လူသားများအတွက် ကျန်းမာရေးသည် အဓိကအကျ ဆုံးနှင့် အရေးကြီးဆုံး ဖြစ်ပါသည်။ ထို့ကြောင့် (အာရောဂျုံ၊ ပရံမံလာဘံ) ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုကြပါသည်။ လူကျန်းမာမှစိတ်ချမ်းသာပြီး လိုရာဆန္ဒပြည့်စုံအောင် ဆောင် ရွက်နိုင်မည်ဖြစ်သည်။ ကမ္ဘာ့အသင်းတော်များကောင်စီ (W.C.C) ၏ ခရစ်ယာန်ဆေးကော်မရှင်မှ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ “ကျန်းမာ ခြင်းဆိုသည်မှာ ရောဂါဘယကင်းရှင်းခြင်းနှင့် မသန်စွမ်းမှု မရှိ ခြင်းသာမက လူတစ်ဦးချင်းနှင့် လူ့ဘောင်အဖွဲ့အစည်းတို့တွင် ရှင်သန်လှုပ်ရှားသော သာယာသုခများဖြစ်သည့် ကာယ၊ စိတ္တ၊ လူမှုရေးဘဝ၊ ဝိဉာဏ၊ စီးပွားရေးဘဝ၊ ပညာရေးနှင့် ယဉ်ကျေးမှု ဘဝနှင့် နိုင်ငံသာယာ အေးချမ်းရေးတို့ ဖြစ်ပါသည်။ ထို့အပြင် မိမိကိုယ်၌ပင် (ကိုယ်၊ စိတ်၊ နှလုံး) ညီညွတ်ခြင်း၊ အခြားသူများ နှင့် ညီညွတ်ခြင်း၊ မိမိပတ်ဝန်းကျင်နှင့် ညီညွတ်ခြင်း အထူးသဖြင့် ဖန်ဆင်းရှင်ဘုရားသခင်နှင့် ညီညွတ်ခြင်းတို့ပင် ဖြစ်ရပါမည်။ ထိုမှသာ ဥဿုံကျန်းမာရေး (Wholistic Health) ဟု ခေါ်နိုင် မည် ဖြစ်ပါသည်။

(ထွက် ၁၅း၂၆) တွင် ဘုရားကတိတော်မှာ “သင်တို့ သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏စကားကို စေ့စေ့ ၂ နားထောင်၍ နှစ်သက်တော်မူသောအကျင့်တို့ကိုကျင့်လျှင်၄င်း၊ ပညတ်တရားတော် အလိုသို့ လိုက်၍ စီရင်တော်မူချက်တို့ကို စောင့်ရှောက်လျှင်၄င်း၊ ငါသည် အဲဂုတ္တုလူတို့၌စွဲစေသော ရောဂါ တစ်စုံတစ်ခုကိုမျှ သင်တို့၌ မစွဲစေ။ ငါသည် သင်တို့၏ ရောဂါ ကို ငြိမ်းစေသော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏” ဟူ၍ လည်းကောင်း၊ ကျန်းမာရေးနှင့်ပတ်သက်သော ဘုရားကတိတော် များကို (ထွက် ၂၃း၂၅) မှာလည်းကောင်း (တရားဟော ၃၂း၃၉) တွင် “ငါသည် ကိုယ်တိုင်အားဖြင့် ဘုရားဖြစ်ကြောင်းကို၄င်း၊ ငါမှတစ်ပါးအခြားသောဘုရား မရှိကြောင်းကို၄င်း၊ ကြည့်ရှုလော့။ ငါသည် အသက်ကို သေစေ၏။ အသက်ကိုလည်း ရှင်စေ၏။

ငါသည် အနာပေါ်စေခြင်းငှါ ဒဏ်ခတ်၏။ အနာကိုလည်း ပျောက် စေ၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနုတ်နိုင်” ဟူ၍၄င်း၊ အသက်ရှင်ခြင်း၊ သေခြင်း၊ အနာပေါ်ခြင်း၊ ပျောက်ခြင်းသည် ဘုရားလက်ထဲတွင်ရှိကြောင်း လူအပေါင်းတို့သိစေခြင်းငှါ မိန့်မြွက် မ ထားပါသည်။

