ယုံကြည်သူ ရှေးဘိုးဘေးအသင်းတော်ခေါင်း ဆောင်များက ရွေးချယ်သတ်မှတ်ပြဋ္ဌါန်းခဲ့သည့် မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏ ဆောင်ပုဒ်မှာ “ကိုယ်ကျိုး စွန့်ဝန်ထမ်း” (Service and Sacrifice) ဟူ၍ ဖြစ်ပါ သည်။ ဤဆောင်ပုဒ်ကို မြန်မာနိုင်ငံနှစ်ခြင်းအသင်းသူ၊ အသင်းသားတိုင်း အထူးသဖြင့် နှစ်ခြင်းအသင်းတော် ခေါင်းဆောင်များနှင့် အသင်းချုပ်ရုံးဝန်ထမ်းများသည် အစဉ်တ စိုက် မှတ်သားနာယူကျင့်သုံးရမည့်အချက် ဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်၊ အသင်းချုပ်၏ (၁၉)ကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးတွင် အတည်ပြုပြဌါန်းခဲ့သည့် နောက်ဆုံး ပြင်ဆင်ရေးဆွဲခဲ့သည့် အသင်းချုပ်၏ အခြေခံ စည်းမျဉ်း၌ ပါရှိသော အသင်းချုပ်၏ ရည်ရွယ်ချက်များမှာ

အောက်ပါအတိုင်း ဖြစ်သည်။

(က) မြန်မာနိုင်ငံနှင့် တစ်ကမ္ဘာလုံးတွင် သာသနာပြုရန် (ခ) နှစ်ခြင်းယုံကြည်ခြင်းနှင့် ကျင့်ဝတ်တို့ကို စောင့်ရှောက် ထိန်းသိမ်းမြှင့်တင်ရန်၊

(ဂ) ခရစ်ယာန်ဓမ္မပညာမြှင့်တင်ပြန့်ပွားရေးနှင့် ပြုစုပျိုး ထောင်ရေးလုပ်ငန်းများတွင် ပံ့ပိုးလမ်းညွှန်ရန်၊

(ဃ) အခြားသော ခရစ်ယာန် ဂိုဏ်းဂဏများ၊ အဖွဲ့အစည်း များနှင့် မိတ်သဟာယဖွဲ့ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ (င) နိုင်ငံသားကောင်းများဖြစ်ရန်၊ နိုင်ငံတော်နှင့် နိုင်ငံသား များအတွက် ဆောင်ရွက်ခြင်း

အထက်ပါ အသင်းချုပ်၏ ရည်ရွယ်ချက်များကို အသင်းချုပ်ဆိုင်ရာဌာနများ၊ ကော်မတီများ၊ အစီအစဉ်များ ၏ လုပ်ငန်းလမ်းညွှန်အဖြစ် နားလည်ခံယူ ကျင့်သုံးရန် အရေးကြီးလိုအပ်ပါသည်။ ထိုရည်ရွယ်ချက်များသည် အသင်း ချုပ်၏ ရူပါရုံကို ရုပ်လုံးဖော်ရန် နည်းဗျူဟာများ၏ အခြေခံ ကျောရိုးများပင် ဖြစ်သည်။ ဌာနတိုင်း၊ ကော်မတီတိုင်း၊ အစီအစဉ်တိုင်းသည် အသင်းချုပ်တည်းဟူသော ကိုယ်ခန္ဓာ ၏ အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြသဖြင့် အချင်းချင်း ညှိ နှိုင်းတိုင်ပင် ရိုင်းပင်းကူညီလျက် မိမိတို့၏ အခန်းကဏ္ဍ အလိုက် လက်တွဲကာ တစ်လုံးတစ်ဝတည်း ပူးပေါင်းလုပ် ဆောင်ကြရန် ဖြစ်သည်။

