သင့်နှလုံးသားမှာ ခရစ်တော် မွေးဖွားခဲ့ပြီလား

လူသားတိုင်း ကယ်တင်ခြင်းရဖို့ ခရစ်တော်ဖွားမြင်ခဲ့တယ်လို့ အသွေးသွန်းကာ အပြစ်ဆေးကြောကာ အသက်စွန့်လျက်အပြစ်သားများ အပြစ်နွံတွင်းမှ လွတ်မြောက်ဖို့တွက် ကောင်းကင်နန်းကို စွန့်ခွာ လူ့ဇာတိ ခံခဲ့တယ်လို့ ကဲ့ရဲ့ ခြင်းတွေ ပြောင်လှောင်ခြင်းတွေကြား ညှင်းဆဲနှိပ်စက်ခြင်းခံကာ ကားတိုင်ထက်မှာ အသက်စွန့်ခါ သုံးရက်ကြာ ရှင်ပြန်ထမြောက်ခဲ့ အသက်ရှင်တဲ့ ခရစ်သခင်လို့ ဝမ်းမြောက်ဖွယ်သတင်းကောင်း ပြောကြားကြတယ်၊ ဝေမျှနေတယ် ကြွေးကြော်နေတယ်၊ သီဆို ဟစ်ကြွေးနေတယ် ကြားတတ်သောနား ရှိပြီလား။ ယုံကြည်လက်ခံကာ ဖိတ်ခေါ်လို့ သင့်နှလုံးသားမှာ ဖွားမြင်စေဖို့ ပြင်ဆင်စို့။ မပန်းချစ် (ပညာရေး)

အလင်း

ဒီဇင်ဘာလရောက်လာရင် အမျိုးမျိုးအလှဆင် ရန်ကုန်မြို့ ပြမွေးနေ့တော်ပွဲ ပျော်ရွှင်စွာနွှဲ။ ရောင်စုံမီးများထွန်းညှိချိတ်ဆွဲ အချို့မီးသီးတွဲ မှိတ်တုပ်မှိတ်တုပ် လင်းတခါ မှိတ်တလှည့် ဆွဲဆောင်လို့၊ တချို့ မီးသီးတွဲ မီးချောင်းတွေ အဆက်မပြတ် ထွန်းလင်းနေ၊ အားတော့ နည်းလှသလေ။ တချို့ မီးမောင်းလင်းအားကောင်း အမြင်ရှင်းစေကြောင်း။ သင်တို့သည် လောကအလင်းလို့ဆိုထား သင့်သက်တာမှာ မည်သို့လင်းကာ အသက်ရှင်သွား ဆင်ခြင်မိရဲ့လား။ မီးမောင်းများလို အားကောင်းကောင်းနဲ့ လင်းနိုင်ဖို့ ကိုယ်တော်ရှင်ရဲ့ နှုတ်ကပတ်စကား နှလုံးသွင်းထားလို့ ကျေးဇူးတော်ချီးမွမ်းကာ ဆုတောင်းခွန်အားယူလျက် အသက်ရှင်စို့။ မပန်းချစ်(ပညာရေး)

ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်း Faith & Hope ■Mahn B.T.S (P.K.T.S)

ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်း Faith & Hope ■Mahn B.T.S (P.K.T.S) မြောက်မြားစွာသော ခရစ်ယာန်များအနေဖြင့် ဆု တောင်းခြင်းတွင် စိတ်ပျက်ခြင်းများနှင့် အဆင်မပြေမှုများ တစ်ခါတစ်ရံ တွေ့ကြုံရသည်။ မျှော်လင့်ခြင်းနှင့် ဆုတောင်း သောကြောင့်လည်း ဖြစ်နိုင်သည်။ ယုံကြည်ခြင်းမရှိဘဲနှင့် လည်း ဖြစ်နိုင်သည်။ အကျိုးရလဒ်အနေဖြင့် မျှော်လင့်ခြင်း ကို ကတိမပေးဘဲ ယုံကြည်ခြင်းဖြင့်သာ ဘုရားသခင်ထံမှ ကတိပေးထားခြင်းဖြစ်ပေသည်။ နှလုံးသားထဲမှယုံကြည်ခြင်း (Faith is in the Heart) ပထမဆုံးသော အဓိကခြားနားချက်မှာ ယုံကြည် ခြင်းသည် နှလုံးသားထဲမှဖြစ်၍ မျှော်လင့်ခြင်းသည် စိတ်ထဲမှ ဖြစ်ခြင်းဖြစ်သည်။ ရောမ ၁ဝး၁ဝ တွင် “ဖြောင့် . မတ်ရာသို့ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏”ဟူ၍ ရှင်ပေါလုပြောထားပါသည်။ မှန်ကန်သော သမ္မာကျမ်းလာ ယုံကြည်ခြင်းသည် နှလုံးသားထဲမှ မူလစတင်ခြင်း ဖြစ်သည်။ သုတ္တံကျမ်း ၄း၂၃ တွင် ရှောလမုန်မင်းကြီးသည် ကျွန်ုပ်တို့ကို သတိပေးထားသည်မှာ “နှလုံးသည် အသက်၏ အခြေအမြစ်ဖြစ်သောကြောင့်၊ သင်၏ နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့”ဟူ၍ ဖြစ်သည်။ မှန်ကန်သော သမ္မာ Read more…