ထိုကြောင့် ဘုရားကို ဦးထိပ်ထား၊ ဦးစားပေး (၁)လည်း ဘုရား၊ဦးစားပေး (၂)လည်း ဘုရား၊ ဦးစားပေး (၃)လည်း ဘုရားဖြစ်ပြီး ဘုရားကိုနှလုံးသားထဲမှာထားပြီး ချစ်ကြောက်ရွံ့ ရိုသေလျှင် ဘုရားကတိတော် (ထွက် ၁၅း၂၆) အတိုင်း ဘုရား စကား နာခံမှုအတွက် (တရားဟော ၂၈း၁-၁၄)အတိုင်း ကောင်း ချီးမင်္ဂလာများခံစားရမည် ဖြစ်ပါသည်။ ထို့အပြင် ဘုရားတရား ကိုင်းရှိုင်းခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများကိုလည်း အပြည့် အဝ ခံစားရမည် ဖြစ်ပါသည်။

အနာရောဂါပျောက်ကင်းစေရန်အတွက် ဦးစွာ ကျွန်ုပ် တို့ အဘယ်ကြောင့် မကျန်းမမာဖြစ်ရသနည်းဆိုသည်ကိုသိရန် လိုပါသည်။ ကျန်းမာခြင်းနှင့်ဆိုင်သည့် နည်းဥပဒေများကို ချိုး ဖောက်၍ ဖြစ်ပေါ်လာသည့် အခြေအနေကို သဘာဝမှ ပြန်လည် ကောင်းမွန်အောင် တုံ့ပြန်ခြင်းကို ဆိုလိုပါသည်။ နာခြင်း၊ ဖျား ခြင်း၊ ရောင်ယမ်းခြင်းများသည် ရောဂါ၏လက္ခဏာများဖြစ်ပြီး ၄င်းတို့သည် ပြန်လည် ကောင်းမွန်စေရန် သဘာဝ၏ တုံ့ပြန်မှုသာ ဖြစ်သည်။ ဘုရားသခင်၏ ကျန်းမာစေရန် ချမှတ်ထားသော ကိုယ်ကာယ၏ ဥပဒေများကို ချိုးဖောက်၍ ရောဂါဖြစ်ရခြင်း ဖြစ် သည်။

ရောဂါသည် နှိမ်နင်းရမည့် ပျောက်ကင်းအောင် လုပ် ရမည့် အနှုတ်လက္ခဏာပြသည့် အခြေအနေ မဟုတ်ပါ။ မိမိ ခန္ဓာကိုယ်မှ ပြန်လည်ကျန်းမာစေရန်အတွက် အကာအကွယ်ပေး . ခြင်းသာ ဖြစ်သည်။ နာခြင်းဝေဒနာသည် မိမိကိုယ်ခန္ဓာ၌ တစ်ခုခု မှားနေပြီဆိုသည်ကို ပြောနေခြင်းဖြစ်သည်။ လတ်တလော ဖြစ် လာသောရောဂါများသည် ပြန်လည်ကျန်းမာစေရန်အတွက် သဘာဝ၏ တုံ့ပြန်ချက်သာဖြစ်သည်။ လတ်တလောဖြစ်သည့် ရောဂါကို နှိမ်နှင်းလိုက်လျှင် ရောဂါသက်သာလာခြင်း အချိန် နှင့်အမျှ နာတာရှည် ရောဂါဖြစ်ခြင်း၊ ယိုယွင်းပျက်စီးသွားခြင်း တို့ ဖြစ်သည်။

