ကြဲပါ ရိတ်ပါ စုဆောင်းပါ

ဆရာမုန့်( ဥက္ကံ)

လူသည် မျိုးစေ့ကြဲသည့်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်။ မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်” (ဂလာတိ ၆း၇)

အထက်ဖော်ပြပါ ကျမ်းချက်အရ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရကြောင်း သိရပါသည်။ထို့ကြောင့် ဘာမျိုးစေ့ကြဲရမည်နည်း။ ဘယ်လို ရိတ်သိမ်းရမည်နည်း။ ဘယ်လို စုဆောင်းရမည်နည်း ဟူသောအချက်များအား အောက်ပါအတိုင်း ရေးသားဖော်ပြလိုက်ပါသည်။

၁။မျိုးစေ့ (စပါး)

လယ်သမားများသည် စပါးမျိုးစေ့ မကြဲမှီ အရင်ဦးဆုံး လယ်ထွန်ရပါသည်။ လယ်ထွန်ဖို့ မိုးရေ လိုပါသည်။မိုးရွာပြီး မာကျောသောမြေများ ပျော့အိပြီးမှသာ ထယ်ထိုး ရပါသည်။ နောက်မှထွန်တုံးဖြင့် လယ်ထွန်ရပါသည်။ လယ် ထွန်ပြီးမှ မျိုးစေ့ကြဲရပါသည်။ လယ်ထွန်ခြင်းမရှိသောမြေ၌ မျိုးစေ့ကြဲပါက လမ်းပေါ်ကျသောမျိုးစေ့ (မဿဲ ၁၃း၄)ကဲ့သို့ဖြစ်ပြီး အပင်ပေါက်မည်မဟုတ်ပါ။

နောက်မိုးလို

လယ်မထွန်မှီ အရင်မိုးရွာဖို့ လိုအပ်သကဲ့သို့၊ အသီး အနှံအောင်ဖို့ရန်အတွက် နောက်မိုးလိုအပ်ပါသည်။ အရင် မိုးကြောင့် အပင်များ ရှင်သန်သော်လည်း နောက်မိုးမရွာပါက အပင်များ အသီးသီးနိုင်မည် မဟုတ်ပါ။

ရိတ်သိမ်းချိန်

စပါးဟူသော အမျိုးသည် အချိန်တန်မှ ရိတ်သိမ်း ရပါသည်။ စပါးမရင့်မှီ (မမှည့်မှီ) ရိတ်ပါက ဆန်အဖြစ်သို့ ရောက်ရှိမည်မဟုတ်သကဲ့သို့၊ အချိန်မှီမရိတ်နိုင်ပါက စပါး များ မြေသို့ကြွေကျကုန်မည် ဖြစ်သည်။ (သုတ္တံ ၁၀း၅)တွင်အသီးသီးသောအချိန်၌ သိမ်းယူသောသူသည်ပညာရှိသော သားဖြစ်၏။ စပါးရိတ်ရာကာလ၌ အိပ်တတ်သောသူမူကား အရှက်ခွဲသောသား ဖြစ်၏ ဟု ဖော်ပြထားရာ မျိုးစေ့ကြဲချိန် ၌သော်လည်းကောင်း၊ စပါးရိတ်ချိန်၌သော်လည်းကောင်း၊ အပျင်းထူသောလယ်သမားသည် သိုထားစရာစပါး.ရှိမည် မဟုတ်ပါ ပျင်းရိသောသူများအား ပုရွတ်ဆိတ်ကဲ့အကြောင်း ကို ဆင်ခြင်ဖို့ရန်သွန်သင်ထားကြောင်း (သုတ္တံ ၆း၆)တွင် ဖော်ပြထားပါသည်။

ကြဲသည်အတိုင်း ရိတ်ရမည်

(၂ကော ၉း၆)တွင်အနည်းငယ်သောမျိုးစေ့ကို ကြဲသောသူသည် စပါးအနည်းငယ်သာ ရိတ်ရမည်။ များစွာ ကြဲသောသူသည် များစွာရိတ်ရမည်´ဟု ဖော်ပြထားရာ မိမိကြဲသည့် ပမာဏအတိုင်းသာ ပြန်ရိတ်ရမည် ဖြစ်ပါသည်။ မိမိမကြဲသော လယ်ထဲသို့သွားရိတ်မိပါက မိမိသည် သူခိုး သာ ဖြစ်ပေမည်။