ခွန်အားပေးပါ . ယီးဆဏ် (လယ်မျို)

ရှုပ်ထွေးပွေလီ ဤလောကဝယ် ကျင်လည်လှုပ်ရှား လူ့ဝန်းကျင်မှာ မေတ္တာခေါင်းပါး ချစ်ခြင်းတရား ဤလောကဓံ မခံနိုင်လို့ အားငယ်စိတ်ပျက် မောပန်းနေချိန် အားအင်သစ်ကို စုစည်းနိုင်ဖို့ ခွန်အားပေးပါ သခင်။ လောကရမ္မက် လောဘတွေကြောင့် မေတ္တာကွယ်ပျောက် မြေတခွင်မှာ အပြစ်နဲ့သာ အချိန်ကုန်၏။ သခင့်ကျေးဇူး ချစ်ခြင်းတွေကြောင့် ကျေးဇူးကာလ မကုန်ဆုံးခင် ပြုခဲ့အပြစ် ထပ်မမှားဖို့ နောင်တရကာ ကိုးစားနိုင်ဖို့ ခွန်အားပေးပါ သခင် . . . ။

အသင်းတော်ကျောင်းနေ့ဖြစ်ပေါ်လာပုံ

အသင်းတော်ကျောင်းနေ့ (CHURCH SCHOOL DAY) အသင်းတော်ကျောင်းနေ့ကို အသင်းတော်တိုင်းလိုလိုတွင်ပင် ဂ ကလေး သူငယ်များအား ဓမ္မပညာပို့ချသည့် အစီအစဉ်တစ်ရပ်အနေဖြင့် ပြုလုပ်လျှက် ရှိသည်။ အသင်းတော်ကျောင်းဟုခေါ်သော်လည်း ကလေးလူကြီးများက (Sun day School) တနင်္ဂနွေနေ့ကျောင်းဟူ၍ပင်ခေါ်ဝေါ်လျှက်ရှိသည်။ တနင်္ဂနွေနေ့ကျောင်းကို အစပြုခဲ့သူမှာ အင်္ဂလန်ပြည် ဂလောက်ဇက် စတာမြို့ (Gloucester) မှ ထုတ်ဝေသူ ရောဘတ်ရိတ်ခ်စ် (Robert Raikes) ဆိုသူဖြစ်သည်။ သူသည် ပျော်ပျော်နေတတ်ပြီး အလုပ်ကို သေသေချာချာ မှန်မှန် ကန်ကန်နှင့် စနစ်တကျ ပြုလုပ်တတ်သည်။ ရည်ရွယ်ချက်လည်း စွဲစွဲမြဲမြဲထား ရှိသည်။ နှစ်ပေါင်းများစွာ၎င်း၏ ပုံနှိပ်စက်တစ်ခုသာ တည်ရှိ၍ ပုံနှိပ်စက်ပိုင်ရှင် အဖြစ် စာပေဝါသနာရှိသော လူများနှင့် ထိတွေ့သိရှိခွင့်ရခဲ့သည်။ သတင်းစာ ဆရာတစ်ဦးအဖြစ်နှင့်လည်း မိမိ၏ကောင်း မြတ်သောသဘောတရားနှင့် ခရစ်ယာန်စိတ်ထားတို့ကို လူတို့အားသိရှိစေခဲ့သည်။ ရှေးဦးစွာ သူသည် အကျဉ်းထောင်ကို အာရုံစိုက်မိသည်။ အကျဉ်းသား များ သည် အလုပ်မလုပ်ဘဲ အားလပ်နေခြင်း၊ မသိနားမလည်ခြင်းတို့ကြောင့် ပျက်စီးခဲ့သဖြင့် ထိုသူတို့အား အကျင့်တရား ကောင်းမွန်စေရန် သွန်သင်လမ်းပြ ပေးနိုင်လျှင် ထိုသူတို့၏ အသက်တာကို ပြုပြင်နိုင်လိမ့်မည်ဟု Read more…

