ခရစ်ယာန်ကျင့်ဝတ်
နှင့်
လူငယ်

(အီတ) ခရစ်ယာန်ဆိုသည်မှာ ဘုရားသခင်၏သား သမီးများဖြစ်၍ ခရစ်တော်၏နောက်လိုက်များဖြစ်ကြ သည်။ (ယော ၁း၁၂)တွင် “ထိုသူကိုလက်ခံသမျှ သော သူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သော သူတို့အား ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကိုပေး တော်မူ၏” ဟူ၍ဖော်ပြချက်အရ ဘုရားသခင်၏ သားသမီးများဖြစ်ကြသည်။ မြန်မာအဘိဓာန်၌ “ကျင့်”ဟူသည် “ထပ်တ လဲလဲပြုမူသည်’ ဟူ၍လည်းကောင်း၊ ‘လိုက်နာစောင့် ထိန်းအပ်သောဝတ္တရား’ ဟူ၍အနက်ရောက်သည်။ ထို့ကြောင့် ခရစ်ယာန်ကျင့်ဝတ်ဆိုသည်မှာ ဘုရား သခင်၏ သားသမီးများ လိုက်နာစောင့်ထိန်းအပ် သောဝတ္တရားဖြစ်သည်။ ‘Etis’ ဆိုသော ဂရိဝေါဟာရ “Thos” ဆင်းသက်လာသည်ဟုအဓိပ္ပါယ်ရသည်။ Moral .ity’ ဆိုသည်မှာ လက်တင်ဝေါဟာရ Moralls’ မှဆင်းသက်လာ၍ အဓိပ္ပါယ်မှာ `Customs’ ဓလေ့ – ထုံးစံများ (သို့မဟုတ်) Read more…

ဘာသာတရားကိုင်းရှိုင်းခြင်း၊ ကျန်းမာရေး အ ကျိုးကျေးဇူး (ဒေါက်တာသန်းသန်းမှန် )

လူသားများအတွက် ကျန်းမာရေးသည် အဓိကအကျ ဆုံးနှင့် အရေးကြီးဆုံး ဖြစ်ပါသည်။ ထို့ကြောင့် (အာရောဂျုံ၊ ပရံမံလာဘံ) ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုကြပါသည်။ လူကျန်းမာမှစိတ်ချမ်းသာပြီး လိုရာဆန္ဒပြည့်စုံအောင် ဆောင် ရွက်နိုင်မည်ဖြစ်သည်။ ကမ္ဘာ့အသင်းတော်များကောင်စီ (W.C.C) ၏ ခရစ်ယာန်ဆေးကော်မရှင်မှ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ “ကျန်းမာ ခြင်းဆိုသည်မှာ ရောဂါဘယကင်းရှင်းခြင်းနှင့် မသန်စွမ်းမှု မရှိ ခြင်းသာမက လူတစ်ဦးချင်းနှင့် လူ့ဘောင်အဖွဲ့အစည်းတို့တွင် ရှင်သန်လှုပ်ရှားသော သာယာသုခများဖြစ်သည့် ကာယ၊ စိတ္တ၊ လူမှုရေးဘဝ၊ ဝိဉာဏ၊ စီးပွားရေးဘဝ၊ ပညာရေးနှင့် ယဉ်ကျေးမှု ဘဝနှင့် နိုင်ငံသာယာ အေးချမ်းရေးတို့ ဖြစ်ပါသည်။ ထို့အပြင် မိမိကိုယ်၌ပင် (ကိုယ်၊ စိတ်၊ နှလုံး) ညီညွတ်ခြင်း၊ အခြားသူများ နှင့် Read more…

