အမှုတော်ဆောင်

ဟေရှယ ၅၂:၁၃“ကြည့်ရှုလော့ ငါ့ကျွန်သည်အမှုဆောင်၍အောင်လိမ့်မည်။ ချီးမြောက်ချီးမြင့်ခြင်းသို့ရောက်၍ အထွဋ်အမြတ်ဖြစ်လိမ့်မည်”   အမှုတော်ဆောင်၏အဓိပ္ပာယ်မှာ အစေခံဖို့အသင့်ရှိသူ(သို့)အလုပ်အကျွေးပြုသူဟု အဓိပ္ပာယ်ရပါသည်။ ဘုရားသခင်၏ရွေးကောက်ခြင်းအားဖြင့် အမှုတော်ဆောင်ဖြစ်လာသောသူများသည် ကျေးဇူးတော်သက်သက်သာဖြစ်သည်။   တခါက ဆရာတစ်ယောက်သည် ကျမ်းစာကျောင်းအောင်ပြီးနောက် မိမိ၏ရွာတွင် (၃)နှစ်အစေခံအမှုထမ်းခဲ့ပါသည်။ထို့နောက် သူသည် ဉာဏ်ရည်ထက်မြက်သောကြောင့် ပြည်ပတွင် ဒေါက်တာဘွဲ့အတွက် ပညာတော်သင်သွားရသည်။ ဒေါက်တာဘွဲ့ရပြီးနောက် ပြန်လာပြီးမိခင်အသင်းတော်၌ ကျေးဇူးတော်ချီးမွမ်းပွဲလုပ်ပါသည်။ ဝတ်ပြုကိုးကွယ်ခြင်းပြီးနောက် လူတစ်ယောက်ပြီးတစ်ယောက် လာရောက်နုတ်ဆက်ပါသည်။ နောက်ဆုံးတွင်အဘွားတစ်ယောက်လာရောက်နုတ်ဆက်ရာ“အဘွား တရားနာတာခွန်အားရသလား”ဟုမေးပါသည်။ ထို့နောက်အဘွားက“ ငါ့မြေးဆရာ မင်းရဲ့တရားဟောချက်ကို ဂုဏ်ပြုဖို့ အဘွားလာတာမဟုတ်ပါဘူး၊ မင်းရွာမှာရှိတုန်းက အဘွားရဲ့မြေးဘုန်းတော်ဝင်စားတုန်းက မင်းကိုယ်တိုင်ထမ်းပို့ပေးတာကို လာပြီးဂုဏ်ပြုတာပါ”ဟုပြောပါသည်။ စစ်မှန်သောအမှုတော်ဆောင်သည် မည်မျှပင် အဆင့်မြင့်သောပညာဘွဲ့များရစေကာမှု အစေခံသောနှလုံးသားရှိမှသာ လူအများအတွက် လေးစားကြည်ညိုထိုက်သူဖြစ်‌ပေမည်။   ဖလားဆဲ   Reference>>မေတ္တာတမန်

JONAH RUNS FROM GOD (ယောနသည် ဘုရားသခင်ထံမှ ပြေးခြင်း)

