ချစ်ရသော ယုံကြည့်သူတို့

ငါတို့ဝိညာဉ်တော် ကိုအမှီပြု စခဲ့ ပေမဲ့ အဆုံးသတ်ကတော့ဇာတိ ကိုအမှီပြု၍ပြီးစေမယ့်ဆိုငါ….တို့ဟာအချည်းနှီး သက်သက်ဖြစ်နေမယ်…ချစ်သူရသောသူတို့…..💝💝 ချစ်ရသောသူတို့ငါတို့အဖိုးအခပေး၍ပြုစုထားတဲ့ဝိညာဉ် အကျိုးအလို့ငှါမပျောက်မပျက်ရအောင်ထိန်းသိမ်း စောင့်ရှောက်ကြရအောင်လား….ချစ်ရသောသူတို့ ဒါမှာစုံလင်သောအကျိုး…ခံစားလို့ရမယ်..ချစ်ရသောသူတို့ Thianpi အခြေပြုကျမ်း ဂလာတိ ၃း၃ ၊ ၂ယော ၊ ၁း ၈

“ပန်းလေးများရဲ့ အရှင်သခင်”

ပန်းလေးတွေဟာတပွင့်နဲ့ တပွင့်မတူသော်လည်းလှပချင်းသဘောကထပ်တူထပ်မျှပါပဲ။ ပန်းလေးတွေရဲ့ရနံ့တွေဟာလောကကြီးကိုလန်းဆန်းဖို့ဖန်ဆင်းတဲ့ အရှင်ဟာဘုရားသခင်သာဖြစ်ပါတယ်။ Thianpi

လူတိုင်း လုပ်နိုင်တဲ့ အလုပ်

လူတိုင်း လုပ်နိုင်တဲ့ အလုပ် သန်လျင် ကိုကိုဇင် ရွက်နု ဝေရင် ရွက်ဟောင်း ကြွေရစမြဲ ဒါပြောင်းလဲတဲ့နိယာမ သဘောတရားတွေ ဇရာပိုင်းရောက်တော့ မိုဘိုင်းဖုန်းလည်း မပွတ်နိုင် ဟိုယိုင်ဒီယိုင် အိုးနင်းခွက်နင်း ဖြစ်ကရော့၊ သံဝေဂ မစဉ်းစားမိဘူး နိယာမ မေ့ထားတဲ့ပုံ ဝုန်းဒိုင်းဖြစ်ကာမှ ဘုရားတ ဆေးရုံဆေးခန်းကျတော့ ရက်ချိန်းကိုမှန်လို့ အိမ်မှာလည်း အသေးစားဆေးပေးခန်း ဖွင့်လို့ရနေပြီ ဆေးတွေကတစ်ပုံတစ်ခေါင်း။ … လေအတိုက်ပြိုက်ခနဲ ကြွေ ချိန်ကိုက်မိုင်း ကွဲသလို သေရမှာ ကြောက်နေပြီလေ။ သမားတော်နဲ့ ဆေးတွေက ဝေးသွားပြီ ပြေးသွားပြီ ကဲထုံးစံအတိုင်း လုပ်စရာတစ်ခုပဲကျန်တယ် နောက်ဆုံးတော့ ဒီဘူတာ ဆိုက်တာပဲ။ ။ ဘုရားသခင်အလိုတော်ပါ

A dictionary of youth

ပျိုမျစ်ခြင်းရဲ့ အဘိဓာန် ပျိုမျစ်ခြင်းဟာ ၊  အရာရာကို စွမ်းဆောင်နိုင်တယ် တိုင်းပြည်အတွက် အသင်းတော်အတွက် လူမျိုးအတွက် သာသနာအတွက် ခွန်အားအပြည့်ရှိတယ် ရဲရင့်ခြင်းလဲရှိတယ် မကြောက်ဘူး နောက်မဆုတ်ဘူးဆိုတဲ့ အသိတရားကို ရင်မှာပိုက်ပြီး အတားအဆီးတွေကို ထိုးဖောက်တတ်တဲ့ သဘောတရားဟာလဲ ပျိုမျစ်ခြင်းရဲ့ သင်္ကေတပါ. . ပန်းကောင်းတပွင့်ဟာ အမြဲတမ်း လှပနေသလို ကျောက်ကောင်းတပွင့်လဲ တန်ဖိုးအနဂ္ဃပါ ပန်းကောင်း ကျောက်ကောင်း တပွင့်လို နပျိုချိန်မှာ လှပတန်ဖိုးရှိနေဆဲပဲ ရေပေါ်မှာပ နံတင့်နေတဲ့ ကြာပန်းတပွင့်ဟာ ဘယ်အချိန်ကြည့်ကြည့် အမြဲတမ်းနုသစ် လန်းဆန်းနေတတ်တယ်. . တကယ်တော့ ငယ်ရွယ်တဲ့ အသက်တာဟာ သူတစ်ပါးအတွက် အလင်းဖြစ်စေဖို စကားပြောခြင်း ကျင့်ကြံပြုမူခြင်း သူတပါးကို ချစ်တဲ့နေရာမှာ သစ္စာစောင့်ခြင်း ဝိညာဉ်ရေးရာမှာ Read more…