(က) “အလိုတော်သည် မြန်မာနိုင်ငံ၌ ပြည့်စုံပါစေသော” ဟူသော အဓိကအချက်ဖြင့်၊ အသင်းချုပ်၏ နှစ်ခြင်းခရစ် ယာန်သာသနာ နှစ် (၂၀၀)ပြည့်အလွန် (၁၀)နှစ် စီမံကိန်း အပါအဝင်၊ ဥဿုံသာသနာရူပါရုံထားရှိကာ၊ လူသားတိုင်း ခရစ်တော်ပေးတော်မူသော လွတ်မြောက်ခြင်း၊ ထာဝရ အသက်နှင့် ပြည့်စုံကြွယ်ဝသော အသက်တာ ရရှိခံစားနိုင် ရန်၊ လူသားတို့၏ လူမှုဘဝ ဘက်စုံဖွံ့ဖြိုးခြင်း၊ ပတ်ဝန်းကျင် (ဖန်ဆင်းခြင်း) ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ခြင်း၊ သဟာ ဇာတဖြစ်ခြင်း၊ ရန်ငြိမ်းသင့်မြတ်ခြင်းနှင့် ငြိမ်းချမ်းရေးတို့ ကို ဖန်တီးတည်ဆောက်ရန်။ (ခ) နှစ်ခြင်းယုံကြည်ခြင်းနှင့် ကျင့်သုံးမှုများ၊ နှစ်ခြင်းတို့၏ ထူးခြားသော ဝိသေသလက္ခဏာရပ်များနှင့် သမိုင်း အစဉ်အလာများကို အပြုသဘောဖြင့် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ရန်ဖြစ်သကဲ့သို့၊ ခရစ်ယာန်များအားလုံး (ဂိုဏ်းပေါင်းစုံ) လက်ခံယုံကြည်ကျင့်သုံးလျက်ရှိသော အ ကြောင်းအရာကိစ္စရပ်များ(ဥပမာ – နိစိန်ယုံကြည်ချက် (Nicene Creed)၊ ဗတ္တိဇံမင်္ဂလာ၊ ပွဲတော်မင်္ဂလာ၊ ဓမ္မ = အမှုတော်ဆောင်ခြင်း (Baptism, Eucharist, Minis try – BEM) စာတမ်းစသည်တို့)ကိုလည်း လေ့လာသုံးသပ် ပြီး ဆီလျော်သောနည်းဖြင့် လက်ခံကျင့်သုံးရန် လိုသည်။ (ဂ) ခရစ်ယာန်ဓမ္မပညာနှင့် သီဩလော်ဂျီပညာတို့အား ဖြင့် ခရစ်ယာန်ယုံကြည်ခြင်း အခြေခံမှန်ကန်စွာ သွန်သင် ခြင်း၊ တပည့်တော်စစ်ဖြစ်ရန်နှင့် ရင့်ကျက်သော ခရစ်ယာန် အသက်တာအတွက် ပြုစုပျိုးထောင်ခြင်း၊ အမှုတော် သာ သနာတော်လုပ်ငန်းအတွက် သင်ကြားလေ့ကျင့်မြှင့်တင်ခြင်း တို့သည် အသင်းတော်၏ အဓိက မဏ္ဍိုင်တစ်ရပ် ဖြစ်သည်။ (ဃ) သမိုင်းကြောင်းအရ၊ ခရစ်ယာန်အသင်းတော်သည် မူလအစတွင် သုံးရာစုနီးပါး ထိုစဉ် ရောမအင်ပါယာ လက် ထက်၌ တရားမဝင်သော ဘာသာဖြစ်ပြီး၊ ယုံကြည်သူများ

ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများ ခံခဲ့ရ သည်။ ရောမအင်ပါယာ ဧကရာဇ်ဘုရင် ကွန်စတန်တင်း လက်ထက် (၃၁၃ အေဒီ) နောက်ပိုင်းတွင် တရားဝင် အသိ အမှတ်ပြုခံရသည်။ ၁ဝ၅၄ အေဒီအထိ ဂိုဏ်းဂဏကွဲပြားမှု မရှိချေ။ ထိုနှစ်တွင် အရှေ့အသင်းတော် (သြသောဒေါ့စ်)နှင့် အနောက်အသင်းတော် (ရောမကက်သလစ်)နှစ်ခြမ်း ကွဲ သွားခဲ့သည်။ ရောမကက်သလစ်အသင်းတော်ထဲမှ ၁၅၁ရ စီအီးတွင် မာတင်လူသာအားဖြင့် ပြုပြင်ပြောင်းလဲခြင်း (Reformation) ဖြစ်ပေါ်လာပြီး၊ ဂိုဏ်းဂဏအသင်းတော် အမျိုးမျိုး စတင်ပေါ်ပေါက်ခဲ့သည်။ ၁၆၀၉ ခုနှစ်တွင် နှစ်ခြင်း ဂိုဏ်းဂဏ ပေါ်ပေါက်ခဲ့သည်။ ကမ္ဘာပေါ်တွင် ခရစ်ယာန် ဂိုဏ်းဂဏပေါင်း ၃၅ဝဝဝ ခန့် ရှိသည်ဟု ဆိုသည်။ သို့ရာ တွင်၊ သမ္မာကျမ်းစာအရ အသင်းတော်သည် ခရစ်တော်၏ ကိုယ်ခန္ဓာဖြစ်ရာ၊ ဂိုဏ်းဂဏပေါင်းမျာစွာ ရှိသော်လည်း အသင်းတော်တစ်ပါးတည်း၊ ယုံကြည်ခြင်းတစ်ပါး၊ သခင်တစ် ပါး၊ ဗတ္တိဇံတစ်ပါး၊ ကိုယ်တစ်ကိုယ်၊ ဝိညာဉ်တစ်ဝိညာဉ်တည်း၊ ဘုရားသခင်တစ်ဆူတည်း ရှိသည်။ (ဧဖက် ၄း၄-၆)။ နိစိန် ယုံကြည်ချက်၌ ဝန်ခံထားသည်မှာ “ကျွန်ုပ်တို့သည် တစ်ပါး တည်း၊ သန့်ရှင်းသော၊ တစ်လောကလုံးနှင့်ဆိုင်သော၊ တမန် တော်များမှ ဆက်နွယ်ဆင်းသက်လာသော အသင်းတော်ကို ယုံ ကြည်ပါ၏” ဟူ၍ ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ သမိုင်းဝင်ဂိုဏ်းဂဏအသင်း တော်များ၏ မိတ်သဟာယအဖွဲ့ကြီးဖြစ်သော ကမ္ဘာ့အသင်း တော်များကောင်စီကို ၁၉၄၈ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင် ရာ၌ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်သည် တစ်ပါး ( အပါအဝင် ဖြစ်သည်။ ယနေ့ထိ တက်ကြွစွာပါဝင်လျက်ရှိ သည်။ သိက္ခာတော်ရဒေါက်တာရန်ခိုပေါင်(အသင်းချုပ် အထွေထွေ အတွင်းရေးမှူးဟောင်း)သည် ဗဟိုကော်မတီ အဖွဲ့ဝင် ဖြစ်သည်။ အာရှခရစ်ယာန်ကွန်ဖရင့်စ်ကို ၁၉၅ရ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ရာ၌လည်း အသင်းချုပ်သည် ပါဝင်ခဲ့ပြီး ယနေ့ထိ တက်ကြွစွာ ပါဝင်လျက် ရှိသည်။ ဘုန်းတော်ဝင်စားပြီးဖြစ်သော ဆရာကြီးဒေါက်တာဦးကျော်

သန်းသည် ၁၉၅ရ-၆ရ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ၁၉၆ရ’ရ၃ အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဆရာမကြီး ဒေါက်တာအက်စတာဗြူးသည် စီစီအေ အမျိုး သမီးဌာနတာဝန်ခံအဖြစ် ၁၉၉၀-၉၇ ထိ ထမ်းဆောင်ခဲ့ ကြသည်။

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များ ကောင်စီ (မခသက)ကို ၁၉၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင် ရာ၌လည်း အသင်းချုပ်ပါဝင်ခဲ့ပြီး၊ သမိုင်းတစ်လျှောက်တွင် ခေါင်းဆောင်မှု ကဏ္ဍများစွာတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ လက်တွဲလုပ်ဆောင်မှုနှင့် တစ်လုံး တစ်ဝတည်းဖြစ်ရေး လှုပ်ရှားမှုသည် အသင်းတော်တိုင်းနှင့် သက်ဆိုင်သည်။ မျက်မှောက်ခေတ်တွင် ခရစ်ယာန်အသင်း တော်အချင်းချင်း (ဂိုဏ်းပေါင်းစုံ) မိတ်သဟာယဖွဲ့ခြင်း၊ ပူး ပေါင်းဆောင်ရွက်ခြင်းသာမက၊ ကွဲပြားသော ဘာသာ၊ သက် ဝင်ယုံကြည်သူအချင်းချင်း (ဘာသာပေါင်းစုံ) မိတ်သဟာယ ဖွဲ့ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ယှဉ်တွဲနေထိုင်သည့် ကမ္ဘာ့လူ့အဖွဲ့အစည်း များ၏ ပြဿနာပေါင်းစုံကို အတူတကွ ညှိနှိုင်းတိုင်ပင် ဖြေ ရှင်းနိုင်ကြောင်း ခံယူယုံကြည်ကြသည်။ လူမျိုးပေါင်းစုံ၊ ဘာ သာပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံ အတူတကွ မိတ်သဟာယဖွဲ့ခြင်း၊ တစ်လုံးတစ်ဝတည်း သွေးစည်းညီညွတ်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း (ecumenical solidarity and co operation) သည် ကမ္ဘာလူသားများအတွက် ဘုရားသခင် ၏ အလိုတော်ဖြစ်သည်ဟု လက်ခံယုံကြည်ကြသည်။

