“ဗျာဒိတ်ကျမ်းမှာ ဖော်ပြသော မင်္ဂလာ(၇)ပါး”

Rev.စောထွန်းထွန်းလင်း(SSKBMS)

    မင်္ဂလာဟူသောစကားမှာ ပါဠိစကားနှင့်ဆက်နွယ်နေပြီး အနက်မှာ ကျက်သရေရှိသော၊ ဝမ်းသာအားရဖွယ်ကောင်းသော၊ သုခချမ်းသာ ခံစားနိုင်စေသော အရာများပါဝင်သည်။ ဆိုလိုသည် မှာ စိတ်ကြည်လင်ခြင်း၊ တည်ငြိမ်ခြင်း၊ ရောင့်ရဲတင်းတိမ်ခြင်း၊ ဝမ်းမြောက်ပျော်ရွှင်ခြင်း၊ ကျေနပ်အားရခြင်းပင်ဖြစ်သည်။ မင်္ဂလာ ရှိစွာ အသက်ရှင်သူသည်ခံစားနေရသော လောကဓံတရား မှန် သမျှကို ကျော်လွှားအောင်မြင်နိုင်ရုံသာမက အနာဂါတ်အတွက် ကြောက်ရွံ့ ထိတ်လန့်မှုကင်းမဲ့နေမည် ဖြစ်သည်။ မင်္ဂလာတရားတော်သည် လူမျိုးမရွေး၊ ဘာသာမရွေး၊ တိုင်းပြည်၊ နေရာဒေသ မရွေး၊ အချိန်မရွေး လိုက်နာကျင့်သုံးရမည့်တရားတော်ကို သခင် ယေရှုသည် တောင်ပေါ်ဒေသနာတော်တွင် ဟောပြောခဲ့သည်။ ထိုမင်္ဂလာတရားတော်သည် ကောင်းကျိုးချမ်းသာကို ဖြစ်ထွန်းစေ သည်။ ထိုတရားကိုလိုက်နာကျင့်သုံးသူသည် အသိပညာ၊ အတတ် ပညာ၊ ဗဟုသုတနှင့် ပြည့်စုံသည့်အပြင် မိမိကိုယ်တိုင် ဆင်းရဲတွင်း မှ လွတ်ကင်းစေပြီး သူတစ်ပါးကိုပါ ကူညီနိုင်စွမ်းရှိသည်။ ငြိမ်းချမ်း သာယာကြွယ်ဝသောနိုင်ငံများကို သေချာစွာ လေ့လာကြည့်လျှင်

မင်္ဂလာတရားတော်ကို အများစုလိုက်နာကျင့်သုံးကြပြီး၊ မငြိမ်းချမ်း သောဆင်းရဲမွဲတေသောနိုင်ငံများမှာမူ မလိုက်နာမကျင့်သုံးကြ ကြောင်း ထင်ရှားစွာတွေ့မြင်နိုင်သည်။

ဗျာဒိတ်ကျမ်းတွင် ဖော်ပြသောမင်္ဂလာ (၄)ပါး ပထမမင်္ဂလာ (ဗျာ၊ ၁း၃)

ကာအချိန်ရောက်လုနီးပြီဖြစ်၍ ဤအနာဂတ္တိကျမ်း စကားကို ကြည့်ရှုဖတ်ရွတ်နားထောင်၍ ရေးထားသမျှတို့ကို စောင့် ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။

(က) ကာလအချိန်ရောက်လုနီးပြီ

သခင်ယေရှု ဒုတိယအကြိမ်ကြွလာခါနီးပြီဖြစ်ကြောင်း သဘာဝတစ်ခုလုံးက (ငလျင်လှုပ်၊ ရေကြီး၊ မိုးခေါင်ကပ်ဆိုး အမျိုးမျိုး) လူသားအားလုံးကို သတိပေးလျက်ရှိသည်။

