စံပြုထိုက်သော မိန်းမ

စံပြုထိုက်သော မိန်းမ ရာမာန်မိုး စံပြုထိုက်သောမိန်းမဟု ပြောဆိုလျှင် မည်သည့်အရာ နှင့် နှိုင်းယှဉ်ရမည်နည်း။ ဤမေးခွန်းကို ဖြေလျှင်လည်း အမျိုး မျိုးသော အကြောင်းအရာများဖြင့် ဖြေဆိုတတ်သည်။ အချို့က မိန်းမများတို့သည် မိမိခင်ပွန်းသည်အား လိုလေသေးမရှိ ပြုစု ခြင်း၊ မယားဝတ္တရားငါးပါးနှင့် ကျေပွန်သော အမှုအရာအား ဖြင့် လုပ်ကျွေးမှုပြုသော မိန်းမကို စံပြုထိုက်သော မိန်းမဟု ခေါ် သည်။ အချို့က စံပြုထိုက်သောမိန်းမဆိုသည်မှာ ယောက်ျားတစ်ဦးကဲ့သို့ လုပ်ဆောင်နိုင်သောသူဟု ပြောဆိုသည်။ အကယ်၍မိန်းမတစ်ဦးသည် ဝန်ကြီးချုပ်တစ်ဦးအဖြစ်သော်လည်း ကောင်း၊ သမ္မတတစ်ဦးအဖြစ်သော်လည်းကောင်း၊ တိုင်းပြည်၏ တာဝန်ကို ထမ်းဆောင်ခဲ့လျှင် စစ်ပွဲနှင့်ပတ်သက်သောအရာ၊ တိုင်းပြည်၏ အမှုရေးအမှုရာ၊ အစာငတ်မွတ်ခေါင်းပါးခြင်း စသည့် အရေးကိစ္စများတို့ကို ဖြေရှင်းရသောသူဖြစ်သောကြောင့်စံပြုထိုက်သော မိန်းမဖြစ်သည်။ Read more…

သင်၌အဘယ်အရာ ရှိသနည်း
ဆလိုင်းဖေနု

စစ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ပြီး ကြောက်မက် ဖွယ်ရာ လက်နက်များနှင့် အင်မတန် စစ်ရေးကြွယ်လှသော ဖိလိတ္တိတပ်မှ စစ်သူရဲကြီးဂေါလျတ်အား သိုးကျောင်းသား လူငယ် လေး ဒါဝိဒ်က တစ်ဦးချင်း စစ်ထိုးမည်ဆိုသောအခါ ဣသရေလ တစ်တပ်လုံး အံ့အားသင့်ရသည်။ သူ့အစ်ကိုကြီး လျောဘက ပြစ်တင်စကားဆိုသည်။ ဘုရင်ရှောလုက ဒါဝိဒ်နှင့် ဂေါလျတ်တို့ ၏ အခြေအနေ၊ အရည်အချင်း ကွာခြားပုံကို ထောက်ပြ၍ မည် သို့မျှ မဖြစ်နိုင်ဟုဆိုကာ တားမြစ်သည်။ သို့သော် မည်သို့မျှ တား၍ မရသည့်အဆုံး၌ ဘုရင်ရှောလု ခွင့်ပြုလိုက်ရသည်။ ဤ သည်ပင် သူ့တိုင်းပြည်၊ သူ့လူမျိုး၊ သူ့ဂုဏ်သိက္ခာအတွက် နောက် ဆုံးသော ကောက်ရိုးတစ်မျှင်ပင် မဟုတ်ပါလား။ ရှောလုနှင့် Read more…

သမ္မာကျမ်းစာဖြစ်ပေါ်လာပုံ

ဗြိတိန်နိုင်ငံ၊ ဝေးလ်စ် (ခေါ်) ဝေလ (Wales) ပြည်နယ်တွင် ‘မေရီဂျုံး’ (Mary Jones) အမည်ရှိ အမျိုးသမီးငယ်ကလေးသည် သင်းအုပ်ဆရာ များ၊ တရားဟောဆရာများတို့၏ ဓမ္မတရားတော်များ ကို နားထောင်သည့်အခါတိုင်း ထိုဆရာများကဲ့သို့ သမ္မာကျမ်းစာကို လက်ဝယ်ပိုင်ဆိုင်ကာ ကိုယ်တိုင် ဖတ်ရှုလေ့လာချင်သည့် စိတ်ဆန္ဒများ ပြင်းပြခဲ့သည်။ ထိုအချိန်ကာလ၌ သမ္မာကျမ်းစာအုပ်သည် ရှားပါး၍ ပုံနှိပ်ထုတ်ဝေခြင်း မပြုလုပ်နိုင်သေးချေ။ သင်းအုပ် ဆရာအချို့သည်ပင်လျှင် သမ္မာကျမ်းစာအုပ်ကို မပိုင် ဆိုင်ကြသေးသည့်ကာလ ဖြစ်သည်။ ခရစ်နှစ် ၁၇၉ဝ ပြည့်နှစ်တွင် ဘာလ (Bala)မြို့ရှိ သိက္ခာတော်ရဆရာကြီး သောမတ်စ် ချားလ်စ် (Thomas Charles) ထံ၌ သမ္မာကျမ်းစာအုပ် နှစ်အုပ် ရှိကြောင်း မေရီဂျုံးသည် Read more…

