“မြင်ကွင်းတစ်ခုအကြောင်း”

ရှုပ်ထွေးဆူညံ၊ လူတကာအသံနဲ့မူးဝေနောက်အောင်၊တောင်မြောက်ပြေးလွှားမောင်းနှင်သွား၊ ကားများစွာ– ကိုယ်ပိုင်ကားမဲ့၊ မှတ်တိုင်တစ်ခုရဲ့ ကြားခရီးစဉ်မှာ၊ ငါရပ်နေရင်းလင်းကနဲအသိ၊ ဝိညာဉ်ရေးရာဆင်းရဲအတိ၊ လူတွေများစွာ လမ်းနံဘေး၊ ဝမ်းရေးအတွက်ကြိုးပမ်းရှာရသူတွေရုံးအဆင်းအတက်၊ကသုတ်ကရက်နဲ့ပြေးလွှားနေရသူတွေ လူအမျိုးမျိုး ၊ စိတ်အထွေထွေလူ့ စိတ်တွေမှာ— “တမလွန်အရေးတွေးယူ ၊ဆွေးပူကြပါမလား “ဟု ထိုအသိကြောင့် ရင်မချိလူတွေဆီအကြည် ၊ရုတ်သိမ်းမိရင်း ထူးမြတ်သခင်၊ကိုယ်တော်ရှင်ထံ တစ်ခွန်းစကားနဲ့ ၊ တောင်းလျှောက်ထားမိတယ် “အို—— အဘ ၊ထိုသူတို့၏ အပြစ်ကိုလွှတ်တော်မူပါ” သစ်ထွေးချစ်

ခံနိုင်ရည်စွမ်းအားပေးပါ

ခံနိုင်ရည်စွမ်းအားပေးပါ@@@@@@@@@@@ ဘုရားသခင်ဆီကနေကျနော်တို့ဘာကိုမြော်လင့်နေကြပါလိမ့်အကောင်းဆုံးကိုမြော်လင့်နေပါသလား။ ဘုရားသခင် ကကျနော်တို့ကိုဒုက္ခ မုန့် ကို ကျွေးဆင်းရဲခြင်း ရေ တိုက်ရင် ဘယ်သူတွေ စားကြသောက်ကြ မည်နည်း။ အခြားသူတွေကိုတော့ကျနော် မသိပါ။ ဘုရားက သူကိုမြော်လင့်တက်ဖို့သင်ပေးသောအခါကျနော်က တော့စားမယ် သောက်လိုက်ပါမယ်ဘာဖြစ်လို့လဲ ဆိုတော်ကျနော်ကို ချစ်လို့ ကျွေးတာလေ ။ဟာလေလုယာ၊ အာမင်း။ ထာဝရဘုရားသည် သင့်အားဒုက္ခမုန့်ကို ကျွေး၍၊ ဆင်းရဲခြင်းရေကို တိုက်တော်မူသော်လည်း၊ သင်၏ ဆရာတို့သည် နောက်တဖန် ပုန်းရှောင်၍ မနေရကြ။ ကိုယ်မျက်စိနှင့် ကိုယ်ဆရာတို့ကို မြင်ရလိမ့်မည်။(ဟေရှာယ 30:20 ယုဒသန်)

ကျွန်ုပ်ဟာ အလကား

ကျွန်ုပ်ဟာ အလကား 👉🏿 ကိုယ်တိုင် ကယ်တင်ခြင်းစိတ်ချမှု        ရကြောင်း သက်သေ မရှိဘဲ        ကယ်တင်ခြင်းအကြောင်း        ဟောပြောနေရင်..       ကျွန်ုပ်ဟာ အလကား။ 👉🏿 ကိုယ်တိုင် ကျမ်းစာဖတ်ရှုလျက်      သမ္မာတရား ပိုင်းခြား သိမြင်ခြင်း မရှိဘဲ       သူတပါးကို ကျမ်းစာ           ဖတ်ဖို့ပြောနေရင်… .     ကျွန်ုပ်ဟာ အလကား။ 👉🏿 ကိုယ်တိုင် Read more…

“သခင့်လက်ရာ”

ဖိုးတုတ် (KZK) အပြင်ပန်းရိုးရှင်း အတွင်းပိုင်း ရှုပ်ထွေး ဇီဝဆဲလ်တွေ ဘယ်သိပ္ပံရှာလို့ မနိုင် အနုစိတ်ခြင်း အထပ်ထပ် ပညာအလွှာလွှာနဲ့ ပြည့်နှက်နေတာမို့ သူ့ပညာလက်ရာ အံ့ဩဖွယ်ကြီးမြတ် ဘယ်သူမှ မမှီ သခင့် အနုပညာလေ . . . ။

ထာဝရရှင်သန်သူများ

မင်းမာန်ဟုန်(ကျောင်းကုန်း) သူတို့ဟာ အားအနည်းဆုံးသူများ သို့ငြား ကြီးမားအံ့ဖွယ်ပြုခဲ့တယ်… •သူတို့ဟာ ကြောက်တတ်သူများ သို့ငြား ဓားလက်နက်ကိုင်စွဲခဲ့ကြတယ် … သူတို့ဟာ ရှက်သည်းပိုသူများ • သူတို့ဟာ သို့ငြား လောကသားအတွက် စွန့်ရဲတယ် … အားငယ်တတ်သူများ သို့ငြား သခင်ဘုရားကို ကိုးစားလွန်းလှတယ် … ‘မိရိအံ ‘‘ဒေဗောရ’ ‘ဧသတာ’ “မာရိ’ ရှိသမျှ အစွမ်းနဲ့ လူသားအကျိုးဆောင်ခဲ့တယ် . . . သူတို့ဟာ မိန်းမသား ပုခက်လွှဲသော လက်များပိုင်ရှင် ကမ္ဘာမြေရဲ့ရာဇဝင်မှာ အစဉ်ထာဝရ အမှတ်ရလို့ နေသင့်သူ။ ။