(ခ) ဤအနာဂတ္တိကျမ်း

သမ္မာကျမ်းစာ၌ ဖော်ပြသောကျမ်း (၆၆) ကျမ်း

(ဂ) ကြည့်ရှု

နေ့စဉ်အသက်တာ သမ္မာကျမ်းစာကို ကြည့်ရှုရန် တိုက် တွန်းထားသည်။

(ဃ) ဖတ်ရွတ်

ယုံကြည်သူ အတော်များများ နေ့စဉ်သမ္မာကျမ်းစာကို ကြည့်ရှုရန် အခက်အခဲမရှိကြသော်လည်း ဖတ်ရွတ်သော အဆင့် မှာ အခက်အခဲရှိကြောင်း တွေ့နေရသည်။ ဖတ်ရွတ်ခြင်း ဆိုသည့် အဓိပ္ပါယ်မှာ အလွတ်ရနိုင်သော ကျမ်းပိုဒ်ဘယ်နှစ်ပိုဒ်ရှိသလဲကို ဆိုလိုခြင်းဖြစ်သည်။ ငယ်စဉ်က (Sunday School) ဆရာမ သင်ပေးခဲ့သော (ဆာလံ၊ ၂၃။ ၁။ ၉၁) ကျမ်းပိုဒ်များမှလွဲ၍ အသက်ကြီးလာသော်လည်း အလွတ်ကျက်မှတ်ထားသော ထို ကျမ်းပိုဒ်အများစု အသက်တာတိုးမလာကြောင်းတွေ့ရသည်။

(င) နားထောင်

အချို့ယုံကြည်သူများသည် ကျမ်းပိုဒ်များစွာကို အာဂုံ ဆောင်ရွတ်ဖတ်နိုင်ကြသော်လည်း လိုက်လျှောက်ကျင့် သုံးမှုအား နည်းကြောင်းတွေ့ရသည်။ သမ္မာကျမ်းစာ၏ နှုတ်တော် ထွက်စကား များကို လိုက်လျှောက်ကျင့်သုံးနားထောင်မှာသာ ထိုသူအပေါ် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကျရောက်မည် ဖြစ်သည်။

(စ) စောင့်ရှောက်သောသူ

သမ္မာကျမ်းစာသည် ခေတ်အဆက်ဆက်ဖျက်ဆီးခြင်းခံ ရသောအရာဖြစ်သည်။ ၂၁ ရာစုတွင် ဖျက်ဆီးသူများသည်အခြားသူများမဟုတ်ဘဲ သမ္မာကျမ်းစာကိုနေ့စဉ်ဖတ်ရှုမှုမရှိသော ရွတ် ဖတ်မှုမရှိသော၊ နားထောင်မှုမရှိသော ယုံကြည်သူခရစ်ယာန်များ ဖြစ်နေပါတော့သည်။ ဘုရားရှေ့တော်မှောက်မှာ မင်္ဂလာရှိ သော ယုံကြည်သူတစ်ဦးဖြစ်လိုလျှင် ဗျာဒိတ်ဆရာဖော်ပြသော ကြည့်ရှု၊ ဖတ်ရှု၊ နားထောင်၊ စောင့်ရှောက်သောသူများဖြစ်ရန် မိမိ အသက်တာကို ပြင်ဆင်အသက်ရှင်ရမည်ဖြစ်သည်။

 ဒုတိယမင်္ဂလာ

တစ်ဖန်တုံ ကောင်းကင်အသံကား၊ ယခုမှစ၍ သခင် ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟု ပြောဆိုသည်ကိုကြားရ၏။ ဝိညာဉ်တော်ကလည်းထိုသို့မှန်ပေ၏။ . ထိုသူတို့သည်ပင်ပန်းခြင်းငြိမ်းမည်အကြောင်းရှိ၍ သူတို့၏အကျင့် တို့သည်လည်း သူတို့နှင့်အတူလိုက်ကြ၏ဟု မိန့်တော်မူ၏။ (ဗျာ၊ ၁၄း၁၃)။ သခင်ဘုရား၌ သေခြင်း … မင်္ဂလာရှိ

