“အဖေ့မော်ကွန်း”

ချစ်လှမောင် အတိတ်က အဖေဟာ ဇီရိုး ဟီးရိုးဖြစ်အောင်နောင်လာနောက်သား အမှားမရှိအောင်အမှောင်ထဲက မီးအိမ် အကြိမ်ကြိမ် လင်းပြ အကြိမ်ကြိမ်ရုန်းထ ဘဝကို အန်တုရင်း . . . ။ အတိတ်က အဖေဟာ ဟီးရိုး ဇီရိုးမဖြစ်အောင်နောင်လာနောက်သား အမှားမရှိအောင်၊ အမှောင်ထဲက မီးအိမ် အကြိမ်ကြိမ် လမ်းပြ သာဓကများစွာနဲ့ … … … ။ အကျွန်ုပ်၏အဖေ အတ္ထုပ္ပတ္တိဖေါ်ညွှန်း၊ အောက်မေ့ဖွယ်လွမ်းတ မနေ့တစ်နေ့ကလို ပါပဲ။ အကျွန်ုပ်၏အဖေ အနှုတ်ရဲ့ လက္ခဏာ၊ စုံးစုံးမြုပ်နေရာမှ ကမ္ဘာပေါ်ရှိ၊ အဖေများ၏ မှတ်တမ်းပေါ် မော်ကွန်းရေးနိုင်ခဲ့တယ်။

“နေ့စဉ်မြင်ကွင်း”

ချစ်လှမောင် တဖြည်းဖြည်းနဲ့ နီးကပ် ဖိနပ် ရှပ်တိုက်သံ၊ ခွက်ပန်းကန်ဆီသို့ ချောက်ကမ်းပါးထဲ မကျအောင်လှမ်း အလင်းတံခါးဝတွေ့သူ 。。。 ။ တဖြည်းဖြည်းနဲ့ နီးကပ် ဖိနပ်ရှပ်တိုက်သံ၊ ခွက်ပန်းကန်ဆီသို့ မည်သူမည်ဝါမသိ မျှော်လင့်ခြင်း ပြည့်စေဖို့။ အလင်းကွယ်၍ တွယ်ရာမယ့်ဘဝ၊ လမ်းမပေါ်ကလူ ဒုက္ခကိုရင်ဆိုင် ခြေသလုံးအိမ်တိုင်ဆိုပါတော့။ စမ်းတဝါးဝါးကြောင့် အမှားမရှိအောင်သွား ဝမ်းနည်းမှုတွေကို ဖြေသိမ့် ခြေနေတူ ဘဝများ၊ ခွန်အားဖြင့် နိုးထ ဖေးမလက်တွဲ၊ ဆန္ဒခိုင်မြဲလျက် ဘုရားကျောင်းထဲ ဝင်လာသူ ဗာတိမဲ၏ အသက်တာ အထက်က မျက်စိကန်း၍ ယခု မျက်စိမြင်သည် ဝိညာဉ်အလင်းရသောကြောင့်။ မည်သူမည်ဝါမသိ ကိုယ်ချင်းစာအသိဖြင့် မျှော်လင့်ခြင်း ပြည့်စေဖို့ ဝိညာဉ်အလင်းရစေဖို့

“သခင့်လက်ရာ”

ဖိုးတုတ် (KZK) အပြင်ပန်းရိုးရှင်း အတွင်းပိုင်း ရှုပ်ထွေး ဇီဝဆဲလ်တွေ ဘယ်သိပ္ပံရှာလို့ မနိုင် အနုစိတ်ခြင်း အထပ်ထပ် ပညာအလွှာလွှာနဲ့ ပြည့်နှက်နေတာမို့ သူ့ပညာလက်ရာ အံ့ဩဖွယ်ကြီးမြတ် ဘယ်သူမှ မမှီ သခင့် အနုပညာလေ . . . ။