ဝိညာဉ်အတွက်

လူသား(ဆားမှော်) အမြင်ခန္ဓာ စားစရာကို တစ်နေ့သုံးနပ် စားတတ်ကြတယ်။ ပြေးလွှားသည့်စိတ် စိုးထိတ်ထိတ်နှင့် လောကကြီးထဲ ပျော်တတ်သည်ပဲ။ အတွင်းဝိညာဉ် သူ လိုအင်ကို ဖြည့်ဆည်းဖို့များ မေ့နေပြီလား။ ကျမ်းစာနေ့စဉ် ဖတ်ရှုဆင်ခြင် ဘုရားကျေးဇူး အထူးချီးမွမ်း။ ဘုရားနှင့်သာ စကားပြောပါ ဝိညာဉ်အစာ ပြည့်စုံလာပြီ ဝိညာဉ်သတိ အစဉ်ရှိကာ ဝိညာဉ်ခန္ဓာ ကြီးထွားမည်။

မအိုဆေး သောက်သူများ

။ချစ်လှမောင် ။ ဘီယာဆိုတာ အရက်မဟုတ်ပါ ကြော်ငြာအားကိုးနဲ့ တစ်မျိုးကလေးယစ် တခစ်ခစ် ရယ်မော လောက စားပွဲဝိုင်းထဲမှာ ……….. တစ်ခွက်ပြီးတစ်ခွက် တစ်ရစ်ပြီးတစ်ရစ် နစ်သထက်နစ် ယစ်ထုပ်ဘဝ၊ တစ်စပြီးတစ်စ ဘဝမွန်းတည့်အချိန်မှာ………….. တစ်ခွက်တစ်ဖလားအတွက် နေရာဟောင်းများသို့ တိုးဝင် ပတ်ဝန်းကျင်မဲ့ ယိုင်နဲ့နဲ့ခရီး တစ်ကိုယ်တည်း လမ်းပေါ်မှာ.. ငါမအိုသေး ကြွေးကြော်လို့ မရသူ ထိုသူ အဲဒီလူ အရက်ပြတ်မရသူ ကယ်တော်မူကြပါ …. ငါမအိုသေး ကြွေးကြော်လို့ မရသူ ထိုသူ အဲဒီလူ ရုန်းထွက်လို့ မရသူ အုတ်ဂူကလေး စံနမူ…..

အောင်မြင်ခြင်း နောက်ကွယ်မှာ

*ဂိဒေါင်ထဲမှာ လူသုံးရာသာ …။ *သို့ပါသော်ငြား သခင်ဘုရား လမ်းညွှန်ရာ နာခံမှုနဲ့ လှမ်းချီ * ယုံကြည်မှု နာခံမှု ညီညွတ်မှု ပေါင်းစုဖွဲ့ယှဉ် သုံးလွန်းတင်ကြိုးရဲ့ စွမ်းအား ကြီးမားတဲ့ အောင်ပွဲရစေပြီ။   မင်းမာန်ဟုန်(ကျောင်းကုန်း)

အထက်အရပ်မှာ ကိုယ်တော်ရှိတယ်

ခေါင်းငုံ့ပြီး ငိုကြွေးနေတုန်းက ကိုယ့်မျက်ရည်ကိုပဲ ကိုယ်တွေ့ မိတယ်။ ခေါင်းမော့ပြီး ငိုကြည့်မိတော့ ဘေးနားက မျက်ရည်တွေ ပိုပူမှန်းသိရတယ်။ ခေါင်းမော့ပြီး ငိုကြည့်မိတော့ ကိုယ့်မျက်ရည် ခြောက်တာ မြန်တယ်။                                                       မီးဇာ

August အတွေး

  ဖြစ်မယ်၊ ပျက်မယ် လွယ်လွယ်လေးပေါ့ ကမ္ဘာမြေ တည်ဆောက်၊ ဖြိုဖျက် နှုတ်ကပတ်စကားတော် နှလုံးသားက အဖြေပေါ်တော့ sorry ပါ သခင် . . . ။ လိုချင်တာတစ်ခု၊ရခဲ့တာက တစ်ခု ကိုဗစ် (Covid) က ကျော်ကြား ကျွန်ုပ် ယုံမှားခဲ့တာလား သခင် ကျောက်နှလုံးသားတွေ၊ အသားနှလုံးမဖြစ် ယုံမှားခြင်း ကင်းတဲ့အခါ Covidက ကပ်ဘေးအသစ်တဲ့ လက်ခံဆွေးနွေးကာကွယ်နေကြတဲ့ ကမ္ဘာ ခပ်ခွာခွာ နေခဲ့ရတော့ နှုတ်ကပတ်တော်နဲ့ဝေး တကယ်ဆို ပိုပြီး နီးစေဖို့အချိန် Home Stay မှာ ထိတ်လန့် တိတ်တိတ်လေး တံခါးပိတ်ပြီး နေခဲ့ရတယ်လေ။ သူသူ၊ ငါငါ၊ အသစ်ပြင်ဆင်ခြင်းတရားမှာ Read more…