သေခြင်းတရားကို ခရစ်ယာန်ဘာသာဝင်တို့ ခရစ်တော် ၌ အိပ်ပျော်သည်ဟုသုံးပြီး အစ္စလာမ်ဘာသာဝင်တို့ အလ္လာ ရှင်မြတ်၏အမိန့်ကို ခံယူသည်ဟုသုံးကာ ဗုဒ္ဓဘာသာဝင်တို့က သေဆုံးသည်၊ ကွယ်လွန်သည်၊ အနိစ္စရောက်သည်၊ ဘဝတစ်ပါး သို့ ကူးပြောင်းသည်၊ နတ်ရွာစံသည်၊ ပျံလွန်တော်မူသည် စသည် ဖြင့် အခြေအနေကိုလိုက်၍ အမျိုးမျိုးသုံးစွဲကြသည်။ မည်သို့ပင် = ဖြစ်စေ သေဆုံးခြင်းသည် လူတစ်ယောက်ဘဝတစ်ခု၊ ဇာတ်လမ်း တစ်ပုဒ်အဆုံးသတ်ခြင်းကိစ္စ၊ ကြေကွဲစရာကောင်းသည်မှာ အမှန် ပင်ဖြစ်ပါသည်။ သေခြင်းတရားသည် လူသားတိုင်းအတွက် ခွဲခွာ ခြင်းသင်္ကေတပင်ဖြစ်သည်။ မင်္ဂလာရှိသောသေခြင်း ဆိုသည်မှာ ဘုရားသခင်၌ သေခြင်းဖြစ်ကြောင်းဗျာဒိတ်ဆရာက သတိပေး ထားသည်။ လူသားတိုင်းတစ်နေ့သေခြင်းတရားနှင့် အားလုံး ရင် ဆိုင်ရမည်ဖြစ်သည်။ မိမိတစ်ဦးစီအတွက် မင်္ဂလာရှိသောသေခြင်း ဖြစ်ရန် သခင်ဘုရား၌ အသက်ရှင်ဖို့၊ အသက်ရှင်စဉ် သခင်ဘုရား မကြိုက်သောအသက်တာကို ရှောင်ကြဉ်ရန်ဖြစ်သည်။ အသက်ရှင် စဉ် လူတစ်ဦးသည် ဘုရားမကြိုက်သောအရာကိုရှောင်ကြဉ်၍ တရားတော်နှင့်အညီ အသက်ရှင်သူတိုင်း ထိုသူအတွက် သေခြင်း သည် မင်္ဂလာရှိသောသေခြင်းတရားပင်ဖြစ် နေပါတော့သည်။

တတိယမင်္ဂလာ

အသံတော်ကား သူခိုးကဲ့သို့ ငါလာ၍ အဝတ်အချည်း စည်းနှင့်သွားလာ၍ သူတစ်ပါးရှေ့၌ ရှက်စရာအကြောင်းမရှိ စေခြင်းငှါ နိုးလျက်နေ၍ ကိုယ်အဝတ်ကိုစောင့်သောသူသည် မင်္ဂလာ ရှိ၏။ (ဗျာ၊ ၁၆း၁၆)။

ကိုယ်အဝတ်ကိုစောင့်သောသူ – မင်္ဂလာရှိ လူသားအားလုံး အဝတ်အစား ဝတ်ဆင်ရခြင်းမှာ သဘာဝတရားမှ ကာကွယ်ရန်နှင့် အရှက်တရားလုံးခြုံရန်ပင် ဖြစ်သည်။လူသားတိုင်း သိက္ခာရှိစွာ အသက်ရှင်ခြင်းသည် လူသား တိုင်း၏တာဝန်ဖြစ်သည်။ မိမိကိုယ်တိုင် သိက္ခာရှိစွာ အသက်ရှင် ရုံသာမက မိမိ၏ မိသားစု၊ ပတ်ဝန်းကျင်၊ မြန်မာပြည်ကြီးတစ်ခုလုံး ဆီသို့ ကူးစက်ပျံ့နှံ့သွားအောင် ပြုလုပ်ရပေမည်ဖြစ်လေသည်။ သို့ရာတွင် မြန်မာပြည်၏ လက်ရှိအခြေအနေမှာ အောက်ပါ အတိုင်းပင် ဖြစ်သည် (7 Day Daily) သတင်းစာ၊ နိုဝင်ဘာ ၁၂ ရက်၊ ၂ဝ၁၄ ခုနှစ်၊ ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်း၏ ဟားတိုက်လို့ ရယ်ချင်ပြန်၊ လောကကြီးပြောင်းပြန်ကို ပြန်လည် ဖော်ပြပါရစေ။ အမေရိကန်ပြည်ထောင်စု၏ အမည်မည်းစာရင်း တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း သတ် မှတ်ခြင်းခံရမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အာဏာရ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏အဆိုကို အတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင်၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် များ အားလုံးက ကန့် ကွက်သူမရှိ၊ ထောက်ခံအတည်ပြုခဲ့သည်။ လက်ရှိအမေရိကန်၏ ပိတ်ဆို့ကန့်သတ်ခံရသူစာရင်းတွင် ပြည်သူ့