Confessions of a young man

လူငယ်တစ်ယောက်၏ဖွင့်ဟဝန်ခံချက် ဂါယု–ရေဆင်း နှုတ်ဖျားက သခင် သခင်နဲ့ ကျွန်ုပ် တကြော်ကြော် ခေါ်နေလိုက်တာ တတယ်တမ်းတော့ အပေါ်ယံနှုတ်ဖျားက ထွက်လာတဲ့စကား သိပ် မြတ်နိုးတာပဲ သခင်ရယ် နှစ်ဦးခြင်းသစ္စာပြုထားပေမဲ့ တကယ်တမ်းဒုက္ခတွေ့တော့ ရွှေရည်စိမ်ထားတဲ့ စာချုပ်အတုသာ သခင့်အတွက်ကျန်ခဲ့ရတယ်. . သခင်ကိုလေ သိပ်ချစ်တာပဲလို့ ထပ်ခါထပ်ခါ ပြောနေလဲပဲ သံသယအရိပ် သံသယကြောက်စိတ်နဲ့  သိပ်ချစ်ပါတယ်ဆိုတဲ့ ပေတရုလေ နောက်ဆုံးတော့ သခင့်ရဲ့မျက်ဝန်းထဲမှာ မျက်ရည်ဝဲခဲ့ရတယ် ဒါကိုသခင် သိပေမဲ့ အပြစ်မယူရက်ဘူး အပေါ်ယံစကား အပေါ်ယံနှုတ်ဖျားက အပေါ်ယံမေတ္တာမျိုးနဲ့  သခင် သခင် ခေါ်တိုင်း နိုင်ငံတော်မဝင်ရဘူး ဆိုတဲ့ သခင့်စကားအတွတ် နှုတ်ဖျားက သခင် ဦးနှောက်ထဲကသခင် နှလုံးသားအရှင် အဖြစ်နဲ့အသိအမှတ်ပြုပါရစေ သခင်

Two rings

    လက်စွပ်ကလေး နှစ်ကွင်း ~အမှတ်လက္ခဏာ သစ္စာဆိုသော စကား၊ အက္ခရာများဖြင့် နှလုံးသားပေါ်တွင်၊ ကမ္ဗည်းတင်လေသော် ဧဒင်ထဲက၊ ရင်ခုန်ဖွယ်ညပေါ့ အချစ်ရယ်။ ~ကြိုက်မရှက် ငိုက်မရှက် အသက်တမျှ တစ်ဘဝ၊ အချစ်က ခိုင်မြဲ ကြိုင်လှိုင်ပျံ့သင်း၊ ယုံကြည်ခြင်းအမွေ ထမ်းပိုးစေသော ~ကြိုက်၍ပဲ ချစ်သည် ချစ်၍ပဲ ကြိုက်သည်၊ တူညီသော နှောင်ကြိုး တန်ဖိုးနဲ့ အမြတ်တနိုး ထမ်းပိုးညီစေသော ~ဆင်းရဲနဲ့ ချမ်းသာ ရောဂါနဲ့ ကျန်းမာ ဇရာနဲ့ ရူပါ သင်္ခါရနဲ့ အလှတရား ဘိုးဘေးများ၏ ပုံဝတ္ထု ယုံကြည်ခြင်းအမွေခိုင်လုံနေသမျှ ကြိုက်လေသမျှ၊ ထာဝရသို့ ချစ်လေသမျှ၊ ထာဝရသို့ အမှတ်တရလေးများ ဖြစ်ပါစေ။     Read more…