ကျီ၌စုသိမ်း

လယ်သမားတစ်ဦး၏ အလုပ်မူကား မျိုးစေ့ကြဲခြင်း ရိတ်သိမ်းခြင်းသာမက စပါးများကို စပါးကျီ၌ စုသိမ်းရမည် ဖြစ်ပါသည်။ လယ်သမားတစ်ဦးအတွက်အရေးကြီးသော တာဝန်သည် ရိတ်သိမ်းပြီးသော စပါးများအား လုံလုံခြုံခြုံ စုသိမ်းပြီး လိုအပ်သည့်အခါ ပြန်ထုတ်ယူရန် ဖြစ်ပါသည်။ ယောသပ်သည်လည်း ဝပြောသောခုနစ်နှစ်တွင် စပါးများကို ကောက်ယူစုဆောင်းခြင်းဖြင့် အစာခေါင်းပါးသောခုနစ်နှစ် အတွင်း ဝလင်စွာ စားသုံးနိုင်ခြင်းဖြစ်သည် (က ၄၁း၅၆၅၇) အကယ်၌ယောသပ်အနေဖြင့် ကြိုတင်စုဆောင်းခြင်း  မရှိပါက ခက်ခဲသည့်အချိန် ပြန်လည်ထုတ်သုံးနိုင်မည်မဟုတ်ပါ။ သခင်ယေရှုက မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်အားဖြင့် လူငါးထောင်အားကျွေးမွေးရာ၌ ကျန်ကြွင်းသောအကျိုးအပဲ့ ကို ကောက်သိမ်းရာ (၁၂)တောင်းအပြည့်ရသည်( ၁၄း၂၀) … ကို ကြည့်ခြင်းအားဖြင့် ဘုရားပေးသော အရာများအားလုံး ကျွန်ုပ်တို့သည် တန်ဖိုးထားရန်၊ ထိန်းသိမ်းရန် သွန်သင်ထား ကြောင်း တွေ့ရပါသည်။

၂။မျိုးစေ့ (ငွေကြေး)

ဒုတိယအနေဖြင့် ငွေကြေးအားဖြင့် မျိုးစေ့ကြဲနိုင် ကြောင်း ရှင်းပြလိုပါသည်။ (ဂလာတိ ၆း၇)တွင်မိမိကြဲ သည့်မျိုးစေ့အတိုင်း ပြန်ရိတ်ရကြောင်းဖော်ပြထားပါသည်။ ဥပမာစပါးလိုချင်ရင် စပါးမျိုးစေ့အာလူးလိုချင်ရင် အာ လူးမျိုးစေ့၊ ပဲလိုချင်ရင် ပဲမျိုးစေ့ ကြဲရပါသည်။ ထိုနည်းတူ ငွေကိုကြဲရင် ငွေကိုပဲ ပြန်ရိတ်ရမည်။အဝတ်အစားကြဲရင် ပိုကောင်းသော အဝတ်အစားပြန်ရမည် ဖြစ်သလို၊ ဆန်ဆီ ကြဲရင်လည်း ပြန်ရမည် ဖြစ်သည်။ ၄င်းပြင် ငွေကြေးအား . စီးပွားရေး၊ ပညာရေး၊လုပ်ငန်း၊ ပျောက်ဆုံးသောဝိညာဉ်များ အတွက် မျိုးစေ့အဖြစ် အသုံးပြုနိုင်ပါသည်။

မျိုးစေ့နှင့် အစာအာဟာရကိုပေး

(၂ကော ၉း၁၀)တွင်မျိုးစေ့ကြဲသောသူအား မျိုး စေ့ကို၄င်း၊ အစာအာဟာရကို၄င်း၊ပေးတော်မူသောသူသည် သင်တို့အား မျိုးစေ့ကိုပေး၍ ပွားများစေတော်မူမည်ဟုဖော်ပြထားရာ ကြဲဖို့မျိုးစေ့ကို ဘုရားသခင်ပေးသည်သာမက မျိုးစေ့ကြဲသောသူအား ထပ်၍ အစာအာဟာရကိုပါပေးကြောင်း နှင့် မျိုးစေ့အား ပွားများစေသောဘုရားလည်း ဖြစ်ပါသည်။ သတိပြုရန်မှာ ငွေကိုဖြုန်းဖို့မဟုတ်ပဲသုံးဖို့ဖြစ်သည်။ ပိုလျှံသောငွေကြေးများအား စုဆောင်းရန် ဖြစ်သည်။ စကား ပုံတစ်ခုမှာတရုတ်လိုရှာ၊ ကုလားလိုစု၊ ဗမာလို မဖြုန်းနဲ့” .. ဟူ၍ ဖြစ်သည်။

မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းပူးကြနှင့်ဟု (မဿဲ ၆း၉) ဖော်ပြထားရာဘုရားရှင်၏ဥစ္စာအား ဘုရားရှင်ကို ပေးဖို့ရန်နှင့် ကဲသာဘုရင်၏ ဥစ္စာအား ကဲသာဘုရင် ကိုးရန် ပြင်သည်။ ပိုပူးင်ရန်ဟု ပြောဆိုရာတွင် ဘုရားရှင်အား မလှူရဟု မဆိုလိုပါ။ စုငွေမရှိပါက အရေး ပေါ်ကို သုံးစရာလိုမည် မဟုတ်။

ဖိလိပိုင်နိုင်ငံမှ ဓမ္မဆရာApostleAbrabam က သင်းအုပ်ဆရာကြီးများအားငွေကြေးခက်ခဲသည့်အခါ အလုပ်ရမည်။ ပူ သော အချို့ကဆူရင်ရပြီဟူ၍လည်းကောင်းဆရာတစ်ပါးကမူ အစာရှောင်ရမည်ဟု ပြန်ဖြေကြပါသည်။ထိုအခါ ဆရာကြီးက ပြန်ပြောသည် အခြေမှာ မှားကြောင်းနှင့် ကြက်သည် မျိုး များများကြဲရမှာဖြစ်ကြောင်းမျိုးစေ့ကြဲမှ ပြန်ရိတ်ရမည်ဖြစ် ကြောင်း ဖြေပေးသွားပါသည်။

ယနေ့ အမှုတော်ဆောင်တွေ ဘာကြောင့် ငွေကြေး ချို့တဲ့ရသနည်းဟုဆိုသော်မျိုးစေ့မကြဲ (ဆယ်ဖို့တစ်ဖို့အပြင်) လစာအားလုံး အကုန်စားပစ်သောကြောင့်ဖြစ်သည်။မြေများ ရေမြုပ်သွားသော လယ်သမားများအား အစိုးရမှ မျိုးစေ့ပြန်ထုတ်ပေးရာ ထိုမျိုးစေ့များကို မကြဲဘဲ အကုန်စားပစ်မည်ဆိုပါက  ရိတ်သိမ်းစရာရှိတော့မည် မဟုတ်ပေ။

စာရေးသူသည် အမှုတော်၌ စတင်ဆောင်ရွက်သည့်အချိန်မှစပြီး မျိုးစေ့ကြဲခဲ့ရာယနေ့အချိန်ထိအကြွေးကင်သည့်အပြင်

မိသားစုစားဝတ်နေရေး အဆင်ပြေလျက် ရှိပါသည်အထူး သဖြင့် မိမိကလေးငယ်များအား ငယ်သောအရွယ်မှစ၍ ငွေ ကြေးစုဆောင်တက်ရန် ( စုဗူးထားရန်)သွန်သင်လိုသည်။ ထိုကြောင့် ငွေကြေးနှင့်ပတ်သတ်၍ မျိုးစေ့နည်းနည်းကြဲလျှင် နည်းနည်းပဲရိတ်ရမည်။ များများကြဲလျှင် များများပြန်ရမည်။ (၂ကော ၉း၆)

၃။မျိုးစု (ဇာတိပကတိ)

ဤမျိုးစေ့အား ယုံကြည်သူများ မကြဲမိရန် သတိထားရမည်။မျိုးကား ကြည်သူများမမီရန် သတိပြုစေလိုပါသည်။ အကြောင်းမှာ ဇာတိပကတိ၌ မျိုးစေ့ကြဲ သောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံ ကိုရိတ်ရလိမ့်မည် (ဂလာတိ၆း၇၈ ) ဇာတိပကတိနှင့်ပတ်သတ်၍ဆက်၍(ဂလာတိ ၅၇၂၁တွင် လင်စွာဖော်ပြပြီး ဖြစ်ရာ ဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိ အသီးအန်သောပြန်မည် ဖြစ်သည်။ တစ်နည်းဆိုသော် ဝင်လည်သည်ဟု ပြောလို့လည်း ရပါသည်ထို့ကြောင့် ယုံ ကြည်သူတို့သည် ဝိညာဉ်ပကတိမျိုးစေ့ကြဲမည်ဆိုပါက ထာဝရစာအသက်နှင့်တကွ ချစ်ခြင်း ၊ဝမ်းမြောက်ခြင်း၊ စိတ်ရှည်ခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာစောင့် ခြင်း နုံ့ညံ့သိမ်မွေခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းဟူသော အသီးအနှံများ ပြန်ရိတ်ရမည် ဖြစ်ပါသည်။ (ကလာတိ :၂၂၂၃)

