JOSIAH – ယောရှိမင်း

  JOSIAH – ယောရှိမင်း JOSIAH – ယောရှိမင်း ဆိုးညစ်သောဘုရင်မနာရှေမင်းလက်အောက်၌ ငါးဆယ့်ငါးနှစ်၊ ဆိုးညစ်သောသား အာမုန်လက်အောက်တွင် နှစ်နှစ်ကြာမျှ ကျရောက်ခဲ့ပြီးနောက်၊ ယုဒပြည်၏ ဝိညာဉ်ရေး အခြေအနေ အဆိုးရွားဆုံးအဆင့်သို့ကျရောက်ခဲ့သည်။ မိမိ၏ဖခင်အား အာမုန်လုပ်ကြံခြင်းခံရပြီးနောက် ယောရှိ မင်းဖြစ်လာသည် (၆၄၀ဘီစီ)။ သို့သော် အသက်ရှစ်နှစ် သာရှိသေးသောကြောင့် အစိုးရအရာရှိများ၏ ညွှန်ကြားမှု အောက်တွင် နှစ်အတန်ကြာနေခဲ့ရသည် (၆ရာ၊၃၃း၂၅၊ ၃၄း၁)။ အသက်တစ်ဆယ့်ခြောက်နှစ်တွင် စစ်မှန်သည့်တစ်ဆူတည်း ယုံကြည်လာပြီး အသက်နှစ်ဆယ်တွင် သော ဘုရားသခင်အား နှစ်ပေါင်းများစွာ တည်မြဲခဲ့သည့် ဘာသာရေးပြုပြင်မှုများ စတင်ခဲ့သည် (၆ရာ၊၃၄၊၂-၅)။ ဘာသာရေးဆိုင်ရာကိစ္စများ  ယောရှိမင်းအား ပြုပြင်ပြောင်းလဲမှုများ စတင်ပြ လုပ်ရန် ပရောဖက်ဇေဖနိ၏ ဟောပြောချက်များက ဩဇာ သက်ရောက်စေနိုင်သည် (၁၈၁)။ ယောရှိမင်း၏ ပြုပြင်ပြောင်း လဲမှုများစတင်ချိန်တွင် နောက်ပရောဖက်တစ်ဦးဖြစ်သူ ယေရမိ လည်း အမှုတော်မြတ် စတင်ထမ်းဆောင်သည်(ယေ၊၁း၁-၂၊ ၃၊၆)၊ မနာရှေ၏ ဆိုးသွမ်းသည့် အုပ်ချုပ်မှုကာလများ အတွင်း ယေရုရှလင်မြို့ရှိ ဗိမာန်တော် ပျက်စီးခဲ့ရပြီး၊ ဘုရား သခင်၏ပညတ်တော်များကိုလည်း မေ့ပျောက်သွားခဲ့ရသည်။ ယောရှိမင်း၏ ပြန်လည်ပြုပြင်ချိန်ခြောက်လအကြာတွင် ကာလ ကြာရှည်စွာမေ့ပျောက်နေသည့် Read more…

လူငယ်သွေး = မင်းမာန်ဟုန် (ကျောင်းကုန်း)

* ပေါက်ပွင့်နီနီဟာ နွေအပူကိုအံတုလို့ .. ဆက်ရက်ငှက်ငယ်တို့လည်း လေရူးကိုမမှုဘဲ ပျံဝဲတေးဆို လက်ပံပင် ဆက်ရက်ကျသလိုတဲ့ … ။ * တို့လူငယ်များ သခင်ဘုရားအတွက်မနေမနား ကျောင်းအားတဲ့ရက် သခင့်အတွက်ပေးဆပ်လို့ တွဲလက်တွေညီ ပေါက်ပန်းနီနီနဲ့ ငှက်ကျေးဆက်ရက်တို့လိုပ နွေကိုအလှဆင် မြင်ရသူ ရင်ကိုအေးမြခြင်း လူငယ်သွေးချင်းတို့ရဲ့ ရှင်သန်ခြင်းယဇ်ပလ္လင်ထက် မြော်လင့်ခြင်းလက်တို့ဆင့်ကမ်းနေ။  

အချစ်သင်္ကေတ ။ ချစ်လှမောင် ။

အချစ်သင်္ကေတ ။ ချစ်လှမောင် ။ အကြည့်ချင်းဆုံ ရင်ခုန်လှုပ်ရှား၊ မျက်လုံးချင်းစကား နှလုံးသားမှာ ငြိတွယ် ဪ … ဆယ်ကျော်သက်များ ဖြစ်ပြီမို့။ ဆယ်စုတစ်စု၊ ဖြစ်တည်မှု၌ ယုယုယယလှလှပပ သင်္ဂါရများစွာဖြင့် ငါဖြတ်သန်းခဲ့ရသည်။ အချစ်ကို သက်သေပြဖို့ လောကကတိ၊ သတ္တိရှိရှိ ဘုရား၏ရှေ့၊ လူတို့ရှေ့မှာ သစ္စာပြုဖေါ်ကျူး “Yes I do” အိမ်သူသက်ထား၊ နှလုံးသားပိုင်ရှင်၏ မကြည်လင်သော မျက်စောင်းလေးများ မပီပြင်သော ဟန်ပန်လေးများ သံစဉ်မညီသော နှုတ်စကားလေးများ အမှားအမှန် ဝေခွဲ ခိုင်မြဲသော သစ္စာကြောင့် ဆယ်စုနှစ်တွေ အလီလီ၊ ရွှေ့သွားပြီဖြစ်သော်လည်း အချစ်၏ သင်္ကေတ၊ ချော့ကလက်အရသာ ရင်ထဲမှာ .. ကမ္ဘာမြေတည်သ၍ .. …