လူတစ်ဦး ပြောင်းလဲလာသည်ဟု ဆိုရာ၌ အမှောင်မှ အလင်း သို့၊ စာတန်မာရ်နတ်မှ ဘုရားသခင်ထံသို့၊ အသက်ရှင်တော်မှုသော ခရစ်တော် ထံသို့ ပြောင်းလဲခြင်း ဖြစ်သည်။
(တ၁၅:၃ ၊၂၆:၁၈၊ ၁သက် ၁:၉၊ မ၊ ၁၃:၁၅၊ ၂ကော ၃:၁၆)
နောင်တရခြင်းတည်းဟူသော အတွင်းမှပြောင်းလဲခြင်းကို ပြင်ပ ပြောင်းလဲခြင်းအားဖြင့် ဖော်ပြသည်
(တ ၃:၁၉ ၊၂၆:၂၀)
“လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။”
‭‭၂ ကော ၅း၁၇။