အမှုတော်ဆောင်

ဟေရှယ ၅၂:၁၃“ကြည့်ရှုလော့ ငါ့ကျွန်သည်အမှုဆောင်၍အောင်လိမ့်မည်။ ချီးမြောက်ချီးမြင့်ခြင်းသို့ရောက်၍ အထွဋ်အမြတ်ဖြစ်လိမ့်မည်”   အမှုတော်ဆောင်၏အဓိပ္ပာယ်မှာ အစေခံဖို့အသင့်ရှိသူ(သို့)အလုပ်အကျွေးပြုသူဟု အဓိပ္ပာယ်ရပါသည်။ ဘုရားသခင်၏ရွေးကောက်ခြင်းအားဖြင့် အမှုတော်ဆောင်ဖြစ်လာသောသူများသည် ကျေးဇူးတော်သက်သက်သာဖြစ်သည်။   တခါက ဆရာတစ်ယောက်သည် ကျမ်းစာကျောင်းအောင်ပြီးနောက် မိမိ၏ရွာတွင် (၃)နှစ်အစေခံအမှုထမ်းခဲ့ပါသည်။ထို့နောက် သူသည် ဉာဏ်ရည်ထက်မြက်သောကြောင့် ပြည်ပတွင် ဒေါက်တာဘွဲ့အတွက် ပညာတော်သင်သွားရသည်။ ဒေါက်တာဘွဲ့ရပြီးနောက် ပြန်လာပြီးမိခင်အသင်းတော်၌ ကျေးဇူးတော်ချီးမွမ်းပွဲလုပ်ပါသည်။ ဝတ်ပြုကိုးကွယ်ခြင်းပြီးနောက် လူတစ်ယောက်ပြီးတစ်ယောက် လာရောက်နုတ်ဆက်ပါသည်။ နောက်ဆုံးတွင်အဘွားတစ်ယောက်လာရောက်နုတ်ဆက်ရာ“အဘွား တရားနာတာခွန်အားရသလား”ဟုမေးပါသည်။ ထို့နောက်အဘွားက“ ငါ့မြေးဆရာ မင်းရဲ့တရားဟောချက်ကို ဂုဏ်ပြုဖို့ အဘွားလာတာမဟုတ်ပါဘူး၊ မင်းရွာမှာရှိတုန်းက အဘွားရဲ့မြေးဘုန်းတော်ဝင်စားတုန်းက မင်းကိုယ်တိုင်ထမ်းပို့ပေးတာကို လာပြီးဂုဏ်ပြုတာပါ”ဟုပြောပါသည်။ စစ်မှန်သောအမှုတော်ဆောင်သည် မည်မျှပင် အဆင့်မြင့်သောပညာဘွဲ့များရစေကာမှု အစေခံသောနှလုံးသားရှိမှသာ လူအများအတွက် လေးစားကြည်ညိုထိုက်သူဖြစ်‌ပေမည်။   ဖလားဆဲ   Reference>>မေတ္တာတမန်

မမေ့သင့်သူ (ခင်သန္တာလွင်)

ဘဝမှာ မမေ့သင့်ဘူးဆိုတဲ့ အကြောင်းကို “Crash Landing On You” ဆိုသော Korea ဇာတ်လမ်းတွဲ လေးထဲမှာ ကြည့်ခဲ့မိပါတယ်။ ဇာတ် လမ်းထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ မင်း သမီး (Son Ye Jin) က “ဘဝမှာ လုံးဝ မမေ့သင့်တဲ့လူ (၃)မျိုး ရှိတယ်။ ဒုက္ခရောက်ချိန်မှာ ကူညီတဲ့သူ၊ ဒုက္ခရောက်ချိန် ပစ်ထားတဲ့သူ၊ ပြီးတော့ … ဒုက္ခရောက်အောင် လုပ်ခဲ့တဲ့သူ .. ” ဟူ၍ ပြောခဲ့ပါတယ်။ . ထိုသူတို့နှင့်ပတ်သက်ပြီး ရှင်လုကာခရစ်ဝင် ၁၀း ၃ဝ-၃၅ တွင် “ယေရှု က၊ လူတစ်ယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့ သွားရာ Read more…

ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်း Faith & Hope ■Mahn B.T.S (P.K.T.S)

ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်း Faith & Hope ■Mahn B.T.S (P.K.T.S) မြောက်မြားစွာသော ခရစ်ယာန်များအနေဖြင့် ဆု တောင်းခြင်းတွင် စိတ်ပျက်ခြင်းများနှင့် အဆင်မပြေမှုများ တစ်ခါတစ်ရံ တွေ့ကြုံရသည်။ မျှော်လင့်ခြင်းနှင့် ဆုတောင်း သောကြောင့်လည်း ဖြစ်နိုင်သည်။ ယုံကြည်ခြင်းမရှိဘဲနှင့် လည်း ဖြစ်နိုင်သည်။ အကျိုးရလဒ်အနေဖြင့် မျှော်လင့်ခြင်း ကို ကတိမပေးဘဲ ယုံကြည်ခြင်းဖြင့်သာ ဘုရားသခင်ထံမှ ကတိပေးထားခြင်းဖြစ်ပေသည်။ နှလုံးသားထဲမှယုံကြည်ခြင်း (Faith is in the Heart) ပထမဆုံးသော အဓိကခြားနားချက်မှာ ယုံကြည် ခြင်းသည် နှလုံးသားထဲမှဖြစ်၍ မျှော်လင့်ခြင်းသည် စိတ်ထဲမှ ဖြစ်ခြင်းဖြစ်သည်။ ရောမ ၁ဝး၁ဝ တွင် “ဖြောင့် . မတ်ရာသို့ရောက်ခြင်းငှါ Read more…

ခွန်အားပေးပါ . ယီးဆဏ် (လယ်မျို)

ရှုပ်ထွေးပွေလီ ဤလောကဝယ် ကျင်လည်လှုပ်ရှား လူ့ဝန်းကျင်မှာ မေတ္တာခေါင်းပါး ချစ်ခြင်းတရား ဤလောကဓံ မခံနိုင်လို့ အားငယ်စိတ်ပျက် မောပန်းနေချိန် အားအင်သစ်ကို စုစည်းနိုင်ဖို့ ခွန်အားပေးပါ သခင်။ လောကရမ္မက် လောဘတွေကြောင့် မေတ္တာကွယ်ပျောက် မြေတခွင်မှာ အပြစ်နဲ့သာ အချိန်ကုန်၏။ သခင့်ကျေးဇူး ချစ်ခြင်းတွေကြောင့် ကျေးဇူးကာလ မကုန်ဆုံးခင် ပြုခဲ့အပြစ် ထပ်မမှားဖို့ နောင်တရကာ ကိုးစားနိုင်ဖို့ ခွန်အားပေးပါ သခင် . . . ။

မေဥဿာ ရဲ့
ခွင့်လွှတ်ခြင်းငှါ မထိုက်တန်ပါ

အခန်း(၁) ယုဒလူမျိုးတို့ နှစ်စဉ်ကျင်းပ လေ့ရှိသော ပွဲတော်(ရ)ခု ရှိသည်။ (၁) ပဿခါပွဲတော် (ဝတ်-၂၃း၅) (၂) အဇုမပွဲတော် (ဝတ်-၂၃း၆) (၃) အဦးအသီးပွဲတော် (ဝတ်−၂၃း၁ဝ) (၄) ပင်တေကုတ္တေပွဲတော် (ဝတ်-၂၃း၁၆) (၅) တပိုးမှုတ်ပွဲတော် (ဝတ်-၂၃း၂၄) (၆) အပြစ်ဖြေရာပွဲတော် (ရ) သကေနေပွဲ/ တဲတော်ပွဲနေ့ (ဝတ်-၂၃-၃၄) ထိုပွဲတော် (ရ) မျိုးအနက် သကေနေပွဲ (သို့) တဲတော်ပွဲနေ့ကို ကျင်း ပရာတွင် (ရ)ရက် (၇)လီ ကျင်းပပြီး ပထမနေ့နှင့် အဌမနေ့တွင် ဓမ္မပွဲသဘင် ကြီးကို ကျင်းပ၍ ထာဝရဘုရားအား မီးဖြင့်ပြုသောယဇ်ဖြင့် ပူဇော်ရ၏။ ဣသရေလလူမျိုးများ ကျွန်ခံ နေရာ အဲဂုတ္တုပြည်မှခါနန်ပြည်သို့ Read more…

