ၊ ၁၉း၁၆-၃၀။ လု၊ ၁၈း၁၈-၃ဝ၊ ၁၆း၁၉-၃၁(သူဌေးကြီးနှင့်လာဇရုအကြောင်း) ကျွန်ုပ်တို့ရရှိသောအရာအားလုံးသည် ဘုရားသခင် ကောင်းချီးမင်္ဂလာပေးထားခြင်းသာဖြစ်။

(င) ဆယ်ဖို့တစ်ဖို့ကို သစ္စာရှိစွာလှူဒါန်းရပါမည်။ (မာလခိ၊ ၃း၁၀) ဆယ်ဖို့ကိုးဖို့ထဲမှလူများကိုလှူဒါန်းကူညီရန်နှင့် ကျေးဇူး တော်ချီးမွမ်းအလှူများ လှူဒါန်းခြင်းနှင့် ကိုယ်လိုအပ် သောအရာ၌ သစ္စာရှိစွာသုံးစွဲကြရမည်။

(စ) ငှားရမ်းသုံးစွဲသော ဥစ္စာပစ္စည်းများကို ပြန်မပေးပါက ခိုးယူခြင်း၊ သစ္စာကတိမတည်သောသူဖြစ်၏။ ရော၊ ၁၃း၈ “အချင်းချင်း ချစ်ခြင်းမေတ္တာမှတစ်ပါး အဘယ်အကြွေးမျှ မတင်စေနှင့်။”

(ဆ) အတိုင်းအထွာ၊ ပြည်တောင်း၊ ချိန်ခွင်စသည်များ သစ္စာ ရှိရမည်။ တရားဟော၊ ၂၅း၁၄-၁၅ “သင့်အိမ်၌ ခြားနားသောခြင်စရာ တန်ဆာအကြီးအငယ်ကို မရှိစေရ။ သင်၏ ဘုရားသခင်ထာဝရဘုရားပေးသောပြည်၌ သင်၏ အသက်တာရှည်မည်အကြောင်း၊ မှန်ကန်သောအလေး၊ မှန်ကန်သောခြင်စရာ တန်ဆာများကိုသာ သုံးရမည်။ ခရစ်တော်အတွက် သစ္စာရှိသောတပည့်တော်ကောင်း ဖြစ်ရန် ရှုထောင့်အမျိုးမျိုးရှိပါသည်။

ကျွန်မအနေနှင့် ယခု ခရစ် ယာန်များ၌ ဖြစ်ပျက်နေသော တကယ်ဖြစ်ရပ်မှန်တချို့ကို ဖော်ပြ ရင်း ခရစ်တော်အတွက် သစ္စာရှိသောတပည့်များဖြစ်ပြီး၊ အရှင် သခင်ကသာဓုသစ္စာရှိသောငယ်သားကောင်း၊ သင်သည်အမှုငယ် ၌ သစ္စာစောင့်လေပြီ။ များစွာသောအမှုအခွင့်ကို သင့်၌ ငါအပ် ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့် တော်မူလိမ့်မည်။ ။