JOTHAM – ယောသံ

ဂိဒေါင်၏သား ယောသံအကြောင်း တရားသူကြီး မှတ်စာ၌ မှတ်တမ်းပြုထားသည်။ ဂိဒေါင်အနိစ္စရောက်ပြီး နောက် မိမိ၏ ညီအစ်ကိုများအား သားဖြစ်သူ အဘိမလက်က သတ်ပစ်ပြီး အသုံးမကျသော ရှေခင်မြို့သားများ၏ အကူအညီ ဖြင့် မိမိကိုယ်မိမိ မင်းမြှောက်သည်။ ထိုသတ်ဖြတ်ခြင်းမှ တစ်ဦး တည်းသော လွတ်မြောက်သူ ဂိဒေါင်၏ သားယောသံက ရှေခင် မြို့ သားတို့အား မိမိတို့အပေါ် ဒုက္ခရောက်စေခဲ့သည့်အကြောင်း သတိပေးသည့်အနေဖြင့် ဥပမာတစ်ခုပြောဆိုခဲ့သည် (တရား၉း၁ ၂၁)။ များမကြာမီ သူကြိုတင်ပြောခဲ့သည့်အတိုင်း အဘိမလက်နှင့် ထောက်ခံသူတို ့အပေါ် အမှန်ပင်ကျရောက်ပြီး ရည်မှန်းချက် – ကြီးမားမှုကြောင့် အဘိမလက်သေဆုံးခဲ့ရပြီး၊ ထောက်ခံသူ အပေါင်းတို့လည်း ပျက်စီးကြရသည် (တရား၊၉း၅၇)။

နောက်အနှစ်ငါးရာခန့်ကြာပြီးနောက် သမ္မာကျမ်း၌ ယောသံအမည်ရှိသူတစ်ဦးပေါ်ပေါက်လာပြန်သည်။ ဩဇီမင်း၏ သားတော်ဖြစ်ပြီး ဩဇိမင်းနူနာခဲ့သောအခါ ဖခင်အား ကူညီပြီး ယုဒပြည်ကို အုပ်ချုပ်ပေးခဲ့သည် (၆ရာ၊ ၂၆း၂၁)။ (၇၃၉ဘီစီ)တွင် ခမည်းတော်နတ်ရွာစံပြီးနောက်၊ ခမည်းတော်စတင်ခဲ့သည့် ယုဒပြည်သည်လည်း ကြီးပွားတိုးတက်မှုကို ဆက်လက်ခံစား ကြရသည် (၆ရာ၊၂၇း၁-၆။ “UZZIAH -ဩဇိမင်း” ခေါင်းစဉ်ကိုကြည့်ပါ)။ မည်သို့ပင်ဖြစ်စေ ဩဇိမင်းလက်ထက်က လောဘကြီးမှုနှင့် ညစ်ညူးမှုများ ယောသံမင်းအုပ်စိုးချိန်တိုင် ဆက်လက်တည်ရှိ သည်။ ထိုသို့သော လူမှုရေးနှင့် ဘာသာရေးအရ ဆိုးသွမ်းမှု အပေါ် ကျေနပ်နေကြသောလူတို့အား ပရောဖက်ဟောရှေ၊ ဟေရှာယနှင့် မိက္ခာတို့က ပြစ်တင်ပြောဆိုခဲ့ကြသည် (ယေရှာ၊၁။ ၁။ ဟော၊၁း၁။ မိ၊၁း၁)