လူတိုင်း လုပ်နိုင်တဲ့ အလုပ်

လူတိုင်း လုပ်နိုင်တဲ့ အလုပ် သန်လျင် ကိုကိုဇင် ရွက်နု ဝေရင် ရွက်ဟောင်း ကြွေရစမြဲ ဒါပြောင်းလဲတဲ့နိယာမ သဘောတရားတွေ ဇရာပိုင်းရောက်တော့ မိုဘိုင်းဖုန်းလည်း မပွတ်နိုင် ဟိုယိုင်ဒီယိုင် အိုးနင်းခွက်နင်း ဖြစ်ကရော့၊ သံဝေဂ မစဉ်းစားမိဘူး နိယာမ မေ့ထားတဲ့ပုံ ဝုန်းဒိုင်းဖြစ်ကာမှ ဘုရားတ ဆေးရုံဆေးခန်းကျတော့ ရက်ချိန်းကိုမှန်လို့ အိမ်မှာလည်း အသေးစားဆေးပေးခန်း ဖွင့်လို့ရနေပြီ ဆေးတွေကတစ်ပုံတစ်ခေါင်း။ … လေအတိုက်ပြိုက်ခနဲ ကြွေ ချိန်ကိုက်မိုင်း ကွဲသလို သေရမှာ ကြောက်နေပြီလေ။ သမားတော်နဲ့ ဆေးတွေက ဝေးသွားပြီ ပြေးသွားပြီ ကဲထုံးစံအတိုင်း လုပ်စရာတစ်ခုပဲကျန်တယ် နောက်ဆုံးတော့ ဒီဘူတာ ဆိုက်တာပဲ။ ။ ဘုရားသခင်အလိုတော်ပါ

A dictionary of youth

ပျိုမျစ်ခြင်းရဲ့ အဘိဓာန် ပျိုမျစ်ခြင်းဟာ ၊  အရာရာကို စွမ်းဆောင်နိုင်တယ် တိုင်းပြည်အတွက် အသင်းတော်အတွက် လူမျိုးအတွက် သာသနာအတွက် ခွန်အားအပြည့်ရှိတယ် ရဲရင့်ခြင်းလဲရှိတယ် မကြောက်ဘူး နောက်မဆုတ်ဘူးဆိုတဲ့ အသိတရားကို ရင်မှာပိုက်ပြီး အတားအဆီးတွေကို ထိုးဖောက်တတ်တဲ့ သဘောတရားဟာလဲ ပျိုမျစ်ခြင်းရဲ့ သင်္ကေတပါ. . ပန်းကောင်းတပွင့်ဟာ အမြဲတမ်း လှပနေသလို ကျောက်ကောင်းတပွင့်လဲ တန်ဖိုးအနဂ္ဃပါ ပန်းကောင်း ကျောက်ကောင်း တပွင့်လို နပျိုချိန်မှာ လှပတန်ဖိုးရှိနေဆဲပဲ ရေပေါ်မှာပ နံတင့်နေတဲ့ ကြာပန်းတပွင့်ဟာ ဘယ်အချိန်ကြည့်ကြည့် အမြဲတမ်းနုသစ် လန်းဆန်းနေတတ်တယ်. . တကယ်တော့ ငယ်ရွယ်တဲ့ အသက်တာဟာ သူတစ်ပါးအတွက် အလင်းဖြစ်စေဖို စကားပြောခြင်း ကျင့်ကြံပြုမူခြင်း သူတပါးကို ချစ်တဲ့နေရာမှာ သစ္စာစောင့်ခြင်း ဝိညာဉ်ရေးရာမှာ ရင့်ကျက်မှုရှိပြီး ဖြူစင်သန့်ရှင်းစွာ အသက်ရှင်တတ်ဖို့ ယုံကြည်သူတွေကို ပုံသက်သေပြလော့ ဆိုတဲ့ (၁ တိ၄း၁၂) ကျမ်းစကားအရ ဒါဟာ… ပျိုမျစ်ခြင်းရဲ့ အဘိဓာန်တခုပဲပေါ့. . .                       Read more…

