အသင်းတော်ကျောင်းနေ့

(CHURCH SCHOOL DAY)

အသင်းတော်ကျောင်းနေ့ကို အသင်းတော်တိုင်းလိုလိုတွင်ပင် ဂ ကလေး သူငယ်များအား ဓမ္မပညာပို့ချသည့် အစီအစဉ်တစ်ရပ်အနေဖြင့် ပြုလုပ်လျှက် ရှိသည်။ အသင်းတော်ကျောင်းဟုခေါ်သော်လည်း ကလေးလူကြီးများက (Sun day School) တနင်္ဂနွေနေ့ကျောင်းဟူ၍ပင်ခေါ်ဝေါ်လျှက်ရှိသည်။

တနင်္ဂနွေနေ့ကျောင်းကို အစပြုခဲ့သူမှာ အင်္ဂလန်ပြည် ဂလောက်ဇက် စတာမြို့ (Gloucester) မှ ထုတ်ဝေသူ ရောဘတ်ရိတ်ခ်စ် (Robert Raikes) ဆိုသူဖြစ်သည်။ သူသည် ပျော်ပျော်နေတတ်ပြီး အလုပ်ကို သေသေချာချာ မှန်မှန် ကန်ကန်နှင့် စနစ်တကျ ပြုလုပ်တတ်သည်။ ရည်ရွယ်ချက်လည်း စွဲစွဲမြဲမြဲထား ရှိသည်။ နှစ်ပေါင်းများစွာ၎င်း၏ ပုံနှိပ်စက်တစ်ခုသာ တည်ရှိ၍ ပုံနှိပ်စက်ပိုင်ရှင် အဖြစ် စာပေဝါသနာရှိသော လူများနှင့် ထိတွေ့သိရှိခွင့်ရခဲ့သည်။ သတင်းစာ ဆရာတစ်ဦးအဖြစ်နှင့်လည်း မိမိ၏ကောင်း မြတ်သောသဘောတရားနှင့် ခရစ်ယာန်စိတ်ထားတို့ကို လူတို့အားသိရှိစေခဲ့သည်။

ရှေးဦးစွာ သူသည် အကျဉ်းထောင်ကို အာရုံစိုက်မိသည်။ အကျဉ်းသား များ သည် အလုပ်မလုပ်ဘဲ အားလပ်နေခြင်း၊ မသိနားမလည်ခြင်းတို့ကြောင့် ပျက်စီးခဲ့သဖြင့် ထိုသူတို့အား အကျင့်တရား ကောင်းမွန်စေရန် သွန်သင်လမ်းပြ ပေးနိုင်လျှင် ထိုသူတို့၏ အသက်တာကို ပြုပြင်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် သူ၏ကြိုးစားမှုမှာ အောင်မြင်မှုမရှိခဲ့ချေ။

၁ရ၈ဝ ခုနှစ် ရောက်သောအခါ ဤပြဿနာသည်ကလေးအရွယ်မှ စတင် ဖြေရှင်းမည်ဟု ဆုံးဖြတ်သည်။ သူ့ပတ်ဝန်းကျင်ရှိ ညစ်ပတ်ဆင်းရဲ နွမ်းပါး သော ကလေးများသည် တနင်္ဂနွေနေ့တွင် လမ်းမပေါ်ကစားနေခြင်း၊ သောက်စား

မူးယစ်နေခြင်း၊ ညစ်ညမ်းသော သီချင်းများသီဆိုခြင်း စသည်ဖြင့် တွေ့ရသည်။ ဂလောက်ဇက်စတာမြို့သည် စက္ကူတွယ်သည့် ပင်အပ်ကလေးများပြုလုပ်သော စက်ရုံ (Pin Factory) ရှိရာ အရပ်ဖြစ်ပြီး ၄င်းစက်ရုံတွင် ကလေးအလုပ်သမား များကို ငှားရမ်းထားကြသည်။ ရက်သတ္တပတ်လုံး အလုပ်လုပ်သောကလေးများ သည် တနင်္ဂနွေနေ့၌ အမျိုးမျိုးအဖုံဖုံ လေလွင့်နေကြသည်။

