A dictionary of youth

ပျိုမျစ်ခြင်းရဲ့ အဘိဓာန် ပျိုမျစ်ခြင်းဟာ ၊  အရာရာကို စွမ်းဆောင်နိုင်တယ် တိုင်းပြည်အတွက် အသင်းတော်အတွက် လူမျိုးအတွက် သာသနာအတွက် ခွန်အားအပြည့်ရှိတယ် ရဲရင့်ခြင်းလဲရှိတယ် မကြောက်ဘူး နောက်မဆုတ်ဘူးဆိုတဲ့ အသိတရားကို ရင်မှာပိုက်ပြီး အတားအဆီးတွေကို ထိုးဖောက်တတ်တဲ့ သဘောတရားဟာလဲ ပျိုမျစ်ခြင်းရဲ့ သင်္ကေတပါ. . ပန်းကောင်းတပွင့်ဟာ အမြဲတမ်း လှပနေသလို ကျောက်ကောင်းတပွင့်လဲ တန်ဖိုးအနဂ္ဃပါ ပန်းကောင်း ကျောက်ကောင်း တပွင့်လို နပျိုချိန်မှာ လှပတန်ဖိုးရှိနေဆဲပဲ ရေပေါ်မှာပ နံတင့်နေတဲ့ ကြာပန်းတပွင့်ဟာ ဘယ်အချိန်ကြည့်ကြည့် အမြဲတမ်းနုသစ် လန်းဆန်းနေတတ်တယ်. . တကယ်တော့ ငယ်ရွယ်တဲ့ အသက်တာဟာ သူတစ်ပါးအတွက် အလင်းဖြစ်စေဖို စကားပြောခြင်း ကျင့်ကြံပြုမူခြင်း သူတပါးကို ချစ်တဲ့နေရာမှာ သစ္စာစောင့်ခြင်း ဝိညာဉ်ရေးရာမှာ Read more…

Two rings

    လက်စွပ်ကလေး နှစ်ကွင်း ~အမှတ်လက္ခဏာ သစ္စာဆိုသော စကား၊ အက္ခရာများဖြင့် နှလုံးသားပေါ်တွင်၊ ကမ္ဗည်းတင်လေသော် ဧဒင်ထဲက၊ ရင်ခုန်ဖွယ်ညပေါ့ အချစ်ရယ်။ ~ကြိုက်မရှက် ငိုက်မရှက် အသက်တမျှ တစ်ဘဝ၊ အချစ်က ခိုင်မြဲ ကြိုင်လှိုင်ပျံ့သင်း၊ ယုံကြည်ခြင်းအမွေ ထမ်းပိုးစေသော ~ကြိုက်၍ပဲ ချစ်သည် ချစ်၍ပဲ ကြိုက်သည်၊ တူညီသော နှောင်ကြိုး တန်ဖိုးနဲ့ အမြတ်တနိုး ထမ်းပိုးညီစေသော ~ဆင်းရဲနဲ့ ချမ်းသာ ရောဂါနဲ့ ကျန်းမာ ဇရာနဲ့ ရူပါ သင်္ခါရနဲ့ အလှတရား ဘိုးဘေးများ၏ ပုံဝတ္ထု ယုံကြည်ခြင်းအမွေခိုင်လုံနေသမျှ ကြိုက်လေသမျှ၊ ထာဝရသို့ ချစ်လေသမျှ၊ ထာဝရသို့ အမှတ်တရလေးများ ဖြစ်ပါစေ။     Read more…

ကြဲပါ ရိတ်ပါ စုဆောင်းပါ ဆရာမုန့်( ဥက္ကံ)

ကြဲပါ ရိတ်ပါ စုဆောင်းပါ ဆရာမုန့်( ဥက္ကံ) “လူသည် မျိုးစေ့ကြဲသည့်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်။ မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်” (ဂလာတိ ၆း၇–ဂ) အထက်ဖော်ပြပါ ကျမ်းချက်အရ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရကြောင်း သိရပါသည်။ထို့ကြောင့် ဘာမျိုးစေ့ကြဲရမည်နည်း။ ဘယ်လို ရိတ်သိမ်းရမည်နည်း။ ဘယ်လို စုဆောင်းရမည်နည်း ဟူသောအချက်များအား အောက်ပါအတိုင်း ရေးသားဖော်ပြလိုက်ပါသည်။ ၁။မျိုးစေ့ (စပါး) လယ်သမားများသည် စပါးမျိုးစေ့ မကြဲမှီ အရင်ဦးဆုံး လယ်ထွန်ရပါသည်။ လယ်ထွန်ဖို့ မိုးရေ လိုပါသည်။မိုးရွာပြီး မာကျောသောမြေများ ပျော့အိပြီးမှသာ ထယ်ထိုး ရပါသည်။ Read more…