၄။ မျိုးစေ့ (နှုတ်ကပတ်တော်)

မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်။ မျက်ရည်ကျလျက်ကြဲရန်မျိုးစေ့ကို ဆောင်၍ထွက်သွားသောသူသည်ကောက် လှိုင်များကိုဆောင်လျက် ရွှင်လန်းသောစိတ်နှင့် အမှန်ပြန်လာလိမ့်မည်။” (ဆာလံ ၁၂၆:)

မိသားစုထဲတွင်လည်းကောင်းဆွေမျိုးထဲတွင်လည်းကောင်းပျောက်ဆုံးသောဝိညာဉ်များအတွက် မျက်ရည်ကျ . လျက် ဆုတောင်းပေးခြင်းနှင့် နှုတ်ကပတ်တော်မျိုးစေ့ကြဲ မည်ဆိုပါက အမှန်ပင်ရိတ်သိမ်းခွင့်ရှိကြောင်း ကတိပေးသော ကျမ်းပုဒ် ဖြစ်ပါသည်။

လယ်သမားများအဖို့ မျိုးစေ့မကြဲမှီ မိုးရေကြောင့် မြေစိုလျက် ထွန်ယက်ပြီးမှမျိုးစေ့စိုက်သောအခါ အပင်ပေါက်သကဲ့သို့ နှုတ်ကပတ်တော်မျိုးစေ့မကြဲမှီ များစွာသော ဆုတောင်းခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ပံ့ပိုးမှုများစွာလိုအပ်ပါသည်။

သခင်ယေရှု ဟောကြားသည်ကား၊ ယခုမှစ၍ လေးလလွန်လျင် စပါးရိတ်ရာကာလရောက်လိမ့်မည်ဟု သင်တို့သည် ဆိုတတ်ကြသည်မဟုတ်လော။ ငါဆိုသည်ကားစပါးရိတ်ခြင်းအလို့ငှာ လယ်ပြင်တို့သည် ယခုဝင်းဝင်းရှိသည် ကို မျှော်ကြည့်ကြလော့” (ယော ၄း၃၅)

ဣသရေလလူတို့၏ လယ်ပြင်တို့သည် စပါးရိတ် ချိန်မတန်သေးသော်လည်း ဝိညာဉ်ရေးရာလယ်ပြင်တို့သည် ဝင်းဝင်းမှည့်နေပြီဖြစ်ကြောင်း ယေရှုခရစ်ပြောလိုခြင်းဖြစ်သည်။ ယခုအချိန်ဆိုလျင် အချို့သောစပါးတို့သည် အရင့်လွန်ပြီး ကြွေကျသည့်စပါးပေါင်းများစွာရှိကြောင်း သတိပေးခြင်းဖြစ် သည်။

ခရစ်တော်မိန့်တော်မူသည်ကား၊ ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူတို့သည်အတူဝမ်းမြောက်ကြလိမ့်မည်” (ယော ၄း၃၆)