ခရစ်တော်ကို အပ်နှံခဲ့သော ပိလတ်မင်း

သောမတ်(စ်) Limbu (ပြင်ဦးလွင်နေပါလီနှစ်ခြင်းအသင်းတော် ခရစ်တော်ကို ရန်သူလက်သို့ အပ်နှံသော သူတို့တွင် ပိလတ်မင်းကြီးသည်လည်း တစ်ဦး အပါအဝင် ဖြစ်သည်။ အကယ်စင်စစ် ပိလတ်မင်းကြီးသည် ခရစ်တော်အား အပြစ် ဒဏ်ချရန်ပင် မလိုလားခဲ့ပေ။ သမ္မာကျမ်းစာ၌ ဖေါ်ပြပါရှိသော ပိလတ်မင်း၏ ပြောဆိုချက်များကို ကြည့်ခြင်းအားဖြင့် သူသည် ခရစ်တော်၏ ဖြောင့်မတ်ခြင်းသို့ အသိအမှတ်ပြုသောသူဖြစ် သည်သာမက သူသည် ခရစ်တော်အား စစ်ဆေးမြေးမြန်းသော အခါ ခရစ်တော်သည် အပြစ်ဒဏ်စီရင်ရလောက်သော ပြစ်မှု ကျူးလွန်မှု တစ်စုံတစ်ခုမှ မရှိခြင်းကြောင့်သော်လည်းကောင်း၊ သူ့ ဇနီးသည်၏ အိပ်မက်၌ ခရစ်တော်သည် ဖြောင့်မတ်သော သူဖြစ်ပြီး သူ့အား ဘာမျှ မလုပ်မည့်အကြောင်း ဖော်ပြခံရခြင်း ကြောင့်သော်လည်းကောင်း၊ ခရစ်တော်အား အပြစ်ဒဏ်ချရန် Read more…

အချိန်
အယ်လွီ

ကျွန်တော်ငယ်စဉ်က နေထိုင်ခဲ့သော ရွာတွင် ကျွန် တော် အဘိုးလေး (အဖေ၏ဦးလေး) တစ်ယောက်ရှိသည်။ အ သူငယ်စဉ်က စာကောင်းစွာ မသင်ခဲ့ရပေ။ နာရီအချိန် စသည် တို့ကို ပြပေးမည့်သူ မရှိသောကြောင့်လား၊ သူက မလေ့လာ သောကြောင့်လား၊ နာရီမကြည့်တတ်ပါ။ သူလယ်ထွန်သွားလျှင် ကို နေကိုသာ မော့ကြည့်ပြီး ဒါထွန်ဖြုတ်ချိန်၊ ဒါကောက်စိုက်ချိန်၊ စ ဒါကတော့ မွန်းတည့်ပြီး ထမင်းပြန်တက် စားရမယ်ဟု မှတ် သားကာ “နေ”နာရီဖြင့် သူ လှုပ်ရှားအသက်ရှင်သည်။ သူ့ အတွက် အခက်တွေ့ချိန်ကတော့ မိုးမှောင်ကျသည့်နေ့တွင်တော့ နေကိုမော့ကြည့် အချိန်သိရန် ခက်ပေသည်ပေါ့။ လွန်ခဲ့သည့်နှစ်များက ကျွန်တော် ဝယ်ယူခဲ့သော သ Casio နာရီလေးတစ်လုံး Read more…

သိုးထိန်း (မန်း)
မီးပွိုင့်

ကျွန်တော် ကားမောင်းတတ်ပါတယ်။ ကိုယ်ပိုင်ကား လည်း ရှိတယ်။ ဒါပေမယ့် ခုချိန်မှာ ကားမမောင်းရဲတော့ဘူး။ ယာဉ်စည်းကမ်း နားမလည်လို့ပါ။ ကားလည်း တဖြည်းဖြည်း ပေါများလာပြီး မီးပွိုင့်မှာဆို တန်းစီနေရတယ်။ ကျွန်တော်က ကိုယ့်နည်းကိုယ့်ဟန်နှင့် ကားမောင်းတဲ့သူတွေလည်း အဲဒီ ထဲမှာပါမှာပေါ့နော်။ သူငယ်ချင်း ဆရာဝန်တစ်ယောက်က “ငါဆေးရုံ၊ ဆေးခန်းကို အချိန်မှန်မှန် ရောက်ချင်ပါတယ်။ မရဘူးဗျာ၊ မီးပွိုင့်မှာ အကြာကြီးရပ်နေရတယ်။ မြန်မြန်မောင်း လို့လည်း မရဘူးလေ။ ဒီကြားထဲမှာ ကားကို မောင်းရုံတင် မောင်းတတ်ပြီး ယာဉ်စည်းကမ်းနားမလည်တဲ့သူတွေက နောက် ကနေ တကျီကျီနှင့် ဟွန်းတီးကြသေးတယ်။ စိတ်ရှည်မှနော် စိတ်ရှည်မှဖြစ်တာ။ ဒါ့ကြောင့် တိုက်ကြ၊ ခိုက်ကြ၊ လျော် ကြေး ဆောင်ကြရတယ်။ မလွယ်ဘူးနော်”လို့ Read more…