ထာဝရရှင်သန်သူများ

မင်းမာန်ဟုန်(ကျောင်းကုန်း) သူတို့ဟာ အားအနည်းဆုံးသူများ သို့ငြား ကြီးမားအံ့ဖွယ်ပြုခဲ့တယ်… •သူတို့ဟာ ကြောက်တတ်သူများ သို့ငြား ဓားလက်နက်ကိုင်စွဲခဲ့ကြတယ် … သူတို့ဟာ ရှက်သည်းပိုသူများ • သူတို့ဟာ သို့ငြား လောကသားအတွက် စွန့်ရဲတယ် … အားငယ်တတ်သူများ သို့ငြား သခင်ဘုရားကို ကိုးစားလွန်းလှတယ် … ‘မိရိအံ ‘‘ဒေဗောရ’ ‘ဧသတာ’ “မာရိ’ ရှိသမျှ အစွမ်းနဲ့ လူသားအကျိုးဆောင်ခဲ့တယ် . . . သူတို့ဟာ မိန်းမသား ပုခက်လွှဲသော လက်များပိုင်ရှင် ကမ္ဘာမြေရဲ့ရာဇဝင်မှာ အစဉ်ထာဝရ အမှတ်ရလို့ နေသင့်သူ။ ။

ဝိညာဉ်အတွက်

လူသား(ဆားမှော်) အမြင်ခန္ဓာ စားစရာကို တစ်နေ့သုံးနပ် စားတတ်ကြတယ်။ ပြေးလွှားသည့်စိတ် စိုးထိတ်ထိတ်နှင့် လောကကြီးထဲ ပျော်တတ်သည်ပဲ။ အတွင်းဝိညာဉ် သူ လိုအင်ကို ဖြည့်ဆည်းဖို့များ မေ့နေပြီလား။ ကျမ်းစာနေ့စဉ် ဖတ်ရှုဆင်ခြင် ဘုရားကျေးဇူး အထူးချီးမွမ်း။ ဘုရားနှင့်သာ စကားပြောပါ ဝိညာဉ်အစာ ပြည့်စုံလာပြီ ဝိညာဉ်သတိ အစဉ်ရှိကာ ဝိညာဉ်ခန္ဓာ ကြီးထွားမည်။

မအိုဆေး သောက်သူများ

။ချစ်လှမောင် ။ ဘီယာဆိုတာ အရက်မဟုတ်ပါ ကြော်ငြာအားကိုးနဲ့ တစ်မျိုးကလေးယစ် တခစ်ခစ် ရယ်မော လောက စားပွဲဝိုင်းထဲမှာ ……….. တစ်ခွက်ပြီးတစ်ခွက် တစ်ရစ်ပြီးတစ်ရစ် နစ်သထက်နစ် ယစ်ထုပ်ဘဝ၊ တစ်စပြီးတစ်စ ဘဝမွန်းတည့်အချိန်မှာ………….. တစ်ခွက်တစ်ဖလားအတွက် နေရာဟောင်းများသို့ တိုးဝင် ပတ်ဝန်းကျင်မဲ့ ယိုင်နဲ့နဲ့ခရီး တစ်ကိုယ်တည်း လမ်းပေါ်မှာ.. ငါမအိုသေး ကြွေးကြော်လို့ မရသူ ထိုသူ အဲဒီလူ အရက်ပြတ်မရသူ ကယ်တော်မူကြပါ …. ငါမအိုသေး ကြွေးကြော်လို့ မရသူ ထိုသူ အဲဒီလူ ရုန်းထွက်လို့ မရသူ အုတ်ဂူကလေး စံနမူ…..

ကတိတော်များ ( ရာမာန်မိုး)