လွှတ်တော်ကိုယ်စားလှယ်ဖြစ်သော ဦးအောင်သိန်းလင်း၊ ဦးဌေး မြင့်၊ ဒေါက်တာကျော်မြင့်၊ ဒေါက်တာချမ်းငြိမ်း၊ ဦးမောင်ဦး၊ ဦးခင်ရွှေ၊ ဦးစိုးသာ၊ ဦးသောင်း၊ ဦးတင်နိုင်သိန်း၊ ဦးလွန်းသီ၊ ဦးလှထွန်း၊ ဦးသိန်းဇော်တို့ ပါဝင်ပြီးသားဖြစ်သည်။ ကောသလ မင်းကြီး၏ အိပ်မက်ကို သွားသတိရမိသည်။

ကျောက်ဖျာကြီးသည် လှေကဲ့သို့ ရေပေါ်၌ ပေါ်သည်ဟု အိပ်မက်၏ (ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုး ပေါ်ထွက်မှာ)

ယနေ့တိုင်းပြည်တွင် မည်သူတန်ခိုးကြီးထွားနေသည်ကို ကြည့်လျှင် အလွယ်တကူ တွေ့မြင်နိုင်သည်။ မြန်မာပြည်တွင် ကျောက်ဖျာကြီးကဲ့သို့ အလွန်ကြီးများလေးလံသည့် အကုသိုလ် အစိုင်အခဲကြီးများ ကျူးလွန်ထားသူများသည် လောကအလယ် တွင် နစ်မြုပ်မသွားဘဲ ပေါ်ပေါ်ထင်ထင်လူတောတိုးနေခြင်းမှာ ကောသလမင်းကြီး၏ အိပ်မက်အတိုင်းပင် ဖြစ်နေပါတော့သည်။ မည်သို့ပင်ဖြစ်စေ လူသားတိုင်းကိုယ်ကျင့်သိက္ခာရှိစွာ အသက်ရှင် သူတိုင်းသာ ဘုရားရှေ့တော်မှောက်မှာ မင်္ဂလာရှိမည် ဖြစ်ပါသည်။ စတုတ္ထမင်္ဂလာ

ကောင်းကင်တမန်ကလည်း သိုးသူငယ်၏ မင်္ဂလာ ဆောင်ပွဲသို့ ခေါ်ဖိတ်ခြင်းခံရသောသူသည် မင်္ဂလာရှိကြ၏။ သိုး သူငယ်၏ မင်္ဂလာဆောင်ဖိတ်ခြင်းခံရသူ …. မင်္ဂလာရှိ၏။

မင်္ဂလာဆောင်ပွဲတွင် ဖိတ်ကြားခြင်းခံရသူသည် ဖိတ်စာ ရရှိရန် လိုအပ်သည်။ ဖိတ်စာမရှိသူ ဝင်ခွင့်မရှိပါ။ မည်သူ၏ မင်္ဂလာဆောင်ဟုဆိုရာတွင် ဗျာဒိတ်ဆရာက သိုးသူငယ်၏ မင်္ဂလာ ဆောင်ဟု ဖော်ပြထားသည်။ သိုးသူငယ်ဆိုသည်မှာ သခင်ယေရှု ပင်ဖြစ်သည်။ သိုးသူငယ်၏ မင်္ဂလာဆောင်ဖိတ်ကြားခြင်း ခံရသူ သည် ထာဝရအသက်၊ ကောင်းကင်နိုင်ငံတော် စာရင်းပါဝင်သူဖြစ် ပါသည်။ လူသားတိုင်း မင်္ဂလာဆောင် ဖိတ်ကြားခံရရန်အတွက် သခင်ယေရှုကို မိမိ၏အသက်သခင် ကယ်တင်ပိုင်ရှင်အဖြစ် ယုံ ကြည်လက်ခံသူဖြစ်ရပါမည်။ ထိုမျှသာမက အသက်ရှင်စဉ် သခင် ယေရှုချမှတ်ထားသော တရားတော်အတိုင်း ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ လိုက်လျှောက်အသက်ရှင်ပြီး သေသည့် တိုင် အောင် သစ္စာစောင့်သောသူတိုင်း အသက်သရဖူကိုရရှိမည် ဖြစ် သည်။ (ဗျာ၊ ၂း၁၀)။