မေဥဿာ ရဲ့
ခွင့်လွှတ်ခြင်းငှါ မထိုက်တန်ပါ

အခန်း(၁) ယုဒလူမျိုးတို့ နှစ်စဉ်ကျင်းပ လေ့ရှိသော ပွဲတော်(ရ)ခု ရှိသည်။ (၁) ပဿခါပွဲတော် (ဝတ်-၂၃း၅) (၂) အဇုမပွဲတော် (ဝတ်-၂၃း၆) (၃) အဦးအသီးပွဲတော် (ဝတ်−၂၃း၁ဝ) (၄) ပင်တေကုတ္တေပွဲတော် (ဝတ်-၂၃း၁၆) (၅) တပိုးမှုတ်ပွဲတော် (ဝတ်-၂၃း၂၄) (၆) အပြစ်ဖြေရာပွဲတော် (ရ) သကေနေပွဲ/ တဲတော်ပွဲနေ့ (ဝတ်-၂၃-၃၄) ထိုပွဲတော် (ရ) မျိုးအနက် သကေနေပွဲ (သို့) တဲတော်ပွဲနေ့ကို ကျင်း ပရာတွင် (ရ)ရက် (၇)လီ ကျင်းပပြီး ပထမနေ့နှင့် အဌမနေ့တွင် ဓမ္မပွဲသဘင် ကြီးကို ကျင်းပ၍ ထာဝရဘုရားအား မီးဖြင့်ပြုသောယဇ်ဖြင့် ပူဇော်ရ၏။ ဣသရေလလူမျိုးများ ကျွန်ခံ နေရာ အဲဂုတ္တုပြည်မှခါနန်ပြည်သို့ လာ ရာလမ်းတစ်လျှောက်တွင် သစ်ခက်တဲ များထိုး၍နေထိုင်ခဲ့ကြရပြီး ဘုရားသခင် စောင့်ထိန်းခြင်းကျေးဇူးတော်များကို အောက်မေ့သတိရသော အထိမ်းအ မှတ်ပွဲ ဖြစ်သည်။ ထိုပွဲ၌ အဦးအသီး ၊ များကိုလည်း ပူဇော်လေ့ရှိသည်။ ထိုပွဲ (ရ) မျိုး အနက်မှ ယုဒ လူမျိုးတို့အနှစ်သက် အပျော်ရွှင်ဆုံး သောပွဲမှာ သကေနေပွဲ (သို့) Read more…

ဆားတစ်ပွင့်(Hero)

ဟီးရိုးဆိုတာ… တကယ်တော့ အဖေပါပဲ အန္တရာယ်နဲ့ ကြုံတဲ့အခါ ဟီးရိုးဟာလည်း လက်စွဲတော် ဖြစ်သွားနိုင်တာပါပဲ။ ဟီးရိုးတွေမှာ အပြုံးတွေရှားတယ်တဲ့ သင်မြင်အောင် ကြည့်လှည့်ပါ အပြုံးတွေဟာ… သူ့အပြုအမူတွေမှာပါ။ ဟီးရိုးတွေဟာ… ဒဏ်ရာတွေကို ဖုံးဖိထားတတ်ကြတယ် နာကျင်စရာတွေ မြင်တဲ့အခါ သင်ဝမ်းနည်းမှာ စိုးလို့ပါ။ မိသားစုအတွက် အသက်တောင် ပေးဆပ်နိုင်တဲ့အခါ … ဟီးရိုးတွေဟာ .. … တကယ်ကို ရဲရင့်လွန်းတယ်ဗျာ။ ဟီးရိုး