ကတိတော်များ ( ရာမာန်မိုး)

“ကတိတော်များ” (ရာမာန်မိုး) လူမှာကတိမင်းမှာသစ္စာဆိုသည့် ဆိုရိုးစကားရှိသကဲ့သို့ ထာဝရဘုရားသခင်သည်လည်း သစ္စာရှင်၊ စစ်မှန် သော သမ္မာတရား ဖြစ်ပါသည်။ အသက်ရှင်တော်မူသောထာဝရဘုရားသခင်ကို ယုံကြည်သောသူများအတွက် စစ်မှန် သော ကတိတော်များကိုပိုင်ဆိုင်ရန် ထာဝရဘုရားသခင်သည် ရှေးသန့်ရှင်းသောသူ၊ ဘိုးဘေးများတို့အားကတိသစ္စာ ပြုခဲ့ကြသည်။ ထိုကတိများတို့သည် ယနေ့ထိတိုင် စီးဆင်းလျက် ရှိပါသည်။ ထာဝရဘုရားသည် အာဗြဟံ၊ ဣဇက်ယာကုပ် တို့အား တိုင်းတစ်ပါးတွင် နေထိုင်စေခဲ့ပြီး ထိုမြေကို သင်တို့ ၏ အမွေခံရာနယ်မြေဖြစ်စေမည်ဟု ကတိတော်ပေးခဲ့သည်။ထိုသူများတို့သည်လည်း တိကျသော ပိုင်ဆိုင်မှုများမရှိဘဲ ထာဝရဘုရားသခင်မိန့်တော်မူသော စကားတော်ကို ဆင်ခြင် အောက်မေ့လျက် နေထိုင်ခဲ့သည်။အဘယ်ကြောင့်နည်း။ ထိုသူတို့သည် အသက်ရှင်တော်မူသောထာဝရဘုရားသခင် ကိုအကြွင်းမဲ့ယုံကြည်ကိုးစားခြင်းနှင့် လောကတပ်မက်ခြင်းမှ ကင်းရှင်းခြင်ဒကြောင့်ပင်ဖြစ်သည်။ ယနေ့ခရစ်ယာန်များတို့သည် လည်း ထာဝရဘုရားသခင်၏ ဂတိတော်၌ အသက်ရှင်ရပ်တည်ရန် အလွန်အရေးကြီးပါသည်။ ကျွန်ုပ်တို့အား ထာဝရဘုရားသခင်က မမြင်ရသော အနာဂတ်နေ့ရက်အတွက်ပြင်ဆင်ထားသော ကတိတော်ရှိသည်။ “စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတံ့” (ရှင်မဿဲ ကျွန်ုပ်တို့ ပိုင်ဆိုင်သော မြေမှထွက်သောဘဏ္ဍာကို ၅း၅)။ “ထို့ကြောင့် ချစ်သူတို့ ထိုကတိတော်များနှင့် ငါတို့ သည် ဆိုင်ကြသည်ဖြစ်၍ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ် Read more…

သင်္ဘောထဲ ရေဝင်ခဲ့သော်

ယုံကြည်သူတွေဟာ ဘုရားသခင်ဘွားသော ဘုရားသခင်၏ သားသမီးများဖြစ်ကြောင်း ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှာ အတိအလင်းဖော်ပြထားပါတယ်။ (၁း၁၃)။ လူ့အလို၊ လူ့ဆန္ဒ အားဖြင့် မွေးဖွားခြင်းမဟုတ်ပါဘူး။ သို့ဖြစ်သောကြောင့် ဝမ်း မြောက်ပါ။ ဂုဏ်ယူပါ။ ဘုရားသခင်ရဲ့ သားသမီးဖြစ်ရတဲ့ အခွင့် ထက် တန်ဖိုးရှိတဲ့ရာဟာ မိုး၊မြေစင်္ကြာဝဠာ တစ်ခုလုံးမှာ လုံးဝ မရှိပါဘူး။ သေခြင်းရဲ့ တစ်ဘက်ကမ်းမှာလည်း သေခြင်းကို အောင် ပြီးဖြစ်တဲ့ သခင်ယေရှုက ကျွန်တော်တို့ကို ကြင်နာစွာနဲ့ ပွေ့ပိုက်ပြီး၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့နဲ့ လုံးဝမပတ်သက်တဲ့ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်စေပါမယ်။ အခုတော့ ဒုက္ခမျိုးစုံ၊ ဒုစရိုက်မျိုးစုံနဲ့ရောဂါမျိုးစုံ ရှုပ်ထွေးတဲ့ မြတ်လောကမှာ နေထိုင်လှုပ်ရှားနေပါသေးတယ် သို့ဖြစ်သောကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် လုပ်ငန်းလုပ်နေရဦးမှာဖြစ်ပါတယ်။ မိသား စုများအပြင် ဆင်းရဲတဲ့သူသားများအတွက်ပါ ရှာရမယ်။ အဝတ် .. အစားမရှိတဲ့သူများ မကျန်းမာတဲ့သူများနဲ့ အကျည်းထောင်ကျ နေတဲ့ သူများအတွက် လိုအပ်သလို ပေးကမ်းကူညီဖို့ သခင်ယေရှု က မိန့်တော်မူခဲ့ပါတယ်။ (မဿဲ၊ ၂၅း၃၄–၄၆)။ အချို့က ပြောတတ်ပါတယ်။ သူကတော့ စီးပွားရေးပဲ လိုက်စားတယ်။ ပညာရေးပဲ Read more…

