DEACON – သင်းထောက်လူကြီး

ကနဦးယေရုရှလင်မြို့ အသင်းတော်တွင် ခရစ်ယာန် များသည် မိမိတို့၌ရှိသော စားသောက်ဖွယ်ရာများနှင့် အခြား ပစ္စည်းများအား အသင်းတော်တွင်းရှိလူအားလုံးအတွက် လုံ လောက်စွာ ဝေမျှသုံးစွဲခဲ့ကြသည်။ အစပထမ၌ တမန်တော်တို့ သည် နေ့စဉ်လုပ်ဆောင်ရမည့်ကိစ္စများကို စီမံခန့်ခွဲခဲ့ကြသော် လည်း အသင်းတော်တွင် လူဦးရေတိုးပွားလာသောအခါ၊ အစီ အစဉ်သစ်များလိုအပ်လာသည်။ တမန်တော်တို့သည် သင်ကြား ခြင်းနှင့် ဆုတောင်းခြင်းတို့အတွက် အချိန်ပိုမိုရရှိစေရန် အသင်းတော်၌ တမန်တော်တို့ ရွေးချယ်ခန့်အပ်သောလူခုနစ် ဦးအား ထိုအလုပ်ကို ဆက်လက်လုပ်ဆောင်စေသည်။ ထိုသူ တို့အား ဟေလသဘာသာစကားအရ “diakonos” အစေခံသူ သို့မဟုတ် ပြုလုပ်သူဟုခေါ်သည်။ သင်းထောက်လူကြီးဟု အဓိပ္ပါယ်ပြန်ဆိုနိုင်ပေသည် (တ၊၆း၁-၆။ ရော၊၁၂၊၇။ ၂ကော၊၁၁၊၈၊ ဧ၊၆၊ ၂၁။ ဖိ၊၁၊၁။ ကော၊၄၊၁၇။ ၁တိ၊၃း၈)။
ရှေးဦးအသင်းတော်များသည် အရေအတွက်အား ဖြင့် လူဦးရေတိုးပွားလာသည်နှင့်အမျှ ၎င်းတို့၏ ကိစ္စအဝဝကို စနစ်တကျ လုပ်ဆောင်ရန်လိုအပ်လာကြောင်း သိလာကြသည်။ အခါအားလျော်စွာ အသင်းတော်များ၌ သင်းထောက်လူကြီးဟုခေါ်သော လူတစ်စုအား အသင်းတော်၏ဝတ္တရားများ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ကြသည်။ “Diakonos”ဟူသောဝေါဟာရသည် အဓိပ္ပါယ်ကျယ်ပြန့်သောကြောင့်၊ သမ္မာကျမ်းထဲတွင် သင်းထောက်များ တာဝန်ဝတ္တရားများကိုတိတိကျကျသတ်မှတ်ခြင်းမပြုခဲ့ပေ။ သင် ထောက်လူကြီးများသည် အသင်းတော်၏ အကြီးအကဲများနှင့်ကို ပြားခြားနားကြသည်(ဖိ၊၁း၁။ ၁တိ၊ ၃း၁၊၈၊ “အကြီးအကဲခေါင်းဆောင်” ခေါင်းစဉ်ကြည့်ပါ)။ သင်းထောက်လူကြီးတို့သည် အမှုဆောင် လုပ် ငန်းများအတွက် တာဝန်များစွာရှိသော်လည်း၊ အသင်းတေ ၏ခေါင်းဆောင်မှုနှင့် သင်းအုပ်၏ တာဝန်ဝတ္တရားများကို တာဝန်ယူလုပ်ဆောင်ရန်မလိုပေ (တ၊၆း၃-၄။ ရော၊၁၂၆-ဂ)၊

မည်သို့ပင်ဆိုစေကာမူ၊ ယေရုရှလင်မြို့ရှိ ရှေးဦး အသင်းတော်သမိုင်းကြောင်းတွင် သင်းထောက်သည် အသင်း တော်အတွက် သာမန်လုပ်ငန်းများနှင့် အများကောင်းကျို၊ သယ်ပိုးသောလုပ်ငန်းများ ဆောင်ရွက်ရန်သာ ကန့်သတ်ထား သည်မဟုတ်၊ အုပ်ချုပ်သူခုနစ်ဦးအနက် နှစ်ဦးက တရားဟော ရာတွင် အလွန်အသုံးဝင်သည် (တ၊၆း၅ဂ–၁၀၊ ၈း၅)။ အမျိုးသား သင်းထောက်လူကြီးများကဲ့သို့ အမျိုးသမီးသင်းထောက်များ လည်း လိုအပ်ကြောင်း အခြားဥပမာများအားဖြင့် ဖော်ပြသည် (ရော၊၁၆း၁-၂။ ၁တိ၊၃း၁၁။ လု၊ဂး၁–၃။ ၁တိ၊၅း၁၀)။

သာမန်လုပ်ငန်းများကိုဆောင်ရွက်ရသည်ဖြစ်စေ၊မှန်သောစိတ်သဘောထားရှိရန် သင်းထောက်လူကြီးများသည်ဝိညာဉ်ခွန်အားကြီးသူများဖြစ်ကြရမည် (တ၊၆း၃)။ ထို့ကြောင့်သင်းထောက်တစ်ဦးကို မရွေးချယ်မီ ၎င်း၏ အကျင့်စာရိတ္တ၊ကျင့်ကြံပြုမူပုံနှင့် လုပ်ကိုင်နိုင်မှုစွမ်းရည်ကို သေချာစွာစစ်ဆေးရမည် (၁တိ၊၃း၁၀)။ ၎င်းတို့၏ အသက်တာသည် အိမ်ထောင်၊အသင်းတော်နှင့် ပတ်ဝန်းကျင်တို့တွင် အပြစ်ကင်းစင်နေရမည်(၁တိ၊၃းဂ’၁၃)။

ရှေးယေရုရှလင်အသင်းတော်၏ သင်းထောက်ရှေး ချယ်နည်းမှာ အသင်းတော်လူကြီးများက အသင်းသားများ အား သင့်တော်သူများကို ရှေးဦးစွာ ရွေးချယ်စေပြီ၊ ထို အသင်းတော်လူကြီးများက ၎င်းတို့အနက်မှ အသေအချ စဉ်းစားပြီးလျှင် သင်းထောက်လူကြီးများအဖြစ် ရွေးချယ်ကြ သည် (တ၊၆း၃)။ အားလုံးသိရှိနားလည်ရမည့် အချက်တစ်ချက် မှာ သင်းထောက်ဝတ်ကို ကောင်းမွန်စွာဆောင်ရွက်နိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကို ခံစားရပြီးမှသာ လျှင် ထိုကျေးဇူးတော်အားဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်မည်။(ရော၊၁၂း၇။ ၁ကော၊၁၂၊၄-၇၊၁၁။ ၁ပေ၊၄၊၁၁)။