ဗျာဒိတ်ကျမ်းမှာ ဖော်ပြသော မင်္ဂလာ(၇)ပါး

“ဗျာဒိတ်ကျမ်းမှာ ဖော်ပြသော မင်္ဂလာ(၇)ပါး” Rev.စောထွန်းထွန်းလင်း(SSKBMS)     မင်္ဂလာဟူသောစကားမှာ ပါဠိစကားနှင့်ဆက်နွယ်နေပြီး အနက်မှာ ကျက်သရေရှိသော၊ ဝမ်းသာအားရဖွယ်ကောင်းသော၊ သုခချမ်းသာ ခံစားနိုင်စေသော အရာများပါဝင်သည်။ ဆိုလိုသည် မှာ စိတ်ကြည်လင်ခြင်း၊ တည်ငြိမ်ခြင်း၊ ရောင့်ရဲတင်းတိမ်ခြင်း၊ ဝမ်းမြောက်ပျော်ရွှင်ခြင်း၊ ကျေနပ်အားရခြင်းပင်ဖြစ်သည်။ မင်္ဂလာ ရှိစွာ အသက်ရှင်သူသည်ခံစားနေရသော လောကဓံတရား မှန် သမျှကို ကျော်လွှားအောင်မြင်နိုင်ရုံသာမက အနာဂါတ်အတွက် ကြောက်ရွံ့ ထိတ်လန့်မှုကင်းမဲ့နေမည် ဖြစ်သည်။ မင်္ဂလာတရားတော်သည် လူမျိုးမရွေး၊ ဘာသာမရွေး၊ တိုင်းပြည်၊ နေရာဒေသ မရွေး၊ အချိန်မရွေး လိုက်နာကျင့်သုံးရမည့်တရားတော်ကို သခင် ယေရှုသည် တောင်ပေါ်ဒေသနာတော်တွင် ဟောပြောခဲ့သည်။ ထိုမင်္ဂလာတရားတော်သည် ကောင်းကျိုးချမ်းသာကို ဖြစ်ထွန်းစေ သည်။ ထိုတရားကိုလိုက်နာကျင့်သုံးသူသည် အသိပညာ၊ Read more…

ခရစ်တော်အတွက်သစ္စာရှိသောတပည့်တော်

ခရစ်တော်အတွက်သစ္စာရှိသောတပည့်တော် Faithful and true disiple for Christ = ဆရာမဒေါ်လရှီခေါန်စင် အခြေပြုကျမ်းချက် – မ၁၆း၂၄၊ ၂၅း၂၁။ ၁ရာ၁၂:၂၄။ ယော၊ ၄း၂၄ စကားချီး ခရစ်တော်အတွက် သစ္စာရှိသောတပည့်တော်စစ် ဖြစ် ရန် မလွယ်ကူပါ။ ကျွန်မတို့ခရစ်ယာန်များသည် အပေါ်ယံ သိုး ရေ ခြုံထားသော အမည်ခံခရစ်ယာန်များသာ ရာခိုင်နှုန်း များနေ ပါသည်။ သို့သော်လည်း ကျွန်မတို့တတ်နိုင်သရွေ့ ကြိုးစားအား ထုတ်ပြီး၊ ခရစ်တော်အတွက်သစ္စာရှိသောတပည့်တော်စစ် ဖြစ် ရန် ကြိုးစားရန်တင်ပြအားပေးလိုပါသည်။ ရှင်မဿဲ၊ ၂၅း၂၁ “အရှင်ကလည်း သာဓု သစ္စာရှိ သော ငယ်သားကောင်းသင်သည်အမှုငယ်၌ သစ္စာစောင့်လေပြီများစွာသောအမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ Read more…

“အဖေ့မော်ကွန်း”