Biblical for Hope

မျှော်လင့်ခြင်းအတွက်ကျမ်းစကားများ ဆာလံကျမ်း ၁၃၀း၅-၇ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​စောင့်​လျက်​နေ၏။ ငါ့​ဝိ​ညာဉ်​သည် စောင့်​လျက်​နေ၏။ နှုတ်​က​ပတ်​တော်​ကို ငါ​မျှော်​လင့်၏။ နံ​နက်​ကို​မျှော်​လင့်​သော သူ​တို့​ထက်​မ​က၊ ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​ရှင်​ကို​မျှော်​လင့်​လျက်​နေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၌​က​ရု​ဏာ​ရှိ၏။ များ​စွာ​သော ရွေး​နုတ်​ခြင်း​ကျေး​ဇူး​ရှိ၏။ ရှင်လုကာခရစ်ဝင် ၂း၂၉-၃၂ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ဗျာ​ဒိတ်​တော်​အ​တိုင်း ကိုယ်​တော်၏​ကျွန်​သည် ငြိမ်​ဝပ်​စွာ စု​တေ့​ရ​သော​အ​ခွင့်​ကို ကိုယ်​တော်​သည် ယ​ခု​တွင်​ပေး​တော်​မူ၏။- ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို ချီး​မြှောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို လင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​အ​မျိုး​မျိုး​တို့​ရှေ့​မှောက်၌ ပြင်​ဆင်​တော်​မူ​သော အ​လင်း​တည်း​ဟူ​သော ကယ်​တင်​သော​သ​ခင်​ကို အ​ကျွန်ုပ်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​ရ​ပါ၏​ဟု မြွက်​ဆို၏။ ယေရမိအနာဂတ္တိကျမ်း ၂၉း၁၁-၁၃ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​ကို​ခေါ်၍ သွား​လာ​ကြ​လိမ့်​မည်။ ဆု​တောင်း​သော​အ​ခါ သင်​တို့​စ​ကား​ကို ငါ​နား​ထောင်​မည်။ ငါ့​ကို​ရှာ​သော​အ​ခါ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​နှင့် ရှာ​လျှင် တွေ့​ကြ​လိမ့်​မည်။ ရောမဩဝါဒစာ ၅း၅ ထို​မျှော်​လင့်​ခြင်း​သည် ရှက်​ကြောက်​စ​ရာ အ​ကြောင်း​နှင့် Read more…

Confessions of a young man

လူငယ်တစ်ယောက်၏ဖွင့်ဟဝန်ခံချက် ဂါယု–ရေဆင်း နှုတ်ဖျားက သခင် သခင်နဲ့ ကျွန်ုပ် တကြော်ကြော် ခေါ်နေလိုက်တာ တတယ်တမ်းတော့ အပေါ်ယံနှုတ်ဖျားက ထွက်လာတဲ့စကား သိပ် မြတ်နိုးတာပဲ သခင်ရယ် နှစ်ဦးခြင်းသစ္စာပြုထားပေမဲ့ တကယ်တမ်းဒုက္ခတွေ့တော့ ရွှေရည်စိမ်ထားတဲ့ စာချုပ်အတုသာ သခင့်အတွက်ကျန်ခဲ့ရတယ်. . သခင်ကိုလေ သိပ်ချစ်တာပဲလို့ ထပ်ခါထပ်ခါ ပြောနေလဲပဲ သံသယအရိပ် သံသယကြောက်စိတ်နဲ့  သိပ်ချစ်ပါတယ်ဆိုတဲ့ ပေတရုလေ နောက်ဆုံးတော့ သခင့်ရဲ့မျက်ဝန်းထဲမှာ မျက်ရည်ဝဲခဲ့ရတယ် ဒါကိုသခင် သိပေမဲ့ အပြစ်မယူရက်ဘူး အပေါ်ယံစကား အပေါ်ယံနှုတ်ဖျားက အပေါ်ယံမေတ္တာမျိုးနဲ့  သခင် သခင် ခေါ်တိုင်း နိုင်ငံတော်မဝင်ရဘူး ဆိုတဲ့ သခင့်စကားအတွတ် နှုတ်ဖျားက သခင် ဦးနှောက်ထဲကသခင် နှလုံးသားအရှင် အဖြစ်နဲ့အသိအမှတ်ပြုပါရစေ သခင်

Two rings

    လက်စွပ်ကလေး နှစ်ကွင်း ~အမှတ်လက္ခဏာ သစ္စာဆိုသော စကား၊ အက္ခရာများဖြင့် နှလုံးသားပေါ်တွင်၊ ကမ္ဗည်းတင်လေသော် ဧဒင်ထဲက၊ ရင်ခုန်ဖွယ်ညပေါ့ အချစ်ရယ်။ ~ကြိုက်မရှက် ငိုက်မရှက် အသက်တမျှ တစ်ဘဝ၊ အချစ်က ခိုင်မြဲ ကြိုင်လှိုင်ပျံ့သင်း၊ ယုံကြည်ခြင်းအမွေ ထမ်းပိုးစေသော ~ကြိုက်၍ပဲ ချစ်သည် ချစ်၍ပဲ ကြိုက်သည်၊ တူညီသော နှောင်ကြိုး တန်ဖိုးနဲ့ အမြတ်တနိုး ထမ်းပိုးညီစေသော ~ဆင်းရဲနဲ့ ချမ်းသာ ရောဂါနဲ့ ကျန်းမာ ဇရာနဲ့ ရူပါ သင်္ခါရနဲ့ အလှတရား ဘိုးဘေးများ၏ ပုံဝတ္ထု ယုံကြည်ခြင်းအမွေခိုင်လုံနေသမျှ ကြိုက်လေသမျှ၊ ထာဝရသို့ ချစ်လေသမျှ၊ ထာဝရသို့ အမှတ်တရလေးများ ဖြစ်ပါစေ။                            ချစ်လှမောင် (မေတ္တာတမန်မဂ္ဂဇင်း၊ အတွဲ(၅၈)၊အမှတ်(၇)၊ ဖေဖော်ဝါရီလ၊၂၀၂၁)