ပထမဦးစွာ ယောက်ျားလေးများကို စုဆောင်းပြီး ဆင်းရဲသော အမျိုးသမီးတစ်ဦးကို တစ်နေ့လျှင် တစ်သျှီလင်နှုန်းဖြင့် နေ့စားငှား၍ ကလေးများ ကို သင်ကြားစေခဲ့သည်။ ပထမတွင် ပတ်ဝန်းကျင်၏ လှောင်ပြောင်ခြင်းခံရသည်။ သုံးနှစ်စမ်း သပ်မှုပြု လုပ်ပြီးနောက် ကျေနပ်မှု ရလာသည့်အခါ သတင်စားမှနေ၍ လည်းကောင်း အခြား နည်းလမ်းများဖြင့် လည်းကောင်း ကလေးများအကြောင်း ကို ကြေငြာခဲ့ရာ ဝက်စလီ ညီအစ်ကိုများနှင့် ဝှိုက်တ်ဖီး (Wesley Brothers and Whitefield) တို့၏ အားပေး မှုကိုရရှိခဲ့သည်။ ၁၇၈၃ ခုနှစ် နိုဝင်ဘာလ (၃) ရက်တွင် တနင်္ဂနွေနေ့ကျောင်းကိုလုပ်ငန်း တစ်ခုအဖြစ် အသိအမှတ်ပြုလျှက် အစပြုခဲ့ကြသည်။

၁ရ၈၅ ခုနှစ်တွင် ချမ်းသာကြွယ်ဝသော နှစ်ခြင်းအသင်းတော်ဝင်သာမန် အသင်း သားဖြစ်သည့် ဝီလီယံဖောက်စ် ( William Fox ) နှင့်ရောဘတ်ရိတ်ခ် တို့ ပူးပေါင်းပြီး တနင်္ဂနွေနေ့ ကျောင်းများအသင်းကို စည်းရုံးဖွဲ့စည်းခဲ့ကြသည်။ ထို့ကြောင့် ဂလောက်ဇက်စတာမြို့၌ တနင်္ဂနွေနေ့ကျောင်း (၅) ကျောင်း ပေါ်ပေါက် လာပြီး ကျောင်းနှင့် ပတ်သက်သော စည်းမျဉ်းဥပဒေစာအုပ်များ ထုတ်ဝေရေး တို့ကို ရေးဆွဲခဲ့ကြသည်။ လေးနှစ်ကြာသောအခါ အင်္ဂလန်နိုင်ငံ၌ တနင်္ဂနွေနေ့ ကျောင်းသို့ လာရောက်သော ကလေးဦးရေ နှစ်သိန်းခွဲ (၂၅ဝဝဝဝ) အထိ တိုး တက်လာပြီး ကလေးများ၏ စာရိတ္တမှာလည်း အထူးကောင်းမွန်တိုးတက်လာ ကာ ရာဇဝတ်မှု ကျူးလွန်ခြင်းများ သိသိသာသာ လျော့နည်းသွားခဲ့သည်။

ထို့နောက် အသင်းတော်ရှိ သင်းအုပ်ဆရာများထံသို့ စာရေးအကြောင်း ကြားကာ ကလေးများ၏ဝိညာဉ်ရေးနှင့် ဘုရားသခင်၏ သမ္မာတရားအကြောင်းကို သိရှိနား လည်ရန်၊ ယဉ်ကျေးသိမ်မွေ့မှုရှိစေရန်၊ စာပေဝါသနာ လေ့လာတတ်ရန် တိုက် တွန်း ခဲ့သည်။ ထို့ကြောင့် လန်ဒန်မြို့၌ လည်းကောင်း၊ အမေရိကန်ပြည် ထောင်စု၌ လည်းကောင်း၊ ဗာဂျီးနီးယား၌လည်းကောင်း တနင်္ဂနွေနေ့ကျောင်းများကို စတင် ဖွဲ့စည်း တည်ထောင်လာခဲ့သည်။ ၁၈၁၁ ခုနှစ်တွင် ရောဘတ်ရိတ်ခ်သည် ဒူလာ ရောဂါ ဖြင့် နာရီ ဝက်ခန့် ဖျားပြီးနောက် သေဆုံးခဲ့သည်။ ၄င်း၏ ရုပ်ကလာပ်ကို သူ၏ တပည့်များက တနင်္ဂနွေနေ့ကျောင်း သီချင်းများ သီဆိုကာ သင်္ချိုင်းကုန်းသို့ ပို့ဆောင်ခဲ့သည်။

