ခရစ်တော်အတွက်သစ္စာရှိသောတပည့်တော်

ခရစ်တော်အတွက်သစ္စာရှိသောတပည့်တော် Faithful and true disiple for Christ = ဆရာမဒေါ်လရှီခေါန်စင် အခြေပြုကျမ်းချက် – မ၁၆း၂၄၊ ၂၅း၂၁။ ၁ရာ၁၂:၂၄။ ယော၊ ၄း၂၄ စကားချီး ခရစ်တော်အတွက် သစ္စာရှိသောတပည့်တော်စစ် ဖြစ် ရန် မလွယ်ကူပါ။ ကျွန်မတို့ခရစ်ယာန်များသည် အပေါ်ယံ သိုး ရေ ခြုံထားသော အမည်ခံခရစ်ယာန်များသာ ရာခိုင်နှုန်း များနေ ပါသည်။ သို့သော်လည်း ကျွန်မတို့တတ်နိုင်သရွေ့ ကြိုးစားအား ထုတ်ပြီး၊ ခရစ်တော်အတွက်သစ္စာရှိသောတပည့်တော်စစ် ဖြစ် ရန် ကြိုးစားရန်တင်ပြအားပေးလိုပါသည်။ ရှင်မဿဲ၊ ၂၅း၂၁ “အရှင်ကလည်း သာဓု သစ္စာရှိ သော ငယ်သားကောင်းသင်သည်အမှုငယ်၌ သစ္စာစောင့်လေပြီများစွာသောအမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့” ဟုမိန့်တော်မူ၏။ ခရစ်တော်ပေးသောဥပမာကား လူတစ်ဦးသည်အခြား သောပြည်သို့သွားမည်ဟု အကြံရှိလျက်၊ မိမိငယ်သားတို့ကိုခေါ်၍ မိမိဥစ္စာများကိုအပ်ပေးထားသည်။ သူတို့အသီးသီး၏ အစွမ်း သတ္တိရှိသည့်အတိုင်း တစ်ဦးကိုခွက်(၅ဝ)၊ တစ်ဦးကို(၂ဝ)၊ တစ်ဦး ကို (၁၀) ပေးထားပြီး ခရီးပြုလေသည်။ ကာလကြာမြင့်ပြီးမှ အရှင်သည်လာ၍ ထိုငယ်သားများကိုစာရင်းယူလေသည်။ ခွက်(၅ဝ)အပ်ထားခံရသော သူနှင့်နှစ်ဆယ် အပ်ထားခံရသောသူတို့သည် Read more…

ကျွန်ုပ်ဟာ အလကား

ကျွန်ုပ်ဟာ အလကား 👉🏿 ကိုယ်တိုင် ကယ်တင်ခြင်းစိတ်ချမှု        ရကြောင်း သက်သေ မရှိဘဲ        ကယ်တင်ခြင်းအကြောင်း        ဟောပြောနေရင်..       ကျွန်ုပ်ဟာ အလကား။ 👉🏿 ကိုယ်တိုင် ကျမ်းစာဖတ်ရှုလျက်      သမ္မာတရား ပိုင်းခြား သိမြင်ခြင်း မရှိဘဲ       သူတပါးကို ကျမ်းစာ           ဖတ်ဖို့ပြောနေရင်… .     ကျွန်ုပ်ဟာ အလကား။ 👉🏿 ကိုယ်တိုင် ဆုတောင်းပြီး         ဘုရားသခင်၏             အဖြေမရဖူးဘဲနဲ့ ဆုတောင်းဖို့ .       ဟောပြောနေရင်..                ကျွန်ုပ်ဟာ Read more…

“အဖေ့မော်ကွန်း”

ချစ်လှမောင် အတိတ်က အဖေဟာ ဇီရိုး ဟီးရိုးဖြစ်အောင်နောင်လာနောက်သား အမှားမရှိအောင်အမှောင်ထဲက မီးအိမ် အကြိမ်ကြိမ် လင်းပြ အကြိမ်ကြိမ်ရုန်းထ ဘဝကို အန်တုရင်း . . . ။ အတိတ်က အဖေဟာ ဟီးရိုး ဇီရိုးမဖြစ်အောင်နောင်လာနောက်သား အမှားမရှိအောင်၊ အမှောင်ထဲက မီးအိမ် အကြိမ်ကြိမ် လမ်းပြ သာဓကများစွာနဲ့ … … … ။ အကျွန်ုပ်၏အဖေ အတ္ထုပ္ပတ္တိဖေါ်ညွှန်း၊ အောက်မေ့ဖွယ်လွမ်းတ မနေ့တစ်နေ့ကလို ပါပဲ။ အကျွန်ုပ်၏အဖေ အနှုတ်ရဲ့ လက္ခဏာ၊ စုံးစုံးမြုပ်နေရာမှ ကမ္ဘာပေါ်ရှိ၊ အဖေများ၏ မှတ်တမ်းပေါ် မော်ကွန်းရေးနိုင်ခဲ့တယ်။

“နေ့စဉ်မြင်ကွင်း”

