လူငယ်သွေး = မင်းမာန်ဟုန် (ကျောင်းကုန်း)

* ပေါက်ပွင့်နီနီဟာ နွေအပူကိုအံတုလို့ .. ဆက်ရက်ငှက်ငယ်တို့လည်း လေရူးကိုမမှုဘဲ ပျံဝဲတေးဆို လက်ပံပင် ဆက်ရက်ကျသလိုတဲ့ … ။ * တို့လူငယ်များ သခင်ဘုရားအတွက်မနေမနား ကျောင်းအားတဲ့ရက် သခင့်အတွက်ပေးဆပ်လို့ တွဲလက်တွေညီ ပေါက်ပန်းနီနီနဲ့ ငှက်ကျေးဆက်ရက်တို့လိုပ နွေကိုအလှဆင် မြင်ရသူ ရင်ကိုအေးမြခြင်း လူငယ်သွေးချင်းတို့ရဲ့ ရှင်သန်ခြင်းယဇ်ပလ္လင်ထက် မြော်လင့်ခြင်းလက်တို့ဆင့်ကမ်းနေ။  

အချစ်သင်္ကေတ ။ ချစ်လှမောင် ။

အချစ်သင်္ကေတ ။ ချစ်လှမောင် ။ အကြည့်ချင်းဆုံ ရင်ခုန်လှုပ်ရှား၊ မျက်လုံးချင်းစကား နှလုံးသားမှာ ငြိတွယ် ဪ … ဆယ်ကျော်သက်များ ဖြစ်ပြီမို့။ ဆယ်စုတစ်စု၊ ဖြစ်တည်မှု၌ ယုယုယယလှလှပပ သင်္ဂါရများစွာဖြင့် ငါဖြတ်သန်းခဲ့ရသည်။ အချစ်ကို သက်သေပြဖို့ လောကကတိ၊ သတ္တိရှိရှိ ဘုရား၏ရှေ့၊ လူတို့ရှေ့မှာ သစ္စာပြုဖေါ်ကျူး “Yes I do” အိမ်သူသက်ထား၊ နှလုံးသားပိုင်ရှင်၏ မကြည်လင်သော မျက်စောင်းလေးများ မပီပြင်သော ဟန်ပန်လေးများ သံစဉ်မညီသော နှုတ်စကားလေးများ အမှားအမှန် ဝေခွဲ ခိုင်မြဲသော သစ္စာကြောင့် ဆယ်စုနှစ်တွေ အလီလီ၊ ရွှေ့သွားပြီဖြစ်သော်လည်း အချစ်၏ သင်္ကေတ၊ ချော့ကလက်အရသာ ရင်ထဲမှာ .. ကမ္ဘာမြေတည်သ၍ .. Read more…

မှတ်ကျုံးကာဆင်ခြင်

ခရစ်တော်မွေးနေ့ အကြောင်းပြုကာ ဗိမာန်တော်တွေ အိမ်တွေ ဆင်ခြင်မိတာ . မိမိနှလုံးသား ပြင်ဆင်ရဲ့လား။ လမ်းတွေ ဈေးဆိုင်တွေမှာ အလှဆင်ထားတာ လှလိုက်တာ မီးကြိုးသွယ်တန်း လှပသစ်ဆန်း လင်းလက်တောက်ပ လှပေစွ မိမိအသက်တာ ပုံသက်သေကောင်းပြကာ ကိုယ်တော်ဘုန်းတော် ထင်ရှားစေရန် ရှင်သန်ခဲ့ရဲ့လား ဆင်ခြင်စဉ်းစား။ ခရစ်တော်မွေးနေ့သမယမှာ အချင်းချင်း အပြန်အလှန် လက်ဆောင်တွေပေး ကျွေးမွေးနေချိန် မွေးနေ့ရှင် ခရစ်သခင်အတွက် ဘာလက်ဆောင်ပေးဆက်။ မွေးနေ့ရှင်ခရစ်သခင်ကို မေ့ထားမိနေလား ကယ်တင်ရှင် မွေးဖွားခဲ့ကြောင်း ဝမ်းမြောက်ဘွယ်သတင်းကောင်းကို လိုက်လံကာ နှုတ်ခွန်းဆက်သီဆို နှုတ်ဖျားမှလား၊ နှလုံးသားမှလား မေတ္တာနဲ့လား ဆန်းစစ်မိရဲ့လား ဆင်ခြင်ကာ စဉ်းစား။ ဝမ်းမြောက်ဖွယ် သတင်းကောင်းကြားရသူအပေါင်း ခရစ်သခင်ကို ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်ကာ ဘုရားရှင်ရဲ့ မေတ္တာခံစားရကာ Read more…