ဆေးပညာလောကတွင် လူသားများသည် ပိုးများ ကြောင့်လည်းကောင်း၊ မကောင်းသောမျိုးရိုးဗီဇကြောင့်လည်း ကောင်းဖြစ်သည်ဟု အသိအမှတ်ပြုထားသည်။ တကယ်အမှန်မှာ ဖျားနာခြင်းသည်များသောအားဖြင့် မထိန်းချုပ်နိုင်သော အခြေ ၊ အနေများနှင့် မသက်ဆိုင်ပါ။ မိမိတို့၏ရွေးချယ်မှုပေါ် မူတည် ပါသည်။ ရောဂါဖြစ်စေသော ပိုးမွှားများသည် အမှိုက်လှည်းသမား များကဲ့သို့ ကျန်းမာသန့်ရှင်းနေသည့် ခန္ဓာကိုယ်အတွင်း ဝင်ရောက် တွယ်ကပ်ခြင်း မရှိပါ။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်(သို့) ကပ်ပါး ပိုးတို့သည် ရောဂါဖြစ်စေရန် အခြေခံကျသောအရာများ မဟုတ်ပါ။ ရလဒ်သာ ဖြစ်ပါသည်။ ပိုးမွှားများကို စတင်တွေ့ရှိခဲ့သူ .Paspeur သည်ရောဂါနှင့် ပိုးမွှားများ၏ ဆက်စပ်မှုကို သူနောက် း ပိုင်းတွင် သိရှိလာသည်မှာ “ပိုး” ဆိုသည်မှာ ဘာမျှမဟုတ် း ကြောင်း၊ မြေဆီလွှာတည်းဟူသော ခန္ဓာကိုယ်၏ အခြေအနေ သည်သာ အဓိကဖြစ်ကြောင်း သိရသည်။ အဓိပ္ပါယ်မှာ ပိုးမွှား သည် သင့်လျော်သည့်ပတ်ဝန်းကျင်တွင်သာ ရှင်သန်နိုင်သည်။

There are no specific diseases only spe 5 cific disease conditions op (Florence Nightingale) ဆိုလိုတာက အတိအကျဖြစ်သော တစ်ခုတည်းကိုသာ ရည်ညွှန်း ထားသော ရောဂါဟူ၍ မရှိပါ။ တိကျသော ရောဂါ အခြေအနေ သာ ရှိသည်။

ဘုရားသခင်သည် ကိုယ့်ကာယနှင့်ဆိုင်သော ဥပဒေ များကို သူ၏ လက်တော်နှင့် အာရုံကြောများ၊ ကြွက်သားများ၊ … ကိုယ်အင်္ဂါအစိတ်အပိုင်းများအားလုံးကို သူ ဖန်ဆင်းထားသော လူသားအားလုံးထံ အပ်နှံထားသည်။ ဘုရားသခင်သည် သူ၏ . သဗ္ဗညုတဉာဏ်အားဖြင့် သဘာဝတရား၏ ဥပဒေစည်းမျဉ်းစည်း ကမ်းချက်အားလုံးက အသက်ရှင်ခြင်းအားလုံးကို ချုပ်ကိုင်ထား သည်။ ကျန်းမာခြင်း၊ မကျန်းမာခြင်းသည်က ကျွန်ုပ်တို့သည် ဘုရားသခင် ချမှတ်ထားသည့် မိမိသဘာဝတရားနှင့်ဆိုင်တဲ့ ဥပဒေများ နာခံခြင်း၊ မနာခံခြင်းပေါ် မူတည်ပါသည်။

ဘုရားသခင်သည် သူဖန်ဆင်းထားသည့် ဖန်ဆင်းခံ သတ္တဝါအားလုံးအပေါ် နူးညံ့သော ချစ်ခြင်းမေတ္တာနှင့်လည်းကောင်း၊ သန်မာန်သော ချစ်ခြင်းမေတ္တာနှင့်လည်းကောင်း ချစ်ပါ သည်။ ဘုရားသခင် အုတ်မြစ်ချထားသော သဘာဝတရား၏ ဥပဒေစည်းမျဉ်းများသည် တိတိကျကျဖြစ်၍ ထင်ရာစိုင်းပြီး လုပ် ဆောင်ထားခြင်း မဟုတ်ပါ။ “သင်တို့သည် မလုပ်ရ”ဟူ၍ ကိုယ် ကာယနှင့်လည်းကောင်း၊ ကိုယ်ကျင့်တရားနှင့်ဆိုင်သော တရား း ဥပဒေများတွင် ဘုရားသခင်၏ ကတိတော်များ ပါဝင်နေပါသည်။ း နာခံခြင်းရှိလျှင် ကောင်းချီးမင်္ဂလာသည် နောက်မှ လိုက်လာပါ မည်။ နာခံခြင်းမရှိပါက စိတ်ပျက်ဝမ်းနည်းခြင်း၊ အန္တရာယ်နှင့်