ချစ်လှမောင် တဖြည်းဖြည်းနဲ့ နီးကပ် ဖိနပ် ရှပ်တိုက်သံ၊ ခွက်ပန်းကန်ဆီသို့ ချောက်ကမ်းပါးထဲ မကျအောင်လှမ်း အလင်းတံခါးဝတွေ့သူ 。。。 ။ တဖြည်းဖြည်းနဲ့ နီးကပ် ဖိနပ်ရှပ်တိုက်သံ၊ ခွက်ပန်းကန်ဆီသို့ မည်သူမည်ဝါမသိ မျှော်လင့်ခြင်း ပြည့်စေဖို့။ အလင်းကွယ်၍ တွယ်ရာမယ့်ဘဝ၊ လမ်းမပေါ်ကလူ ဒုက္ခကိုရင်ဆိုင် ခြေသလုံးအိမ်တိုင်ဆိုပါတော့။ စမ်းတဝါးဝါးကြောင့် အမှားမရှိအောင်သွား ဝမ်းနည်းမှုတွေကို ဖြေသိမ့် ခြေနေတူ ဘဝများ၊ ခွန်အားဖြင့် နိုးထ ဖေးမလက်တွဲ၊ ဆန္ဒခိုင်မြဲလျက် ဘုရားကျောင်းထဲ ဝင်လာသူ ဗာတိမဲ၏ အသက်တာ အထက်က မျက်စိကန်း၍ ယခု မျက်စိမြင်သည် ဝိညာဉ်အလင်းရသောကြောင့်။ မည်သူမည်ဝါမသိ ကိုယ်ချင်းစာအသိဖြင့် မျှော်လင့်ခြင်း ပြည့်စေဖို့ ဝိညာဉ်အလင်းရစေဖို့

“သခင့်လက်ရာ”

ဖိုးတုတ် (KZK) အပြင်ပန်းရိုးရှင်း အတွင်းပိုင်း ရှုပ်ထွေး ဇီဝဆဲလ်တွေ ဘယ်သိပ္ပံရှာလို့ မနိုင် အနုစိတ်ခြင်း အထပ်ထပ် ပညာအလွှာလွှာနဲ့ ပြည့်နှက်နေတာမို့ သူ့ပညာလက်ရာ အံ့ဩဖွယ်ကြီးမြတ် ဘယ်သူမှ မမှီ သခင့် အနုပညာလေ . . . ။

ထာဝရရှင်သန်သူများ

မင်းမာန်ဟုန်(ကျောင်းကုန်း) သူတို့ဟာ အားအနည်းဆုံးသူများ သို့ငြား ကြီးမားအံ့ဖွယ်ပြုခဲ့တယ်… •သူတို့ဟာ ကြောက်တတ်သူများ သို့ငြား ဓားလက်နက်ကိုင်စွဲခဲ့ကြတယ် … သူတို့ဟာ ရှက်သည်းပိုသူများ • သူတို့ဟာ သို့ငြား လောကသားအတွက် စွန့်ရဲတယ် … အားငယ်တတ်သူများ သို့ငြား သခင်ဘုရားကို ကိုးစားလွန်းလှတယ် … ‘မိရိအံ ‘‘ဒေဗောရ’ ‘ဧသတာ’ “မာရိ’ ရှိသမျှ အစွမ်းနဲ့ လူသားအကျိုးဆောင်ခဲ့တယ် . . . သူတို့ဟာ မိန်းမသား ပုခက်လွှဲသော လက်များပိုင်ရှင် ကမ္ဘာမြေရဲ့ရာဇဝင်မှာ အစဉ်ထာဝရ အမှတ်ရလို့ နေသင့်သူ။ ။

ဝိညာဉ်အတွက်

လူသား(ဆားမှော်) အမြင်ခန္ဓာ စားစရာကို တစ်နေ့သုံးနပ် စားတတ်ကြတယ်။ ပြေးလွှားသည့်စိတ် စိုးထိတ်ထိတ်နှင့် လောကကြီးထဲ ပျော်တတ်သည်ပဲ။ အတွင်းဝိညာဉ် သူ လိုအင်ကို ဖြည့်ဆည်းဖို့များ မေ့နေပြီလား။ ကျမ်းစာနေ့စဉ် ဖတ်ရှုဆင်ခြင် ဘုရားကျေးဇူး အထူးချီးမွမ်း။ ဘုရားနှင့်သာ စကားပြောပါ ဝိညာဉ်အစာ ပြည့်စုံလာပြီ ဝိညာဉ်သတိ အစဉ်ရှိကာ ဝိညာဉ်ခန္ဓာ ကြီးထွားမည်။

မအိုဆေး သောက်သူများ

။ချစ်လှမောင် ။ ဘီယာဆိုတာ အရက်မဟုတ်ပါ ကြော်ငြာအားကိုးနဲ့ တစ်မျိုးကလေးယစ် တခစ်ခစ် ရယ်မော လောက စားပွဲဝိုင်းထဲမှာ ……….. တစ်ခွက်ပြီးတစ်ခွက် တစ်ရစ်ပြီးတစ်ရစ် နစ်သထက်နစ် ယစ်ထုပ်ဘဝ၊ တစ်စပြီးတစ်စ ဘဝမွန်းတည့်အချိန်မှာ………….. တစ်ခွက်တစ်ဖလားအတွက် နေရာဟောင်းများသို့ တိုးဝင် ပတ်ဝန်းကျင်မဲ့ ယိုင်နဲ့နဲ့ခရီး တစ်ကိုယ်တည်း လမ်းပေါ်မှာ.. ငါမအိုသေး ကြွေးကြော်လို့ မရသူ ထိုသူ အဲဒီလူ အရက်ပြတ်မရသူ ကယ်တော်မူကြပါ …. ငါမအိုသေး ကြွေးကြော်လို့ မရသူ ထိုသူ အဲဒီလူ ရုန်းထွက်လို့ မရသူ အုတ်ဂူကလေး စံနမူ…..