လွှတ်တော်ကိုယ်စားလှယ်ဖြစ်သော ဦးအောင်သိန်းလင်း၊ ဦးဌေး မြင့်၊ ဒေါက်တာကျော်မြင့်၊ ဒေါက်တာချမ်းငြိမ်း၊ ဦးမောင်ဦး၊ ဦးခင်ရွှေ၊ ဦးစိုးသာ၊ ဦးသောင်း၊ ဦးတင်နိုင်သိန်း၊ ဦးလွန်းသီ၊ ဦးလှထွန်း၊ ဦးသိန်းဇော်တို့ ပါဝင်ပြီးသားဖြစ်သည်။ ကောသလ မင်းကြီး၏ အိပ်မက်ကို သွားသတိရမိသည်။

ကျောက်ဖျာကြီးသည် လှေကဲ့သို့ ရေပေါ်၌ ပေါ်သည်ဟု အိပ်မက်၏ (ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုး ပေါ်ထွက်မှာ)

ယနေ့တိုင်းပြည်တွင် မည်သူတန်ခိုးကြီးထွားနေသည်ကို ကြည့်လျှင် အလွယ်တကူ တွေ့မြင်နိုင်သည်။ မြန်မာပြည်တွင် ကျောက်ဖျာကြီးကဲ့သို့ အလွန်ကြီးများလေးလံသည့် အကုသိုလ် အစိုင်အခဲကြီးများ ကျူးလွန်ထားသူများသည် လောကအလယ် တွင် နစ်မြုပ်မသွားဘဲ ပေါ်ပေါ်ထင်ထင်လူတောတိုးနေခြင်းမှာ ကောသလမင်းကြီး၏ အိပ်မက်အတိုင်းပင် ဖြစ်နေပါတော့သည်။ မည်သို့ပင်ဖြစ်စေ လူသားတိုင်းကိုယ်ကျင့်သိက္ခာရှိစွာ အသက်ရှင် သူတိုင်းသာ ဘုရားရှေ့တော်မှောက်မှာ မင်္ဂလာရှိမည် ဖြစ်ပါသည်။

စတုတ္ထမင်္ဂလာ

ကောင်းကင်တမန်ကလည်း သိုးသူငယ်၏ မင်္ဂလာ ဆောင်ပွဲသို့ ခေါ်ဖိတ်ခြင်းခံရသောသူသည် မင်္ဂလာရှိကြ၏။ သိုး သူငယ်၏ မင်္ဂလာဆောင်ဖိတ်ခြင်းခံရသူ …. မင်္ဂလာရှိ၏။

မင်္ဂလာဆောင်ပွဲတွင် ဖိတ်ကြားခြင်းခံရသူသည် ဖိတ်စာ ရရှိရန် လိုအပ်သည်။ ဖိတ်စာမရှိသူ ဝင်ခွင့်မရှိပါ။ မည်သူ၏ မင်္ဂလာဆောင်ဟုဆိုရာတွင် ဗျာဒိတ်ဆရာက သိုးသူငယ်၏ မင်္ဂလာ ဆောင်ဟု ဖော်ပြထားသည်။ သိုးသူငယ်ဆိုသည်မှာ သခင်ယေရှု ပင်ဖြစ်သည်။ သိုးသူငယ်၏ မင်္ဂလာဆောင်ဖိတ်ကြားခြင်း ခံရသူ သည် ထာဝရအသက်၊ ကောင်းကင်နိုင်ငံတော် စာရင်းပါဝင်သူဖြစ် ပါသည်။ လူသားတိုင်း မင်္ဂလာဆောင် ဖိတ်ကြားခံရရန်အတွက် သခင်ယေရှုကို မိမိ၏အသက်သခင် ကယ်တင်ပိုင်ရှင်အဖြစ် ယုံ ကြည်လက်ခံသူဖြစ်ရပါမည်။ ထိုမျှသာမက အသက်ရှင်စဉ် သခင် ယေရှုချမှတ်ထားသော တရားတော်အတိုင်း ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ လိုက်လျှောက်အသက်ရှင်ပြီး သေသည့် တိုင် အောင် သစ္စာစောင့်သောသူတိုင်း အသက်သရဖူကိုရရှိမည် ဖြစ် သည်။ (ဗျာ၊ ၂း၁၀)။