(င) ခရစ်ယာန်များ ယုံကြည်ထားသည်မှာ ကျွန်ုပ်တို့ သည် လောကီနိုင်ငံသားများဖြစ်သကဲ့သို့ ကောင်းကင်နိုင်ငံ သားများလည်း ဖြစ်ကြသည်။ ယာယီတဲ ဤကမ္ဘာလောက၌ နေထိုင်စဉ်တွင် မိမိတို့ တိုင်းပြည်၏ နိုင်ငံသူ၊ နိုင်ငံသား ကောင်းများ ဖြစ်ရမည်မှာ သမ္မာကျမ်းစာသွန်သင်ချက်နှင့် ဘုရားသခင်၏ အလိုတော် ဖြစ်သည်။ ခရစ်ယာန်များသည် နိုင်ငံသူ၊ နိုင်ငံသားကောင်းများဖြစ်လျက် တိုင်းပြည်နှင့် တိုင်း ရင်းသားပြည်သူလူထု၏ ကောင်းကျိုး၊ ပြည်ထောင်စုအရေး၊

ဒီမိုကရေစီအရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးအစရှိသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် ဘုရားသခင်၏အလို တော်နှင့် လမ်းပြမှုကို ခံယူပြီး တက်ကြွစွာ မေတ္တာစေတနာ သစ္စာဖြင့် ပါဝင်ရန် ဖြစ်သည်။

ခရစ်ယာန်တိုင်း၏ နေ့စဉ် အသက်တာ၌လည်း ကောင်း၊ အထူးသဖြင့် သာသနာ့ဝန်ထမ်း အမှုတော်ဆောင် များအနေဖြင့် မှတ်သားနာယူလိုက်လျှောက် အသက်ရှင်ရန်၊ သခင်ခရစ်တော်၏ ဟောပြောသွန်သင်ချက်ထဲမှ “မဟာ” စကားကြီးလေးခွန်းကို ဖော်ပြလျက် တိုက်တွန်းနှိုးဆော်လို ပါသည်။

(၁) မဟာစေစားချက် (မဿဲ ၂၈း၁၈-၂ဝ၊ ခေတ်သုံး မြန်မာစကား)

သခင်ယေရှုသည် တပည့်တော်တို့အနီးသို့ ကြွလာ တော်မူလျက် “ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာမြေကြီး ပေါ်၌လည်းကောင်း ရှိသမျှသော တန်ခိုးအာဏာတို့ကို ခံယူရရှိထားလေပြီ။ သို့ဖြစ်၍ သင်တို့သည် သွား၍ လူမျိုး တကာတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ သူတို့အား ခမည်း တော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမကို အမှီပြု၍ ဗတ္တိဇံမင်္ဂလာကို ပေးကြလော့။ သင်တို့အား ငါ ပေးသမျှသော ပညတ်တို့ကို စောင့်ထိန်းကြစေရန် သူတို့အား သွန်သင်ကြလော့။ ငါသည် ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိတော်မူမည်”ဟု မိန့်တော် မူ၏။

(၂) မဟာပညတ်သစ် (ယော ၁၃း၃၄၊ ၃၅၊ ခေတ်သုံး မြန်မာစကား)

“အချင်းချင်းချစ်ကြလော့ဟူသော ပညတ်သစ်ကို သင်တို့အား ငါပေး၏။ ငါသည် သင်တို့ကို ချစ်သည်နည်းတူ သင်တို့သည်လည်း အချင်းချင်း ချစ်ကြရမည်။ သင်တို့အ ချင်းချင်း ချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကို ထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်းကို သိ ကြလိမ့်မည်”ဟု မိန့်တော်မူ၏။

(၃) မဟာယဇ်ပုရောဟိတ်မင်းကြီး ဆုတောင်းချက် (ယော ၁ရး၂၀-၂၃၊ ခေတ်သုံးမြန်မာစကား)

