• လူငယ်တစ်ယောက်၏ဖွင့်ဟဝန်ခံချက်

ဂါယုရေဆင်း

နှုတ်ဖျားက သခင် သခင်နဲ့

ကျွန်ုပ် တကြော်ကြော် ခေါ်နေလိုက်တာ

တတယ်တမ်းတော့

အပေါ်ယံနှုတ်ဖျားက ထွက်လာတဲ့စကား

သိပ် မြတ်နိုးတာပဲ သခင်ရယ်

နှစ်ဦးခြင်းသစ္စာပြုထားပေမဲ့

တကယ်တမ်းဒုက္ခတွေ့တော့

ရွှေရည်စိမ်ထားတဲ့ စာချုပ်အတုသာ

သခင့်အတွက်ကျန်ခဲ့ရတယ်. .

သခင်ကိုလေ သိပ်ချစ်တာပဲလို့

ထပ်ခါထပ်ခါ ပြောနေလဲပဲ သံသယအရိပ်

သံသယကြောက်စိတ်နဲ့ 

သိပ်ချစ်ပါတယ်ဆိုတဲ့ ပေတရုလေ

နောက်ဆုံးတော့ သခင့်ရဲ့မျက်ဝန်းထဲမှာ

မျက်ရည်ဝဲခဲ့ရတယ်

ဒါကိုသခင် သိပေမဲ့ အပြစ်မယူရက်ဘူး

အပေါ်ယံစကား အပေါ်ယံနှုတ်ဖျားက

အပေါ်ယံမေတ္တာမျိုးနဲ့ 

သခင် သခင် ခေါ်တိုင်း နိုင်ငံတော်မဝင်ရဘူး

ဆိုတဲ့ သခင့်စကားအတွတ်

နှုတ်ဖျားက ခင်

ဦးနှောက်ထဲကသခင်

နှလုံးသားအရှင်

အဖြစ်နဲ့အသိအမှတ်ပြုပါရစေ

သခင်