သင့်နှလုံးသားမှာ ခရစ်တော် မွေးဖွားခဲ့ပြီလား

လူသားတိုင်း ကယ်တင်ခြင်းရဖို့ ခရစ်တော်ဖွားမြင်ခဲ့တယ်လို့ အသွေးသွန်းကာ အပြစ်ဆေးကြောကာ အသက်စွန့်လျက်အပြစ်သားများ အပြစ်နွံတွင်းမှ လွတ်မြောက်ဖို့တွက် ကောင်းကင်နန်းကို စွန့်ခွာ လူ့ဇာတိ ခံခဲ့တယ်လို့ ကဲ့ရဲ့ ခြင်းတွေ ပြောင်လှောင်ခြင်းတွေကြား ညှင်းဆဲနှိပ်စက်ခြင်းခံကာ ကားတိုင်ထက်မှာ အသက်စွန့်ခါ သုံးရက်ကြာ ရှင်ပြန်ထမြောက်ခဲ့ အသက်ရှင်တဲ့ ခရစ်သခင်လို့ ဝမ်းမြောက်ဖွယ်သတင်းကောင်း ပြောကြားကြတယ်၊ ဝေမျှနေတယ် ကြွေးကြော်နေတယ်၊ သီဆို ဟစ်ကြွေးနေတယ် ကြားတတ်သောနား ရှိပြီလား။ ယုံကြည်လက်ခံကာ ဖိတ်ခေါ်လို့ သင့်နှလုံးသားမှာ ဖွားမြင်စေဖို့ ပြင်ဆင်စို့။ မပန်းချစ် (ပညာရေး)

အလင်း

ဒီဇင်ဘာလရောက်လာရင် အမျိုးမျိုးအလှဆင် ရန်ကုန်မြို့ ပြမွေးနေ့တော်ပွဲ ပျော်ရွှင်စွာနွှဲ။ ရောင်စုံမီးများထွန်းညှိချိတ်ဆွဲ အချို့မီးသီးတွဲ မှိတ်တုပ်မှိတ်တုပ် လင်းတခါ မှိတ်တလှည့် ဆွဲဆောင်လို့၊ တချို့ မီးသီးတွဲ မီးချောင်းတွေ အဆက်မပြတ် ထွန်းလင်းနေ၊ အားတော့ နည်းလှသလေ။ တချို့ မီးမောင်းလင်းအားကောင်း အမြင်ရှင်းစေကြောင်း။ သင်တို့သည် လောကအလင်းလို့ဆိုထား သင့်သက်တာမှာ မည်သို့လင်းကာ အသက်ရှင်သွား ဆင်ခြင်မိရဲ့လား။ မီးမောင်းများလို အားကောင်းကောင်းနဲ့ လင်းနိုင်ဖို့ ကိုယ်တော်ရှင်ရဲ့ နှုတ်ကပတ်စကား နှလုံးသွင်းထားလို့ ကျေးဇူးတော်ချီးမွမ်းကာ ဆုတောင်းခွန်အားယူလျက် အသက်ရှင်စို့။ မပန်းချစ်(ပညာရေး)

ဆားတစ်ပွင့်(Hero)