ကြုံတွေ့ရမည် ဖြစ်ပါသည်။ ကိုယ်ကာယနှင့်ဆိုင်သည့် ဥပဒေ စည်းမျဉ်းကို ဖောက်ဖျက်ခြင်းသည် ဘုရားသခင်၏ ပညတ်တော် ကို ချိုးဖောက်ရာကျသည်။ ကိုယ်ကျင့်တရားဖောက်ဖျက်၍ အပြစ် ရောက်သကဲ့သို့ ကိုယ်ကာယ၏ ဥပဒေစည်းကမ်းများ ချိုးဖောက် ပါက ရောဂါ ခံစားရမည် ဖြစ်ပါသည်။

လူသားတစ်ယောက်သည် မိမိခန္ဓာကိုယ်ကို မိမိ ဂရု မစိုက် အလေးမထားခြင်းအားဖြင့် ဘုရားသခင်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါသည်။ ကျန်းမာခြင်းနှင့်ဆိုင်သော နည်းဥပဒေများကို ဆက်တိုက် အမှားလုပ်၍ ချိုးဖောက်နေသောသူများအပေါ်သို့ အံ့သြဖွယ်ဖြစ်ရပ်များနှင့် ကြုံတွေ့စေရန် လုပ်ဆောင်ပေးမည် မဟုတ်ပါ။ လူသားသည် စိုက်သည့်အတိုင်း ရိတ်ရသော အခွင့် ကိုသာ ဘုရားသခင် ကြိုတင် စီမံထားသည်။

ရောဂါဝေဒနာ ခံစားရခြင်းသည် ပုံမှန်ကျန်းမာခြင်းမှ ရွေ့လျားခြင်းမျှသာ ဖြစ်သည်။ ဘုရားသခင်၏ တိကျစွာ ချထား သော နည်းဥပဒေသတို့နှင့် ညီညွတ်ကိုက်ညီခြင်းရှိမှသာ ကျန်း မာခြင်းကို အမှန်တကယ် ရရှိမည် ဖြစ်သည်။ ကျွန်ုပ်တို့၏ ကိုယ် ခန္ဓာကို ဖန်ဆင်းတော်မူသော ဘုရားရှင်သည် ကျွန်ုပ်တို့ ကိုယ်ခန္ဓာ ရှိ အသေးဆုံးသော ကလပ်စည်း၊ အာရုံကြော၊ ကြွက်သားကြော မျှင်နှင့် ကြွက်သားတစ်ခုစီကို ဖွဲ့စည်းထားပုံမှာ ဆန်းကြယ်လှ သည်။ ဘုရားသခင်နှင့် စုပေါင်းလုပ်ဆောင်လျှင်လည်းကောင်း၊ လူသား ဖွဲ့စည်းပုံ စံနစ်အတိုင်း ပြုလုပ်ထားသော နည်းဥပဒေသ တို့ကို မဆန့်ကျင်လျှင်လည်းကောင်း၊ ဘုရားသခင်သည် အားလုံး အဆင်ပြေ ချောမွေ့စေရန် တာဝန်ယူပေးမည် ဖြစ်ပါသည်။ (ထွက် ၁၅း၂၆)။ ဖျားနာလျှင် ကျွန်ုပ် ဘာလုပ်ရမည်နည်း။

အနာရောဂါရရှိရခြင်းမှာ အဓိကအားဖြင့် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာကို မည်ကဲ့သို့ ထားသိုရမည်ကို နားမလည်ခြင်း၊ အသိ ပညာနည်းပါးခြင်းတို့ကြောင့် ဖြစ်သည်။ ဖျားနာလျှင် ဘာကြောင့် ဖျားနာရသည့် အကြောင်းရင်းကို သိရှိအောင် လုပ်ရမည်။ ကျန်း မာရေးနှင့် မကိုက်ညီသည့် အခြေများကို ပြောင်းလဲပစ်ရမည်။ မှားယွင်းနေသည့် အမူအကျင့်များကို မှန်ကန်အောင် ပြုလုပ် ရမည်။ ဤကဲ့သို့ ပြုခြင်းဖြင့် သဘာဝတရားက မသန့်ရှင်း သည်များကို ဖယ်ရှားပြီး သင့်လျော်မှန်ကန်အောင် ပြန်လည်ထူ ထောင် ပေးလိမ့်မည်။

ကျန်းမာရေးကို မလိုက်နာ၍ ဖျားနာခြင်း ကျရောက် လာလျှင် မိမိကိုယ်တိုင် ဆောင်ရွက်ရမည့်အရာများမှာ