တနင်္ဂနွေနေ့ကျောင်းသည် ကလေးများအတွက် သင်ကြားပို့ချမှုပြုရန် အရေးပါသော ဌာနဖြစ်လာပြီး ၁၈၁၂ ခုနှစ်မှ အစပြုကာ အစီအစဉ်များ တိုးချဲ့ ပြုလုပ်ခဲ့သည်။ မြို့နယ်အလိုက် အဖွဲ့အမျိုးမျိုးဖွဲ့စည်းကြပြီး တနင်္ဂနွေနေ့ ကျောင်းများကို တိုးမြှင့်လာခဲ့သည်။ ၁၈၂၄ ခုနှစ်တွင် အမေရိကန် တနင်္ဂနွေနေ့ ကျောင်းအသင်းချုပ် (Americsn Sunday School Union) ကို ဖွဲ့စည်း သည်။ ဂိုဏ်းဂဏအသီးသီး၌ အပြိုင်အဆိုင် ကျောင်းများ ဖွင့်လှစ်သင်ကြား ပေးခဲ့သည်။ သို့သော် သင်ကြားမှုရည်ရွယ်ချက်များ ကွဲပြားခြားနားမှုရှိကြသည်။ တချို့တို့မှာ လောကီပညာရပ်များကို ဦးစားပေး၍ သင်ကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တနင်္ဂနွေနေ့ကျောင်းကို အစပြုခဲ့သူမှာ ယုဒသန်၏ဇနီး မမအဲန် အစပြုခဲ့ကြောင်း သိရှိရသည်။ “ဥပုသ်စာဖြေ” ဟု ခေါ်ဝေါ်ခြင်းမှာ တနင်္ဂနွေနေ့သည် ခရစ်ယာန်များ၏ ဥပုသ်နေ့ဖြစ်ပြီး ထိုနေ့၌ ဓမ္မအမေးအဖြေများ ဆွေးနွေးမှုပြုရာမှအစ ဥပုသ်စာဖြေဟု မှည့်ခေါ်လိုက်ခြင်းဖြစ်ဟန်တူသည်။ ထို့နောက်မြန်မာနိုင်ငံသို့ ရောက်ရှိလာသော သာသနာပြုဆရာများ တစ်ဆက်ပြီး တစ်ဆက် ဥပုသ်စာဖြေကျောင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ တနင်္ဂနွေ

နေ့တွင် ကလေးသူငယ်များအား စုရုံးပြီး ကျမ်းစာသင်ပေးခြင်း၊ သီချင်းသင်ခြင်း၊ ပုံပြောခြင်းတို့ကို ပြုလုပ်ကြသည်။ အဓိက ရည်ရွယ်ချက်မှာ ကလေး သူငယ်များ ၏ သာသာရေ။အသိပညာတိုးတက်ဖွံ့ဖြိုးရန်နှင့် သမ္မာကျမ်းစာတတ် မြောက်ရန် ဖြစ်သည်။ ဤသို့ သာသနာပြုဆရာ၊ ဆရာမများမှာ အစပြုခဲ့ သော ဥပုသ်စာဖြေ ကျောင်းလုပ်ငန်းကို ခရစ်ယာန်ဘာသနာကျောင်း များတွင် အလုပ် လုပ်လျှက်ရှိ သော ဆရာ၊ ဆရာမများသို့ တာဝန်လွှဲပြောင်း၍ သင်ကြားစေခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကိုယ်ပိုင်စာသင်ကျောင်းများအားလုံး ပြည်သူပိုင်ပြု လုပ်လိုက်ပြီး သောအချိန်မှစ၍ ဥပုသ်စာဖြေကျောင်းလုပ်ငန်းသည် အသင်းတော် ၏ တာဝန်လုံးလုံးဖြစ်လာခဲ့ရသည်။

