no title has been provided for this book
လှိုင်းဆိုသည်မှာ ရွေ့လျားခြင်းကို ဆိုလိုပါသည်။ ထိုရွေ့လျားခြင်းသည် တစ်စုံတစ်ခု၏ တွန်းအားကြောင်းဖြစ်စေ၊ လှုပ်ရှားမှုတစ်ခုကြောင့်ဖြစ်စေ ဖြစ်တတ်သည့် သဘောဖြစ်ပါသည်။ ထိုကြောင့် လှိုင်းဆိုသည်မှာ တစ်စုံတစ်ခု၏ တွန်းအားကြောင့် ဖြစ်လာသော လှုပ်ရှားမှုတစ်ခုဖြစ်ပါသည်။ ရေထဲတွင် ဖြစ်ပေါ်သောလျှိုင်းကို ရေလှိုင်းဟုခေါ်သကဲ့သို့ လျှပ်စစ်စွမ်းအင်ကြောင့် ဖြစ်လာသော တုန်ခါမှုလှိုင်းကို လျှပ်စစ်လှိုင်းဟုခေါ်ပါသည်။ ထိုကြောင့် လှိုင်း ဆိုသည်မှာ ရေ၊ လေတို့နှင့်ထိ၍ရွေ့လျားခြင်း (သို့မဟုတ်) လျှပ်စစ်အဖိုအမ ထိတွေ့မှုကြောင့်လည်းကောင်း ဖြစ်လာသော တုန်ခါခြင်းမျိုးကိုခေါ်ပါသည်။ သီဩလော်ဂျီလှိုင်းဟူသည် လျှပ်စစ်လှိုင်းကဲ့သို့လည်းကောင်း၊ ရေလှိုင်းကဲ့သို့ လည်းကောင်း မြင်သာထင်သာသည့် ရွေ့လျားခြင်းမျိုးမဟုတ်ဘဲ၊ ဓမ္မဆိုင်ရာ တွေးခေါ်ခြင်းလှိုင်းမျိုးကို ဆိုလိုပါသည်။ ထိုလှိုင်းသည် မြင်သာထင်သာသည့် အသွင်သဏ္ဍာန်ဖြင့် ပေါ်လွင်ခြင်းမျိုးမဟုတ်ဘဲ၊ ခရစ်ယာန်ဓမ္မပညာဆိုင်ရာ တွေးခေါ်ခြင်းလှိုင်းမျိုးဖြစ်ပါသည်။ ယင်းဗျိုင်းသည် တွေးခေါ်ခြင်းဆိုင်ရာ အသိပညာ (ဖီလော်ဆိုဖီ)နှင့် ဓမ္မပညာဆိုင်ရာတွေးခေါ်ခြင်းတို့ ဆက်သွယ်ခြင်း မှ ဖြစ်တည်လာသော လှိုင်းဖြစ်ပါသည်။ ထိုကြောင့် သီဩလော်ဂျီလှိုင်းဆိုသည် မှာ အတွေးအခေါ်ဆိုင်ရာအသိပညာ (ဖီလော်ဆိုဖီ) အမျိုးမျိုးတို့အပေါ်၌ ခရစ်ယာန်သီဩလော်ဂျီ အမျိုးမျိုးကိုတည်ဆောက်ကာ ထိုတည်ဆောက်သည့် အတိုင်း ခရစ်ယာန်ယုံကြည်ချက် မာတိကာများအား အနက်အဓိပ္ပါယ်ရှင်းလင်း ဖေါ်ထုတ်ခြင်းမျိုးကို ခေါ်ပါသည်။


0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *

Rate this review