(၁) ရောဂါ ဘာကြောင့်ဖြစ်သနည်းဆိုသည်ကို ရှာရ မည်။ အဘယ်ကြောင့်ဆိုသော အကြောင်းမရှိဘဲ ရောဂါ မဖြစ် နိုင်။ မိမိဘာသာ ဆင်ခြင်ရမည်။ ငါဘာလုပ်မိလို့ ဖျားတာလဲ အစတွင် အကြောင်းရင်းမှာ အကျိုးဆက်ကိုရှာရန် ခက်ခဲခြင်း၊ မသေချာခြင်းနှင့် ရင်ဆိုင်ရသော်လည်း နောင်တွင် လွယ်ကူသွား မည်ဖြစ်သည်။ ဒါဝိဒ်မင်းကဲ့သို့ ဆာလံ ၁၁၉း၁ဝဝ တွင် ဖော်ပြ ထားပါသည်။

(၂) ဖြစ်ရခြင်းအကြောင်းကို ဖယ်ထုတ်ပစ်ရမည်။ မကျန်းမာအောင် ဖြစ်စေသည့်အရာများကို ရှောင်ရမည်။ (၃) ယုံကြည်ခြင်း ခိုင်မာစေရန် လုပ်ဆောင်ခြင်းဖြင့် မိမိခန္ဓာကိုယ်မှ မသန့်ရှင်းမှုများကို ဖယ်ရှားနိုင်မည် ဖြစ်သည်။

(၄) အဆိပ်ရှိသော ဆေးများသောက်ခြင်းဖြင့် ရောဂါ လက္ခဏာများကို ပျောက်ကင်းအောင် မလုပ်သင့်ပါ။ အဘယ် ကြောင့်ဆိုသော် ဆေးများသည် အခြေအနေကို တားဆီးထားရုံ သာ တတ်နိုင်သည်။ ခွန်အားနှင့် ဥာဏ်ပညာ ပြန်လည်ရရှိရန် သူ့ထံသို့ ပြန်လှည့်လာစေလိုသောကြောင့် တစ်ခါတစ်ရံ ဘုရား သခင်သည် ကျွန်ုပ်တို့အား ဖျားနာစေခြင်း၊ အားနည်းစေခြင်း၊ မှားနိုင်သောသူ ဖြစ်စေခြင်း ဖြစ်ပါသည်။ ကျန်းမာခြင်းသည် အရာခပ်သိမ်း မဟုတ်သော်လည်း ကျန်းမာခြင်း မရှိလျှင် အရာ ခပ်သိမ်းသည် ဘာမျှမဟုတ်၊ ဘာမှ အရေးမကြီးတော့ပါ။

သန့်ရှင်းလတ်ဆတ်သောလေ၊ ရေ၊ သန့်ရှင်းမှု သင့် လျော်သော အစားအသောက်၊ သန့်စင်သော အသက်တာနှင့် ဘုရားသခင်ကို ခိုင်ခံ့သော ယုံကြည်ခြင်းတို့သည် ကျန်းမာခြင်း အတွက် အကောင်းဆုံးသော ဆေးဝါး၊ ကုသမှုများ ဖြစ်ပါသည်။ ဤဘုရားသခင်၏ ဆေးဝါးကုထုံးများကို သူတို့ မလိုက်လျောနိုင်ခြင်းကြောင့် နာခြင်း၊ သေခြင်းတို့နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ဤကုသနည်းများကို လူများက တန်ဖိုးမထားဘဲ ခေတ်မမီတော့ ဟု လူများ ယူဆကြသည်။ သန့်ရှင်းလတ်ဆက်သောလေ၊ လေ့ ကျင့်ခန်း၊ ရေသန့်၊ သန့်ရှင်းခြင်း၊ ချစ်စရာကောင်းသော စကား ပလ္လင်ခံခြင်းများကို လူတိုင်း ကြိုက်နှစ်သက်၊ တန်ဖိုးနည်းပါး သည်။ ဆေးများသည် ဈေးကြီး၍ ဘေးထွက်ဆိုးကျိုးများ ရှိပါ သည်။