ပဉ္စမ မင်္ဂလာ

ပထမမြောက်ခြင်းကို ဝင်စားသောသူသည် မင်္ဂလာရှိ သူ၊ သန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူသည် ဒုတိယ သေခြင်း၏ လက်မှ ကင်းလွတ်လျက် ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ်ဖြစ်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရလိမ့်မည်။ (ဗျာ၊ ၂၀း၆)။ ပထမမြောက်ခြင်း ဝင်စားသောသူ …. မင်္ဂလာရှိ၏။

လူသားတိုင်း ဧဒင်ဥယာဉ်၏ ကျိန်စာကြောင့် ပထမ သေခြင်းနှင့်ရင်ဆိုင်ရမည်ဖြစ်သော်လည်း သခင်ယေရှုဘုရားကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံပြီး တရားတော် အသက် ရှင် ပထမမြောက်ခြင်းကို ဝင်စားသောသူ၊ ဒုတိယသေခြင်း ကင်း လွတ်သောသူ၊ ကောင်းကင်နိုင်ငံဝင်ခွင့်ရရှိသောသူ၊ ခရစ်တော် နှင့်အတူ အနှစ်တစ်ထောင်စိုးစံရသောသူဖြစ်မည်။ ဧကန်မလွဲချေ။ ဒုတိယသေခြင်း လွတ်သောသူသည် လူဖြစ်ရကျိုးနပ်သောသူ သာ ဖြစ်နေပါတော့သည်။

ဆဌမ မင်္ဂလာ

ငါသည် အလျင်အမြန်လာမည်။ ဤစာစောင်၏ အနာ ဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ (ဗျာ၊၂၂း ၂ရ)။ အနာဂတ္တိစကားစောင့်ရှောက်သောသူ – မင်္ဂလာရှိ၏။

ဗျာဒိတ်ကျမ်းမှ ဖော်ပြသော အနာဂတ္တိစကားများကို ယုံကြည်သူ အားလုံးမှန်ကန်စွာ ပိုင်းခြားနားလည်သိရှိဖို့ လိုအပ် သည် သာမက စောင့်ရှောက်ထိန်းသိမ်းရန် တာဝန်ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် မိမိသဘောအတိုင်း နှုတ်ပယ်၊ အသစ် ထည့်သွင်းသောသူကို ဘုရားသခင်အပြစ်ပေးမည်ဖြစ်ကြောင်း (ဗျာ၊ ၂၂း၁၈-၁၉) တွင် အတိအလင်းဖော်ပြထားသည်။ ဗျာဒိတ် ကျမ်းကို လူအများကြောက်အောင် ခြောက်ပြီး ယုံကြည်လာအောင် ပြုလုပ်ခြင်းသည် မမှန်ကန်သောနည်းလမ်းပင်ဖြစ်သည်။ ဗျာဒိတ် ကျမ်းသည် ဘုရားကိုယုံကြည်သော လူသားအားလုံးအတွက် အိတ် သွန်ဖာမှောက် ကောင်းချီးမင်္ဂလာအရင်းအမြစ်၊ အကုန်အစင် ဖြစ်နေပါတော့သည်။ ဗျာဒိတ်ကျမ်းကို သင်ပေးသောသူတိုင်း သမ္မာ တရားအတိုင်း မှန်ကန်စွာအနက်ဖွင့်ရန် တာဝန်ရှိပြီး မိမိသဘော အတိုင်း လိုသလိုဆွဲပြောလျှင် ထိုသူအတွက်ကျိန်ခြင်း အမင်္ဂလာ ပင် ဖြစ်နေပါတော့သည်။ မှန်ကန်စွာကြားသိသော သမ္မာတရား အပေါ်ကြားရသောအရာများအပေါ် လက်တွေ့လိုက်လျှောက် ကျင့် သုံးလျှင် ထိုသူအတွက် ဗျာဒိတ်ကျမ်းသည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော စာစောင်ပင်ဖြစ်ပါသည်။