“အကျွန်ုပ်သည် ထိုသူတို့အတွက်သာလျှင် ဆု တောင်းသည် မဟုတ်ပါ။ သူတို့ ဟောပြောချက်ကြောင့် အကျွန်ုပ်ကို ယုံကြည်လာသူများအတွက်လည်း ဆုတောင်း ပါ၏။ ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်ကြ စေရန် ဆုတောင်းပါ၏။ အိုအဖ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ တည်ရှိတော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ တည် ရှိသကဲ့သို့ ထိုသူတို့သည် အကျွန်ုပ်တို့၌ တည်ရှိစေတော်မူ ပါ။ အကျွန်ုပ်ကို ကိုယ်တော်စေလွှတ်တော်မူကြောင်းကို လော ကသားတို့ ယုံကြည်ကြစေရန် ထိုသူတို့ကို တစ်လုံးတစ်ဝ တည်း ဖြစ်စေတော်မူပါ။ ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်လုံးတစ်ဝတည်း ဖြစ်သကဲ့သို့ ထိုသူတို့သည်လည်း ဖြစ် ကြစေရန် အကျွန်ုပ်သည် ကိုယ်တော်ပေးတော်မူသော ဘုန်း အသရေတော်ကို သူတို့အား ပေးပါပြီ။ အကျွန်ုပ်သည် သူ တို့၌လည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်၌လည်း ကောင်း တည်ရှိသဖြင့် သူတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်သောအားဖြင့် ကိုယ်တော်သည် အကျွန်ုပ်အား စေလွှတ် တော်မူကြောင်းနှင့် အကျွန်ုပ်အား ချစ်တော်မူသကဲ့သို့ သူတို့ အားလည်း ချစ်တော်မူကြောင်းကို ကမ္ဘာသူ၊ ကမ္ဘာသားတို့ သိရှိကြမည် ဖြစ်ပါ၏”

(၄) မဟာရွှေစည်းမျဉ်း (မဿဲ ရး၁၂၊ ခေတ်သုံးမြန်မာ စကား)

“သင်တို့သည် မိမိတို့အား ကျေးဇူးပြုစေလိုသည့် အတိုင်း သူတစ်ပါးတို့အား ကျေးဇူးပြုကြလော့။ ဤကား ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများ၏ သွန်သင်ချက် အချုပ်အခြာ ဖြစ်သတည်း”

အထက်က ဖော်ပြသည့် အသင်းချုပ်၏ ဆောင် ပုဒ်၊ အသင်းချုပ်၏ ရည်ရွယ်ချက်များ၊ သခင်ခရစ်တော်၏ မဟာစကားကြီးလေးခွန်းတို့ကို ဆင်ခြင်နှလုံးသွင်း၍၊ နာခံ လိုက်လျှောက်ကျင့်သုံးနိုင်ရန်၊ တမန်တော်ရှင်ပေါလု၏ သြဝါဒ စကားအတိုင်း “ခရစ်တော်ယေရှု၌ရှိသော စိတ်သဘောမျိုး ကို သင်တို့၌လည်း ရှိစေကြလော့” (ဖိလိပ္ပိ ၂း၅) ဖြစ်ရန် လိုအပ်သည်။ ခရစ်တော်ယေရှု၌ရှိသော စိတ်သဘောမျိုးကို “န”လေးလုံးအားဖြင့် ပုံဖော်နိုင်သည်။

(၁) နှိမ့်ချခြင်း (Humility)

(၂) အနစ်နာခံခြင်း (Sacrifice)

(၃) နားထောင်နာခံခြင်း (Obedience)

(၄) အနာ (ဒုက္ခဝေဒနာ)ခံခြင်း (Suffering)

သခင်ယေရှု၏ ဘဝစံနမူနာအတိုင်း၊ အဆုံးစွန် နှိမ့်ချခြင်း၊ အလုံးစုံကို စွန့်လွှတ်စွန့်စား အနစ်နာခံခြင်း၊ ခမည်းတော်ဘုရားသခင်၏ အလိုတော်ကို အကြွင်းမဲ့ နား ထောင်နာခံခြင်းတို့အားဖြင့် ကြိုးစားဆက်ကပ်အသက်ရှင် ပြီး၊ ကိုယ်တော်ရှင်၏ သာသနာအမှုတော်မြတ်ကို သက် ဆုံးတိုင်အောင် မေတ္တာနှင့် သစ္စာဖြင့် ထမ်းရွက်ရမည် ဖြစ် သည်။

(၉. ၄ ၂ဝ၁၈ ရက်နေ့၊ မြန်မာနိုင်ငံနှစ်ခြင်းခရစ် ယာန်အသင်းချုပ်၊ ကူရှင်ခန်းမဆောင်၌ ပြုလုပ်သည့် အသင်း ချုပ်ဝန်ထမ်းများ၏ နံနက်ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ် တွင် ဟောကြားသည့် သိက္ခာတော်ရဒေါက်တာစမစ်ငူလ်ဇ ထောင်း၏ တရားဒေသနာကို ကောက်နှုတ်တင်ပြခြင်း ဖြစ် သည်။)