ဆိုလိုသည်မှာ ကိုယ်ကြဲသောအရပ်၌ စပါးရိတ်ချင် မှ ရိတ်ရမည်။ သူတပါးကြဲသောအရပ်၌လည်း ရိတ်သိမ်း နိုင်ကြောင်း ဖော်ပြခြင်းဖြစ်သည်။ သို့သော် ယနေ့ အမူတော် ဆောင်များသည် မိမိကြဲသောမျိုးစေ့အား သူတပါးရိတ်သည် ကို မလိုချင်ပဲ၊မိမိဘာသာရိတ်သိမ်းမှ ကျေနပ်တတ်သည့်ဓလေ့ ရှိသည်။ တစ်နည်းဆိုသော် ဝိညာဉ်ပိုင်းစားကျက်လု ခြင်းဖြစ်သည်။ မိမိ၏လုပ်ဆောင်ချက်သည် မိမိကိုယ်ကျိုး(သို့မဟုတ်) အသင်းတော်အတွက် မဖြစ်စေဘဲ ခရစ်တော် အတွက်သာဖြစ်စေမည်ဆိုပါက ကိုယ်ကြဲသောမျိုးစေ့သည် သူတပါးရိတ်ရလည်း ဝမ်းမြောက်ရမည်ဖြစ်သကဲ့သို့ သူတပါး ကြဲသောမျိုးစေ့အား ပိပိရိတ်ရပါက ဝါကြွားစရာ မဟုတ်ပေစပါးရိတ်ချိန်၌ ရိတ်သိမ်းတတ်သူသည် ပညာရှိအ ဖြစ် သတ်မှတ်သကဲ့သို ့၊ သူတပါး၏ဝိညာဉ်ကို ရသောသူသည်

ပညာရှိဖြစ်ကြောင်း (သုတ္တံ ၁၁း၃၀)တွင် တွေ့ရပါသည်။ အထူးသဖြင့် အမှုတော်ဆောင်များ အဆင်သင့်ပြင်ဆင်ဖို့လို ပါသည်။ တစ်ခါတရံတွင် သေခါနီးလူနာများအတွက် ကယ် တင်ခြင်းဝေငှရန်နှင့် ဆုတောင်းအပ်နှံပေးရန် ဘုရားသခင် စေခိုင်းတတ်ပါသည်။ စပါးများ ကျီတွင်စုသိမ်းသကဲ့သို့ငွေ ကြေးများအား ဘဏ်တွင်အပ်နှံသကဲ့သို့ ဝိညာဉ်စုဆောင်း သည် နေရာရှိ ကြောင်းကို ( လုကာ ၁၆း၉)တွင်ဖော်ပြပါသည်။

တစ်ခါတုန်းက လူတစ်ဦးသည် ဝေစာအား နှစ်အ တော်ကြာ ဝေခဲ့သော်လည်းပြောင်းလဲလာသူမတွေ့သောအ ခါ စိတ်ဓာတ်ကျပြီး ရပ်နားသွားသည်။ နောက်တစ်ခါ ထိုနေ ရာသို့ ပြန်ရောက်သောအခါ လူတစ်ဦး ဝေစာဝေနေသည်ကို တွေ့ရသည်။ ပထမဝေစာဝေဖူးသောသူသည် ဒုတိယဝေစာ ဝေနေသောသူအား မေးရာ ဤဝေစာကြောင့် ခရစ်တော်ကို သိရှိလက်ခံကြောင်း၊ ပထမဝေစာဝေသောသူကို မတွေ့ရသော ကြောင့် သူ့နေရာ၌ အစားဝင်၍ ဝေစာဝေနေကြောင်းကို သိရသောအခါပထမလူသည် နောင်တအကြီးအကျယ်ရ ကြောင်းကြားဖူးပါသည်။ အကြောင်းမှာပထမဝေစာဝေသော သူသည် ယခုထက်ထိ ဝေစာများ ဆက်ဝေနေမည်ဆိုပါက လူဘယ်နှစ်ယောက်ပြောင်းလဲမည်ကို မသိနိုင်သောကြောင့် တည်း။ ထို့ကြောင့်နှုတ်ကပတ်တော်မျိုးစေ့ကို များများကြဲဖို့ လိုပါသည်။ အချိန်တန်လျှင်အပင်ပေါက်စေသော ဘုရားသခင်ရှိပါသည် (၁ကော ၃း၆)

ထို့ကြောင့် စပါးကိုကြဲမှ ရိတ်ရသည်။ ငွေကြေးကို လည်း ကြဲမှ ပြန်ရသည်။ထို့အတူ နှုတ်ကပတ်တော်တည်းဟူသော မျိုးစေ့ကို ကြဲမည်ဆိုပါက အချိန်တန်သောအခါ .. ပြန်ရိတ်ရမည်မှာ ဧကန်အမှန် မလွဲပေ။

(၂၀၁၆) နှစ်ဆန်းမှစ၍ မျိုးစေ့အား ကြဲမည်ဆိုပါ က တစ်နှစ်ပတ်လုံး ဝမ်းမြောက်ခြင်းနှင့် ပို့ဆောင်ပေးမည့် သူကား ဘုရားသခင်ပင် ဖြစ်ပါသည်။