ချစ်လှမောင် အတိတ်က အဖေဟာ ဇီရိုး ဟီးရိုးဖြစ်အောင်နောင်လာနောက်သား အမှားမရှိအောင်အမှောင်ထဲက မီးအိမ် အကြိမ်ကြိမ် လင်းပြ အကြိမ်ကြိမ်ရုန်းထ ဘဝကို အန်တုရင်း . . . ။ အတိတ်က အဖေဟာ ဟီးရိုး ဇီရိုးမဖြစ်အောင်နောင်လာနောက်သား အမှားမရှိအောင်၊ အမှောင်ထဲက မီးအိမ် အကြိမ်ကြိမ် လမ်းပြ သာဓကများစွာနဲ့ … … … ။ အကျွန်ုပ်၏အဖေ အတ္ထုပ္ပတ္တိဖေါ်ညွှန်း၊ အောက်မေ့ဖွယ်လွမ်းတ မနေ့တစ်နေ့ကလို ပါပဲ။ အကျွန်ုပ်၏အဖေ အနှုတ်ရဲ့ လက္ခဏာ၊ စုံးစုံးမြုပ်နေရာမှ ကမ္ဘာပေါ်ရှိ၊ အဖေများ၏ မှတ်တမ်းပေါ် မော်ကွန်းရေးနိုင်ခဲ့တယ်။

“နေ့စဉ်မြင်ကွင်း”

ချစ်လှမောင် တဖြည်းဖြည်းနဲ့ နီးကပ် ဖိနပ် ရှပ်တိုက်သံ၊ ခွက်ပန်းကန်ဆီသို့ ချောက်ကမ်းပါးထဲ မကျအောင်လှမ်း အလင်းတံခါးဝတွေ့သူ 。。。 ။ တဖြည်းဖြည်းနဲ့ နီးကပ် ဖိနပ်ရှပ်တိုက်သံ၊ ခွက်ပန်းကန်ဆီသို့ မည်သူမည်ဝါမသိ မျှော်လင့်ခြင်း ပြည့်စေဖို့။ အလင်းကွယ်၍ တွယ်ရာမယ့်ဘဝ၊ လမ်းမပေါ်ကလူ ဒုက္ခကိုရင်ဆိုင် ခြေသလုံးအိမ်တိုင်ဆိုပါတော့။ စမ်းတဝါးဝါးကြောင့် အမှားမရှိအောင်သွား ဝမ်းနည်းမှုတွေကို ဖြေသိမ့် ခြေနေတူ ဘဝများ၊ ခွန်အားဖြင့် နိုးထ ဖေးမလက်တွဲ၊ ဆန္ဒခိုင်မြဲလျက် ဘုရားကျောင်းထဲ ဝင်လာသူ ဗာတိမဲ၏ အသက်တာ အထက်က မျက်စိကန်း၍ ယခု မျက်စိမြင်သည် ဝိညာဉ်အလင်းရသောကြောင့်။ မည်သူမည်ဝါမသိ ကိုယ်ချင်းစာအသိဖြင့် မျှော်လင့်ခြင်း ပြည့်စေဖို့ ဝိညာဉ်အလင်းရစေဖို့

“သခင့်လက်ရာ”

ဖိုးတုတ် (KZK) အပြင်ပန်းရိုးရှင်း အတွင်းပိုင်း ရှုပ်ထွေး ဇီဝဆဲလ်တွေ ဘယ်သိပ္ပံရှာလို့ မနိုင် အနုစိတ်ခြင်း အထပ်ထပ် ပညာအလွှာလွှာနဲ့ ပြည့်နှက်နေတာမို့ သူ့ပညာလက်ရာ အံ့ဩဖွယ်ကြီးမြတ် ဘယ်သူမှ မမှီ သခင့် အနုပညာလေ . . . ။

ထာဝရရှင်သန်သူများ

မင်းမာန်ဟုန်(ကျောင်းကုန်း) သူတို့ဟာ အားအနည်းဆုံးသူများ သို့ငြား ကြီးမားအံ့ဖွယ်ပြုခဲ့တယ်… •သူတို့ဟာ ကြောက်တတ်သူများ သို့ငြား ဓားလက်နက်ကိုင်စွဲခဲ့ကြတယ် … သူတို့ဟာ ရှက်သည်းပိုသူများ • သူတို့ဟာ သို့ငြား လောကသားအတွက် စွန့်ရဲတယ် … အားငယ်တတ်သူများ သို့ငြား သခင်ဘုရားကို ကိုးစားလွန်းလှတယ် … ‘မိရိအံ ‘‘ဒေဗောရ’ ‘ဧသတာ’ “မာရိ’ ရှိသမျှ အစွမ်းနဲ့ လူသားအကျိုးဆောင်ခဲ့တယ် . . . သူတို့ဟာ မိန်းမသား ပုခက်လွှဲသော လက်များပိုင်ရှင် ကမ္ဘာမြေရဲ့ရာဇဝင်မှာ အစဉ်ထာဝရ အမှတ်ရလို့ နေသင့်သူ။ ။