“မြင်ကွင်းတစ်ခုအကြောင်း”

ရှုပ်ထွေးဆူညံ၊ လူတကာအသံနဲ့မူးဝေနောက်အောင်၊တောင်မြောက်ပြေးလွှားမောင်းနှင်သွား၊ ကားများစွာ– ကိုယ်ပိုင်ကားမဲ့၊ မှတ်တိုင်တစ်ခုရဲ့ ကြားခရီးစဉ်မှာ၊ ငါရပ်နေရင်းလင်းကနဲအသိ၊ ဝိညာဉ်ရေးရာဆင်းရဲအတိ၊ လူတွေများစွာ လမ်းနံဘေး၊ ဝမ်းရေးအတွက်ကြိုးပမ်းရှာရသူတွေရုံးအဆင်းအတက်၊ကသုတ်ကရက်နဲ့ပြေးလွှားနေရသူတွေ လူအမျိုးမျိုး ၊ စိတ်အထွေထွေလူ့ စိတ်တွေမှာ— “တမလွန်အရေးတွေးယူ ၊ဆွေးပူကြပါမလား “ဟု ထိုအသိကြောင့် ရင်မချိလူတွေဆီအကြည် ၊ရုတ်သိမ်းမိရင်း ထူးမြတ်သခင်၊ကိုယ်တော်ရှင်ထံ တစ်ခွန်းစကားနဲ့ ၊ တောင်းလျှောက်ထားမိတယ် “အို—— အဘ ၊ထိုသူတို့၏ အပြစ်ကိုလွှတ်တော်မူပါ” သစ်ထွေးချစ်

ကိုယ်ကျိုးစွန့်ဝန်ထမ်းအမှုတော်ဆောင်ခြင်း (Rev.Dr.စမစ်ငူလ်ဇထောင်း )

ယုံကြည်သူ ရှေးဘိုးဘေးအသင်းတော်ခေါင်း ဆောင်များက ရွေးချယ်သတ်မှတ်ပြဋ္ဌါန်းခဲ့သည့် မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏ ဆောင်ပုဒ်မှာ “ကိုယ်ကျိုး စွန့်ဝန်ထမ်း” (Service and Sacrifice) ဟူ၍ ဖြစ်ပါ သည်။ ဤဆောင်ပုဒ်ကို မြန်မာနိုင်ငံနှစ်ခြင်းအသင်းသူ၊ အသင်းသားတိုင်း အထူးသဖြင့် နှစ်ခြင်းအသင်းတော် ခေါင်းဆောင်များနှင့် အသင်းချုပ်ရုံးဝန်ထမ်းများသည် အစဉ်တ စိုက် မှတ်သားနာယူကျင့်သုံးရမည့်အချက် ဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်၊ အသင်းချုပ်၏ (၁၉)ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးတွင် အတည်ပြုပြဌါန်းခဲ့သည့် နောက်ဆုံး ပြင်ဆင်ရေးဆွဲခဲ့သည့် အသင်းချုပ်၏ အခြေခံ စည်းမျဉ်း၌ ပါရှိသော အသင်းချုပ်၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ (က) မြန်မာနိုင်ငံနှင့် တစ်ကမ္ဘာလုံးတွင် သာသနာပြုရန် (ခ) နှစ်ခြင်းယုံကြည်ခြင်းနှင့် ကျင့်ဝတ်တို့ကို Read more…

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ

ဆိုး အခြေပြုကျမ်းချက် ချစ်သူတို့ ငါတို့သည် အချင်းချင်း ချစ်ကြကုန်အံ့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့် စပ် ဆိုင်၏။ ချစ်တတ်သောသူ မည်သည်ကား ဘုရားသခင် ဖြစ်ပွားစေတော်မူသောသူ ဖြစ်၏။ ဘုရားသခင်ကို သိသောသူ လည်း ဖြစ်၏။ ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ၊ အကြောင်းမူကား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ် တော်မူ၏။ (ရှင်ယောဟန်ဩဝါဒစာပထမစာစောင် ၄း၇-၈)။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏ (God is Love) ဟူသော စကားလုံးက ယုံကြည်သူတိုင်း သိ မှတ်နားလည်ထားသော စကားဖြစ်ကာ၊ နေရာအတော်များ များ၊ အထူးသဖြင့် ဘုရားကျောင်းပလ္လင်၊ တရားဟောစင်များ တွင် တွေ့ရတတ်ပါ၏။ God is Read more…