ကျမ်းစာလေ့လာခြင်း —————————– (၁)ယောနသည် လွတ်မြောက်ရန် ကြိုးစားသည်။ ၁။ (၁-၂) ယောနကို ဘုရားသခင်ခေါ်သည်။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အမိတ္တဲသား ယောနထံသို့ ရောက်လာ၍၊ အကြောင်းမူကား၊ သူတို့ဒုစရိုက်သည် ငါ့ရှေ့၌ ရောက်လေပြီ။   (က) ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယောနထံသို့ရောက်လာသည်ကား၊ ဘုရားသခင်သည် ယောနအား ထူးခြားပြီး တန်ခိုးကြီးသောနည်းဖြင့် ယောနအားမိန့်တော်မူပြီး နှစ်ပါးလုပ်ရန် ယောနအားမိန့်တော်မူ၏။ ရှေးဦးစွာ နိနေဝေမြို့သို့ သွားလော့။ ဒုတိယ၊ ဆန့်ကျင်ဘက် အော်ဟစ်ပါ- ဆိုလိုသည်မှာ၊ သူတို့၏ အပြစ်အတွက် သူတို့ကို ဆုံးမပြီး နောင်တရရန် ခေါ်ပါ။   (ခ) နိနေဝေမြို့သို့သွားပါ– နိနေဝေမြို့သည် အာရှုရိအင်ပါယာ၏မြို့တော်ဖြစ်ပြီး ၎င်းခေတ်တွင် ကြီးမားပြီးထင်ရှားသောမြို့ဖြစ်သည်။ ဣသရေလမြို့သည် လုံးလုံးမဟုတ်၊ ဘုရားသခင်က ယောနကို အယူမှားတဲ့ လူမျိုးခြားမြို့ကိုသွားပြီး နောင်တရဖို့ ခေါ်ခဲ့တယ်။   ငါ ထိုအချိန်က နိနေဝေမြို့သည် ကမ္ဘာပေါ်တွင် အထင်ရှားဆုံးမြို့ဖြစ်သည်ဟု ရှေးသမိုင်းပညာရှင်များက ဆိုကြသည်။ ၎င်းသည် ကြီးမားသော၊ အရေးပါသော မြို့တော်ကြီးဖြစ်သည်—သေချာပေါက် သွားရမည့်နေရာဖြစ်သည်။   ဂ။ အကြောင်းမူကား၊ သူတို့ဒုစရိုက်သည် ငါ့ရှေ့၌ Read more…

ကျွန်ုပ်နှင့် သမ္မာကျမ်းစာ

ကျွန်ုပ်နှင့် သမ္မာကျမ်းစာ   ကျွန်ုပ်၏ဘဝ၌ ဘုရားသခင်၏ အမှုတော်မြတ်အတွက် ပထမဦးဆုံး ခေါ်တော်မူခြင်းခံရသောသက်သေသာဓကတစ်ခုမှာ-   (၁၉၇၀)ခု နှစ်လယ်ပိုင်းတွင် အင်္ဂလန်မြို့၌ လေယာဉ်များ ပြုပြင်ထိန်းသိမ်း ရေးဆိုင်ရာ ပညာသင်ကြားနေစဉ် ကုမရသည့်ရောဂါဝေဒနာဖြင့် သေရမည့် အဖြစ် ဆိုးကြီးကြုံတွေ့ခဲ့ရသည်။ ကျွန်တော်လွန်ခဲ့သည့် လူလတ်ပိုင်းအရွယ်တုန်းက အားကစားလုပ်ရင်း မတော်တဆခါးရိုးမှ ဒဏ်ဖြစ်ခဲ့ခြင်းကြောင့် ယခုအခါ ခါး အဆစ်ကြေသွားပြီး အကြောညှပ်ကာ ပြင်းထန်သော ဝေဒနာကို ခံစားခဲ့ရပါသည်။ ထိုအချိန်က အထူးကုဆရာဝန်များ၏ စမ်းသပ်ချက်အရ လောကတွင်နေရမည့် အချိန်မှာ နှစ်နှစ်ခန့်သာရှိတော့ကြောင်း သိလာရသည်။ ထို့အပြင် နောက်ဆုံး၌ ပြင်းထန်စွာ နာကျင်ခြင်းဝေဒနာအားဖြင့် သေရမည်ဟု မှတ်ချက်ပြုခဲ့ကြပါသည်။ ထို့ကြောင့် ကုသ၍မရ၊ ခွဲစိတ်၍လည်း မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေသည်။ ထိုအချိန်၌ ကျွန်ုပ်အသက်မှာ (၃၉) နှစ်သာရှိပါသည်။ ထိုသို့ ကုမရသည့် ရောဂါဖြစ်ကြောင်း သိသောအခါ မည်သည့်ဆေးကိုမှ မစားတော့ပါ။ ဆရာဝန်များ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ခံစားနေရသော ရောဂါ ဝေဒနာမှ လုံးဝပျောက်ကင်းဘို့ ကိုယ်တော်၏ မစခြင်းကိုသာ မျှော်လင့်၍ ဆက်ကပ် ဆုတောင်းခဲ့သည်။ သမ္မာကျမ်းစာ၌ ဖော်ပြထားသော Read more…