ဒီဇင်ဘာလရောက်လာရင်

အမျိုးမျိုးအလှဆင်

ရန်ကုန်မြို့ ပြမွေးနေ့တော်ပွဲ

ပျော်ရွှင်စွာနွှဲ။

ရောင်စုံမီးများထွန်းညှိချိတ်ဆွဲ

အချို့မီးသီးတွဲ မှိတ်တုပ်မှိတ်တုပ်

လင်းတခါ မှိတ်တလှည့် ဆွဲဆောင်လို့၊

တချို့ မီးသီးတွဲ မီးချောင်းတွေ

အဆက်မပြတ် ထွန်းလင်းနေ၊

အားတော့ နည်းလှသလေ။

တချို့ မီးမောင်းလင်းအားကောင်း

အမြင်ရှင်းစေကြောင်း။

သင်တို့သည် လောကအလင်းလို့ဆိုထား

သင့်သက်တာမှာ မည်သို့လင်းကာ

အသက်ရှင်သွား ဆင်ခြင်မိရဲ့လား။

မီးမောင်းများလို အားကောင်းကောင်းနဲ့

လင်းနိုင်ဖို့

ကိုယ်တော်ရှင်ရဲ့ နှုတ်ကပတ်စကား

နှလုံးသွင်းထားလို့

ကျေးဇူးတော်ချီးမွမ်းကာ

ဆုတောင်းခွန်အားယူလျက်

အသက်ရှင်စို့။

မပန်းချစ်(ပညာရေး)