ဆားတစ်ပွင့်(Hero)

ဟီးရိုးဆိုတာ… တကယ်တော့ အဖေပါပဲ အန္တရာယ်နဲ့ ကြုံတဲ့အခါ ဟီးရိုးဟာလည်း လက်စွဲတော် ဖြစ်သွားနိုင်တာပါပဲ။ ဟီးရိုးတွေမှာ အပြုံးတွေရှားတယ်တဲ့ သင်မြင်အောင် ကြည့်လှည့်ပါ အပြုံးတွေဟာ… သူ့အပြုအမူတွေမှာပါ။ ဟီးရိုးတွေဟာ… ဒဏ်ရာတွေကို ဖုံးဖိထားတတ်ကြတယ် နာကျင်စရာတွေ မြင်တဲ့အခါ သင်ဝမ်းနည်းမှာ စိုးလို့ပါ။ မိသားစုအတွက် အသက်တောင် ပေးဆပ်နိုင်တဲ့အခါ … ဟီးရိုးတွေဟာ .. … တကယ်ကို ရဲရင့်လွန်းတယ်ဗျာ။ ဟီးရိုး

ဘဝမြောပင်။ ။ဖီ-ဂျက်(မြောင်းမြ)

ဖေဖေမေမေ၊ ရန်တွေဖြစ် သားသားမီးမီး၊ စိတ်တွေညစ် တွန်းထိုးအော်ဟစ်၊ ဝစီပစ် သားသားမီးမီး၊ အဝေးလစ်ညနေ နေဝင်၊ ပြန်လာရစ် အဟောင်းပြန်သစ်၊ သံကုန်ဟစ်ဖေဖေမေမေ၊ ပေါက်ကွဲနေ အခက်တွေ့ပေ၊ ရင်သွေးတွေ ပျော်ရွှင်မှုကင်း၊ စစ်တလင်း ကြင်နာကင်းမဲ့၊ အနေခက်လှောင်ပိတ်မွန်းကျပ်၊ ဘဝမှာ ထွက်ပေါက်ကိုရှာ၊ ဖြေမပါ၊ ထင်ရာကိုစိုင်း၊ စိတ်ရိုင်းမြစ်တွယ် နှုတ်ရခက်ကွယ် ဘဝမြေစာတွေရယ်။

အလွမ်းငါးဆယ်
ချော်ဇန်ခေါင်လွမ်း

တိမ်ပင်လယ်ပေါ် ငါးမျှားထွက်ခဲ့တယ် ငါးမရ ရေချိုးမပြန်ချင်ခဲ့သူ ကြယ်တွေကို ရေတွက်ရင်း နွေဟာ အလွမ်းငါးဆယ် ဖူးပွင့်လာတယ်။ ကြယ်တစ်ပွင့် နွေတစ်ပွင့်နဲ့ နွေရဲ့နေ့မှာ မိုးတိမ် နွေရဲ့ညမှာ မီးအိမ်ကို သီကုံးစွမ်မိတော့ တိမ်ပယ်လယ်က ပါးလာနမ်းတယ် ဟော .. ဘဝဟာ အလွမ်းငါးဆယ်နွေနဲ့ သစ်တိုင်အောက်မှာ ဂျော်ဒန်မြစ်လို တပျံ့ပျံ့ကြွ။

သူပြောခဲ့တယ်

ပီမွန်သော် မြို့ရွာအနှံ့ လှည့်လည်သွားလာပြီး တရားစရပ်တွေမှာ သွန်သင်တယ် နိုင်ငံတော် သတင်းကောင်းပြောတယ် ရောဂါဝေဒနာအမျိုးမျိုးကို ကုသပေးတယ် လူတစ်မျိုးနဲ့တစ်မျိုး တစ်နိုင်ငံနဲ့တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ် အစာခေါင်းပါးတာ ငလျင်လှုပ်တာတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ် ပြီးမှ အဆုံးရောက်လာလိမ့်မယ်။ ငလျင်လာတယ် စစ်ပွဲတွေ လာတယ် ဝူဟန်ဗိုင်းရပ်စ်လာတယ် ပြီးမှ အဆုံးရောက်လာလိမ့်မယ်။ လူတွေ ငြိမ်သက်အေးချမ်းစွာ နေထိုင်ရလိမ့်မယ်။