ပြောင်းလဲခြင်း – Conversion

လူတစ်ဦး ပြောင်းလဲလာသည်ဟု ဆိုရာ၌ အမှောင်မှ အလင်း သို့၊ စာတန်မာရ်နတ်မှ ဘုရားသခင်ထံသို့၊ အသက်ရှင်တော်မှုသော ခရစ်တော် ထံသို့ ပြောင်းလဲခြင်း ဖြစ်သည်။ (တ၁၅:၃ ၊၂၆:၁၈၊ ၁သက် ၁:၉၊ မ၊ ၁၃:၁၅၊ ၂ကော ၃:၁၆) နောင်တရခြင်းတည်းဟူသော အတွင်းမှပြောင်းလဲခြင်းကို ပြင်ပ ပြောင်းလဲခြင်းအားဖြင့် ဖော်ပြသည် (တ ၃:၁၉ ၊၂၆:၂၀) “လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။” ‭‭၂ ကော ၅း၁၇။

ချေးငှားခြင်း – Lending

လိုအပ်နေသောအပေါ် အခြားလူက အမြတ်မထုတ်ရန် နှင့် ထိုလူအား ကရုဏပြရန် နှင့် ထိုသူအား မိမိနှင့် ညီတူညီမျှ ဆက်ဆံရသည်။ ဆင်းရဲသောသူအား ငွေကြေးနှင့် ကုန်ပစ္စည်းများ ငှားခွင့်ရှိသော်လည်း အတိုးတောင်းခံခြင်း မပြုရပေ (ထွက် ၂၂:၂၅ ၊ဝတ် ၂၅:၃၅-၃၈ ၊ဆာ ၁၅:၅ ၊ယေဇ ၁၈:၁၀-၁၃) သူတို့ထံမှ အတိုးတောင်းခံခြင်းမပြုရသော်လည်း သူတို့ထံမှ ပစ္စည်းတစ်ခုခု ကို ငွေကြေးထုတ်ချေးသူက ခေတ္တတောင်းယူထားနိုင်သည်။ သို့သော် ထိုသူနေ့စဉ် အသက်ရှင်သန်ရန် လိုအပ်သည့် ပစ္စည်းမျိုးမဖြစ်စေရ။ ( ထွက် ၂၂:၂၆-၂၇ ၊တရား ၂၄:၆ ၊၁၀-၁၃) ငွေမျာ:ပေးဆပ်ရန် ငွေချေးသူ အလုပ်လုပ်လိုပါက ငွေပေးချေးငှားသူက အလုပ်ခန့်ထားနိုင်သည်။ သို့သော် ကျွန်အဖြစ် Read more…

မာန်မာနထောင်လွှားခြင်း – Pride

မာနထောင်လွှာခြင်း၏ ဦးတည်ချက်သည် မိမိအတွက်သာ မိမိ စဉ်းစားခြင်း ဖြစ်သည်။ မာနထောင်လွှာခြင်းသည် လူကို ကျရှုံးစေသော ၊ အခက်ခဲဆုံးသော မကောင်းမှုဖြစ်သည်။ (သု ၁၆:၁၈၊ ဒံ ၅:၂၀၊ ဩ ၃၊ မာ ၇:၂၁-၂၂၊ ရော ၁: ၂၈-၃၀) အခြားသူများအားလုံးထက် သာသည့်အရာကို လိုချင်ခြင်းဖြစ်သည်။ (သု ၁၄:၂၁၊ မာ ၂၃:၅-၇-၁၂၊ ၁ယော ၂:၁၆) မာနထောင်လွှာခြင်းသည် ဘုရားသခင်ကို ပုန်ကန်စေသည်။ တခြားသူများကို စက်ဆုပ်အထင်သေးခြင်း။ မိမိထက် နိမ့်ကျသည်ဟု ထင်မှတ်ခြင်းကြောင့် ဖြစ်သည်။ ( ထွက် ၅:၂၊ ဟေရှာ ၁၄:၁၂-၂၅၊ လု ၁၈:၉-၁၁) မိမိ ကိုယ်မိမိ Read more…