ဟီးရိုးဆိုတာ… တကယ်တော့ အဖေပါပဲ အန္တရာယ်နဲ့ ကြုံတဲ့အခါ ဟီးရိုးဟာလည်း လက်စွဲတော် ဖြစ်သွားနိုင်တာပါပဲ။ ဟီးရိုးတွေမှာ အပြုံးတွေရှားတယ်တဲ့ သင်မြင်အောင် ကြည့်လှည့်ပါ အပြုံးတွေဟာ… သူ့အပြုအမူတွေမှာပါ။ ဟီးရိုးတွေဟာ… ဒဏ်ရာတွေကို ဖုံးဖိထားတတ်ကြတယ် နာကျင်စရာတွေ မြင်တဲ့အခါ သင်ဝမ်းနည်းမှာ စိုးလို့ပါ။ မိသားစုအတွက် အသက်တောင် ပေးဆပ်နိုင်တဲ့အခါ … ဟီးရိုးတွေဟာ .. … တကယ်ကို ရဲရင့်လွန်းတယ်ဗျာ။ ဟီးရိုး

ဘဝမြောပင်။ ။ဖီ-ဂျက်(မြောင်းမြ)

ဖေဖေမေမေ၊ ရန်တွေဖြစ် သားသားမီးမီး၊ စိတ်တွေညစ် တွန်းထိုးအော်ဟစ်၊ ဝစီပစ် သားသားမီးမီး၊ အဝေးလစ်ညနေ နေဝင်၊ ပြန်လာရစ် အဟောင်းပြန်သစ်၊ သံကုန်ဟစ်ဖေဖေမေမေ၊ ပေါက်ကွဲနေ အခက်တွေ့ပေ၊ ရင်သွေးတွေ ပျော်ရွှင်မှုကင်း၊ စစ်တလင်း ကြင်နာကင်းမဲ့၊ အနေခက်လှောင်ပိတ်မွန်းကျပ်၊ ဘဝမှာ ထွက်ပေါက်ကိုရှာ၊ ဖြေမပါ၊ ထင်ရာကိုစိုင်း၊ စိတ်ရိုင်းမြစ်တွယ် နှုတ်ရခက်ကွယ် ဘဝမြေစာတွေရယ်။

အလွမ်းငါးဆယ်
ချော်ဇန်ခေါင်လွမ်း

တိမ်ပင်လယ်ပေါ် ငါးမျှားထွက်ခဲ့တယ် ငါးမရ ရေချိုးမပြန်ချင်ခဲ့သူ ကြယ်တွေကို ရေတွက်ရင်း နွေဟာ အလွမ်းငါးဆယ် ဖူးပွင့်လာတယ်။ ကြယ်တစ်ပွင့် နွေတစ်ပွင့်နဲ့ နွေရဲ့နေ့မှာ မိုးတိမ် နွေရဲ့ညမှာ မီးအိမ်ကို သီကုံးစွမ်မိတော့ တိမ်ပယ်လယ်က ပါးလာနမ်းတယ် ဟော .. ဘဝဟာ အလွမ်းငါးဆယ်နွေနဲ့ သစ်တိုင်အောက်မှာ ဂျော်ဒန်မြစ်လို တပျံ့ပျံ့ကြွ။

သူပြောခဲ့တယ်

ပီမွန်သော် မြို့ရွာအနှံ့ လှည့်လည်သွားလာပြီး တရားစရပ်တွေမှာ သွန်သင်တယ် နိုင်ငံတော် သတင်းကောင်းပြောတယ် ရောဂါဝေဒနာအမျိုးမျိုးကို ကုသပေးတယ် လူတစ်မျိုးနဲ့တစ်မျိုး တစ်နိုင်ငံနဲ့တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ် အစာခေါင်းပါးတာ ငလျင်လှုပ်တာတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ် ပြီးမှ အဆုံးရောက်လာလိမ့်မယ်။ ငလျင်လာတယ် စစ်ပွဲတွေ လာတယ် ဝူဟန်ဗိုင်းရပ်စ်လာတယ် ပြီးမှ အဆုံးရောက်လာလိမ့်မယ်။ လူတွေ ငြိမ်သက်အေးချမ်းစွာ နေထိုင်ရလိမ့်မယ်။