ခံနိုင်ရည်စွမ်းအားပေးပါ
@@@@@@@@@@@

ဘုရားသခင်ဆီကနေ
ကျနော်တို့
ဘာကိုမြော်လင့်
နေကြပါလိမ့်
အကောင်းဆုံးကို
မြော်လင့်နေပါသလား။

ဘုရားသခင် က
ကျနော်တို့ကို
ဒုက္ခ မုန့် ကို ကျွေး
ဆင်းရဲခြင်း ရေ တိုက်
ရင် ဘယ်သူတွေ စားကြ
သောက်ကြ မည်နည်း။

အခြားသူတွေကိုတော့
ကျနော် မသိပါ။

ဘုရားက သူကိုမြော်လင့်တက်ဖို့
သင်ပေးသောအခါ
ကျနော်က တော့
စားမယ် သောက်လိုက်ပါမယ်
ဘာဖြစ်လို့လဲ ဆိုတော်
ကျနော်ကို ချစ်လို့ ကျွေးတာလေ ။
ဟာလေလုယာ၊ အာမင်း။

ထာဝရဘုရားသည် သင့်အားဒုက္ခမုန့်ကို ကျွေး၍၊ ဆင်းရဲခြင်းရေကို တိုက်တော်မူသော်လည်း၊ သင်၏ ဆရာတို့သည် နောက်တဖန် ပုန်းရှောင်၍ မနေရကြ။ ကိုယ်မျက်စိနှင့် ကိုယ်ဆရာတို့ကို မြင်ရလိမ့်မည်။(ဟေရှာယ 30:20 ယုဒသန်)