ထိုအချိန်မှစ၍ ဥပုသ်စာဖြေကျောင်းကို အသင်းတော်တိုင်းတွင် ကလေးမှအစ လူကြီးအထိ အသက်အရွယ်လိုက်၍ ခွဲခြားသင်ကြားပေးသည့် အတွက် ကျယ်ပြန့်သော လုပ်ငန်းဖြစ်လာသည်သာမက အသင်းတော်၏ အဓိက လုပ်ငန်းလည်းဖြစ်လာကြောင်း သိရှိခဲ့ရသည်။ ယခင်က နှစ်စဉ်ဇွန်လ ဒုတိယ တနင်္ဂနွေနေ့ကို ဥပုသ်စာဖြေ ကျောင်းနေ့ (သို့) အသင်းတော်ကျောင်းနေ့ဟုသတ် မှတ်ကျင်းပသော်လည်း ၁၉၉၅ ခုနှစ်မှစ၍ အသင်းတော်ကျောင်းနေ့၊ ဇွန်လ၊ ဒုတိယ အပတ်၌ ကျင်းပပြုလုပ်နေသည့် နေ့ရက်အစား စက်တင်ဘာလ၊ နောက် ဆုံးပတ်၊ တနင်္ဂနွေနေ့သို့ ပြောင်းရွှေ့သတ်မှတ်ကျင်းပပြုလုပ်ရန် အားလုံး သဘော တူ ဆုံးဖြတ်ကြပါသည်။

နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံရှိ နှစ်ခြင်းအသင်းတော်များ၌ ဤအစီအစဉ် ကျင်းပခြင်းအားဖြင့် အသင်းတော်ဓမ္မပညာကျောင်းသည် အရေးကြီးကြောင်းနား လည်လျှက် အသင်းတော်ဓမ္မပညာကျောင်းကို အားလုံးဝိုင်းဝန်းပံ့ပိုးပေး စေလိုပါ သည်။

အသင်းချုပ်ခရစ်ယာန်ဓမ္မပညာဌာနမှ နှစ်စဉ်အသင်းတော် ဓမ္မပညာကျောင်းဆရာဖြစ်သင်တန်းများ၊ နွေဥတုကျမ်းစာကျောင်းဆရာဖြစ် သင်တန်း များ အသင်းတော်ဓမ္မပညာ ခေါင်းဆောင်သင်တန်းများ၊ သက်ကြီးအသင်းတော် ကျော်၊ သင်ရိုးညွန်းတမ်း အလုပ်ရုံဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိ ပါသည်။ အသင်းတော်ဓမ္မပညာ ကျောင်းဆရာ နည်းပြသင်တန်းများကို နှစ်စဉ် ဖွင့်လှစ်နိုး ရန်ကြီးစားလျှက်ရှိပါသည်။

အသင်းတော်ကျောင်းသင်ခန်းစာများကို ကေဂျီမှ လူငယ်ထိ တစ်နှစ်စာ သင်ခန်းစာ စာအုပ်များထုတ်ဝေဖြန့်ချီ ပေးနေပါ သည်။ သက်ရွယ်၊ သက်လတ်၊ သက်ကြီးများအတွက် သမ္မာကျမ်းစာလေ့လာနိုင်သော သင်ခန်းစာ စာအုပ်များ လည်း ထုတ်ဝေဖြန့်ချိလျက်ရှိပါသည်။ သင်ထောက်ကူအသင်းတော်ဓမ္မပညာကျောင်းအတွက် အောက်ပစ္စည်းများကို ထုတ်လုပ်ပါသည်။ ၎င်းတို့မှာ –

(၁)ဖလံထည်ရုပ်ပုံများ

(၂) ရုပ်ပုံကားချပ်များ

(၃) အရောင်ခြယ်စာအုပ်များ

(၄) အစက်ဆွဲအရောင်ခြယ်စာအုပ်များ

(၅) သီချင်းခွေများ

(၆)VCD, MP3, DVD, CD

(ရ) ကစားနည်းစာအုပ်

(၈)သမ္မာကျမ်းကစားနည်းကတ် တို့ဖြစ်ပါသည်။