“ကတိတော်များ” (ရာမာန်မိုး) လူမှာကတိမင်းမှာသစ္စာဆိုသည့် ဆိုရိုးစကားရှိသကဲ့သို့ ထာဝရဘုရားသခင်သည်လည်း သစ္စာရှင်၊ စစ်မှန် သော သမ္မာတရား ဖြစ်ပါသည်။ အသက်ရှင်တော်မူသောထာဝရဘုရားသခင်ကို ယုံကြည်သောသူများအတွက် စစ်မှန် သော ကတိတော်များကိုပိုင်ဆိုင်ရန် ထာဝရဘုရားသခင်သည် ရှေးသန့်ရှင်းသောသူ၊ ဘိုးဘေးများတို့အားကတိသစ္စာ ပြုခဲ့ကြသည်။ ထိုကတိများတို့သည် ယနေ့ထိတိုင် စီးဆင်းလျက် ရှိပါသည်။ ထာဝရဘုရားသည် အာဗြဟံ၊ ဣဇက်ယာကုပ် တို့အား တိုင်းတစ်ပါးတွင် နေထိုင်စေခဲ့ပြီး ထိုမြေကို သင်တို့ ၏ အမွေခံရာနယ်မြေဖြစ်စေမည်ဟု ကတိတော်ပေးခဲ့သည်။ထိုသူများတို့သည်လည်း တိကျသော ပိုင်ဆိုင်မှုများမရှိဘဲ ထာဝရဘုရားသခင်မိန့်တော်မူသော စကားတော်ကို ဆင်ခြင် အောက်မေ့လျက် နေထိုင်ခဲ့သည်။အဘယ်ကြောင့်နည်း။ ထိုသူတို့သည် အသက်ရှင်တော်မူသောထာဝရဘုရားသခင် ကိုအကြွင်းမဲ့ယုံကြည်ကိုးစားခြင်းနှင့် လောကတပ်မက်ခြင်းမှ ကင်းရှင်းခြင်ဒကြောင့်ပင်ဖြစ်သည်။ ယနေ့ခရစ်ယာန်များတို့သည် လည်း ထာဝရဘုရားသခင်၏ ဂတိတော်၌ Read more…

သင်္ဘောထဲ ရေဝင်ခဲ့သော်

ယုံကြည်သူတွေဟာ ဘုရားသခင်ဘွားသော ဘုရားသခင်၏ သားသမီးများဖြစ်ကြောင်း ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှာ အတိအလင်းဖော်ပြထားပါတယ်။ (၁း၁၃)။ လူ့အလို၊ လူ့ဆန္ဒ အားဖြင့် မွေးဖွားခြင်းမဟုတ်ပါဘူး။ သို့ဖြစ်သောကြောင့် ဝမ်း မြောက်ပါ။ ဂုဏ်ယူပါ။ ဘုရားသခင်ရဲ့ သားသမီးဖြစ်ရတဲ့ အခွင့် ထက် တန်ဖိုးရှိတဲ့ရာဟာ မိုး၊မြေစင်္ကြာဝဠာ တစ်ခုလုံးမှာ လုံးဝ မရှိပါဘူး။ သေခြင်းရဲ့ တစ်ဘက်ကမ်းမှာလည်း သေခြင်းကို အောင် ပြီးဖြစ်တဲ့ သခင်ယေရှုက ကျွန်တော်တို့ကို ကြင်နာစွာနဲ့ ပွေ့ပိုက်ပြီး၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့နဲ့ လုံးဝမပတ်သက်တဲ့ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်စေပါမယ်။ အခုတော့ ဒုက္ခမျိုးစုံ၊ ဒုစရိုက်မျိုးစုံနဲ့ရောဂါမျိုးစုံ ရှုပ်ထွေးတဲ့ မြတ်လောကမှာ နေထိုင်လှုပ်ရှားနေပါသေးတယ် သို့ဖြစ်သောကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် Read more…

အောင်မြင်ခြင်း နောက်ကွယ်မှာ

*ဂိဒေါင်ထဲမှာ လူသုံးရာသာ …။ *သို့ပါသော်ငြား သခင်ဘုရား လမ်းညွှန်ရာ နာခံမှုနဲ့ လှမ်းချီ * ယုံကြည်မှု နာခံမှု ညီညွတ်မှု ပေါင်းစုဖွဲ့ယှဉ် သုံးလွန်းတင်ကြိုးရဲ့ စွမ်းအား ကြီးမားတဲ့ အောင်ပွဲရစေပြီ။   မင်းမာန်ဟုန်(ကျောင်းကုန်း)