သတ္တမ မင်္ဂလာ

အသက်ပင်နှင့်ဆိုင်၍ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ (ဗျာ၊ ၂၂း၁၄)။

လူသားအားလုံး၏ မူရင်းပြဿနာမှာ ဧဒင်ဥယျာဉ်၏ ကောင်း၊ မကောင်းသိကျွမ်းရာအပင်၏ အသီးမှ စတင်ခဲ့သည်။ ဘုရားစကားကို နားမထောင်ဘဲ ထိုအသီးကိုစားသောနေ့မှစတင် ၍ လူသားတစ်ရပ်လုံး၏ ဘဝတစ်ခုလုံးသေခြင်းတရား အုပ်စိုး အနိုင်ယူခဲ့ပါသည်။ ဘုရားသခင်သည် တစ်ပါးတည်းသော သား တော်သခင်ယေရှုကို လောကကြီးထဲသို့ စေလွှတ်ပြီး အသေခံရုံ သာမကရှင်ပြန်ထမြောက်သောအရှင်ဖြစ်ခဲ့ခြင်းကြောင့် ထိုကျိန်စာ သည် သခင်ယေရှုကို ယုံကြည်သောသူများအပေါ်သို့ မသက် ရောက်နိုင်ခဲ့ပါ။ ထိုသခင်ယုံကြည်သောသူတိုင်း အသက်ပင်နှင့် ဆိုင်သော ထာဝရအသက်ကို ပြန်လည်ရရှိခဲ့သည်။ မြို့မလမ်း အလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက် ပင်သည် အသီးတစ်ဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကို လည်း လစဉ်လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုး တို့၏ အနာရောဂါငြိမ်းစရာဖို့ဖြစ်၏။ နောက်တစ်ဖန် ကျိန်ခြင်းဘေး တစ်စုံတစ်ခုမျှ မရှိ။ (ဗျာ၊ ၂၂း၂-၃)။

ဘုရားရှေ့တော်မှောက်၌ မင်္ဂလာရှိသောသူဖြစ်ရန် ဗျာဒိတ်ဆရာက ယုံကြည်သူအားလုံးကို မင်္ဂလာတရား (၇) ပါးဖြင့် ဖော်ပြထားပါသည်။ မင်္ဂလာတရားများသည် ရွတ်ဖတ်ရုံဖြင့် မင်္ဂလာရှိလာသူဖြစ်လာမည် မဟုတ်ပါ။ ကျင့်ရသော တရားများ၊ လက်တွေ့ လိုက်လျှောက်ကျင့်သုံးရမည့် တရားများဖြစ်သည်။ စာဖတ်သူ ပရိတ်သတ်နှင့် ကျွန်တော်အပါအဝင် လူသားတိုင်း ဘုရားရှေ့မှာ မင်္ဂလာရှိသော သူများဖြစ်အောင် မိမိမှအစပြုပြီး ထိုမင်္ဂလာတရားတော်ကို မိမိ၏မိသားစု၊ ပတ်ဝန်းကျင်၊ အသင်း တော်၊ မြန်မာပြည်တစ်ခုလုံးသာမက လူ့အဖွဲ့အစည်းထိတိုင် ထိုတရားကို ကျယ်ပြန့်စွာကျင့်သုံးအသက်ရှင်နိုင်ကြသူများ ဖြစ် နိုင်ပါစေဟု ဆန္ဒပြုရင်း ဝေငှခြင်းကို နိဂုံးချုပ်လိုက်ပါသည်။

မှီငြမ်း

၁။ ဆရာမကြီး ဒေါ်ဂရော့(စ်)လှ (ဗျာဒိတ်ကျမ်းပို့ချချက်) ၂။ သရဝဏ် (ပြည်)

ကောသလအိပ်မက်နှင့် မြန်မာ့နိုင်ငံရေးဆောင်းပါးများ ၃။ ဒေါက်တာရန်မျိုးသိမ်း 7 Day Daily သတင်းစာ

နိုဝင်ဘာ ၁ ရက်၊ ၂ဝ၁၄ ခုနှစ်၊ ဟားတိုက်လို့ရယ်ချင်ပြန်၊ လောကကြီးကပြောင်းပြန်