အောင်မြင်ခြင်း နောက်ကွယ်မှာ

*ဂိဒေါင်ထဲမှာ လူသုံးရာသာ …။ *သို့ပါသော်ငြား သခင်ဘုရား လမ်းညွှန်ရာ နာခံမှုနဲ့ လှမ်းချီ * ယုံကြည်မှု နာခံမှု ညီညွတ်မှု ပေါင်းစုဖွဲ့ယှဉ် သုံးလွန်းတင်ကြိုးရဲ့ စွမ်းအား ကြီးမားတဲ့ အောင်ပွဲရစေပြီ။   မင်းမာန်ဟုန်(ကျောင်းကုန်း)

အထက်အရပ်မှာ ကိုယ်တော်ရှိတယ်

ခေါင်းငုံ့ပြီး ငိုကြွေးနေတုန်းက ကိုယ့်မျက်ရည်ကိုပဲ ကိုယ်တွေ့ မိတယ်။ ခေါင်းမော့ပြီး ငိုကြည့်မိတော့ ဘေးနားက မျက်ရည်တွေ ပိုပူမှန်းသိရတယ်။ ခေါင်းမော့ပြီး ငိုကြည့်မိတော့ ကိုယ့်မျက်ရည် ခြောက်တာ မြန်တယ်။                                                       မီးဇာ

August အတွေး

  ဖြစ်မယ်၊ ပျက်မယ် လွယ်လွယ်လေးပေါ့ ကမ္ဘာမြေ တည်ဆောက်၊ ဖြိုဖျက် နှုတ်ကပတ်စကားတော် နှလုံးသားက အဖြေပေါ်တော့ sorry ပါ သခင် . . . ။ လိုချင်တာတစ်ခု၊ရခဲ့တာက တစ်ခု ကိုဗစ် (Covid) က ကျော်ကြား ကျွန်ုပ် ယုံမှားခဲ့တာလား သခင် ကျောက်နှလုံးသားတွေ၊ အသားနှလုံးမဖြစ် ယုံမှားခြင်း ကင်းတဲ့အခါ Covidက ကပ်ဘေးအသစ်တဲ့ လက်ခံဆွေးနွေးကာကွယ်နေကြတဲ့ ကမ္ဘာ ခပ်ခွာခွာ နေခဲ့ရတော့ နှုတ်ကပတ်တော်နဲ့ဝေး တကယ်ဆို ပိုပြီး နီးစေဖို့အချိန် Home Stay မှာ ထိတ်လန့် တိတ်တိတ်လေး တံခါးပိတ်ပြီး နေခဲ့ရတယ်လေ။ သူသူ၊ ငါငါ၊ အသစ်ပြင်ဆင်ခြင်းတရားမှာ ထလော့၊ နိုးလော့ 。。 。 ရောင်ခြည်သစ်ဆိုတာ သခင် ခွန်အားဆိုတာ သခင် ကာကွယ်ခြင်းနဲ့ ကယ်တင်ခြင်းကလည်း သခင် ဖြစ်၊ ပျက်၊ တည်ဆောက်၊ ဖြိုချ နှုတ်ကပတ်တော်ကို ယုံရင် သင် … ဘယ်ထဲမှာ ပါချင်လဲ . . . မိတ်ဆွေ Read more…

ချစ်ရသော ယုံကြည့်သူတို့

ငါတို့ဝိညာဉ်တော် ကိုအမှီပြု စခဲ့ ပေမဲ့ အဆုံးသတ်ကတော့ဇာတိ ကိုအမှီပြု၍ပြီးစေမယ့်ဆိုငါ….တို့ဟာအချည်းနှီး သက်သက်ဖြစ်နေမယ်…ချစ်သူရသောသူတို့…..💝💝 ချစ်ရသောသူတို့ငါတို့အဖိုးအခပေး၍ပြုစုထားတဲ့ဝိညာဉ် အကျိုးအလို့ငှါမပျောက်မပျက်ရအောင်ထိန်းသိမ်း စောင့်ရှောက်ကြရအောင်လား….ချစ်ရသောသူတို့ ဒါမှာစုံလင်သောအကျိုး…ခံစားလို့ရမယ်..ချစ်ရသောသူတို့ Thianpi အခြေပြုကျမ်း ဂလာတိ ၃း၃ ၊ ၂ယော ၊ ၁း ၈

“ပန်းလေးများရဲ့ အရှင်သခင်”

ပန်းလေးတွေဟာတပွင့်နဲ့ တပွင့်မတူသော်လည်းလှပချင်းသဘောကထပ်တူထပ်မျှပါပဲ။ ပန်းလေးတွေရဲ့ရနံ့တွေဟာလောကကြီးကိုလန်းဆန်းဖို့ဖန်ဆင်းတဲ့ အရှင်ဟာဘုရားသခင်သာဖြစ်ပါတယ်။ Thianpi