ဆေးလောက သုတေသနပြုခြင်းများကလည်း ဘာသာ တရား ကိုင်းရှိုင်းခြင်းအားဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ ကို ရရှိနိုင်ကြောင်း၊ မည်ကဲ့သို့ ဖြစ်သည်ကိုမူ သေချာနားမလည် နိုင်သော်လည်း တကယ် ဟုတ်မှန်ကြောင်းကို လက်တွေ့ တွေ့မြင် နေရကြပါသည်။

ဘာသာတရားကို ယုံကြည်ကိုင်းရှိုင်းသူများက ကျန်း မာရေးအတွက် အလွန် အထောက်အကူ ဖြစ်ပါသည်။ မည်သည့် ဘာသာတရားကိုမဆို ယုံယုံကြည်ကြည်နှင့် ကိုးကွယ်သူတွေက အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

သွေးပေါင်ချိန် ကျဆင်းနိုင်ခြင်း

၁၉၉၈ ခုနှစ်က ပြုလုပ်သည့် လေ့လာမှုအရ ဘာသာ ရေးကိုင်းရှိုင်းသည့် သက်ကြီးရွယ်အိုများက ဘာသာရေး မလိုက် စားသူတွေထက် သွေးပေါင်ချိန်မြင့်မားနိုင်ခြေ (သွေးတိုးရောဂါ ဖြစ်နိုင်ခြေ) ၄ဝ ရာခိုင်နှုန်း လျော့နည်းသည်ကို တွေ့ရှိခဲ့ပါသည်။ ဂျုဘ်ဆေးတက္ကသိုလ်မှ သုတေသီများက လူပေါင်း ၄ဝဝဝ ကျော် ၏ ဘာသာရေး လိုက်စားမှုကို လေ့လာပြီး ထိုသူတို့၏ သွေးဖိ အားကို တိုင်းကြည့်ရာမှ ဘာသာရေး အလိုက်စားဆုံးသူများက သွေးဖိအား မြင့်တက်နိုင်ခြေ အလွန်နည်းသည်ကို တွေ့ရှိခဲ့ပါ သည်။ အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်သနည်းဆိုသည်ကိုမူ သေချာ နားမလည်သေးကြောင်း ဆိုပါသည်။

မိမိဘဝကို ကျေနပ်မှု ရရှိနိုင်ခြင်း

ဘာသာတရား ကိုင်းရှိုင်းသူများက ဘာသာရေးကို မလိုက်စားသူများထက် ပိုမို ပျော်ရွှင်မှု ရရှိပြီး မိမိဘဝကို ကျေ နပ်မှု ရရှိကြကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံမှ ၂၀၁၀ ခုနှစ်က လေ့လာမှုအရ ဘုရားရှိခိုးကျောင်းသို့ ပုံမှန်သွားသူက အချင်းချင်း ဆက်ဆံမှု ပိုမို တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိခဲ့ပါသည်။ ထိုသူတို့သည် မိတ်ဆွေ ပိုများကြပါသည်။

ကင်ဆာရောဂါဝေဒနာရှင်များ ပိုမို အသက်ရှည်နိုင်ခြင်း

ကင်ဆာရောဂါ၏ နောက်ဆုံးအဆင့် ရောက်ရှိနေသူများက ဘာသာတရားကို ကိုးကွယ်ယုံကြည်ပြီး လိုက်စားခဲ့လျှင် သက်တမ်းပိုရှည်နိုင်ကြောင်း ၂၀၀၉ ခုနှစ်၊ အမေရိကန် ဆေး ပညာအဖွဲ့၏ လေ့လာမှုအရ သိရပါသည်။ သုတေသီများက ကင် ဆာနောက်ဆုံးအဆင့် ၃၄၅ ယောက်၏ ဘာသာရေးလိုက်စားမှုနှင့် သေဆုံးနှုန်းကို သုတေသန ပြုလုပ်ခဲ့ရာ လူနာများ၏ ၈၈ ရာခိုင် နှုန်းက ဆေးကုသမှု ခံယူစဉ် ဘာသာတရား ကိုင်းရှိုင်း သူများ ဖြစ်ကြပါသည်။ ဘာသာတရား အလွန် ကိုင်းရှိုင်းသူများ၏ ရ ဒဿမ ၄ ရာခိုင်နှုန်းက ရှိသင့်သည့် သက်တမ်းထက် ပိုရှည် ကြောင်း တွေ့ရှိခဲ့ပါသည်။

ခုခံအားစနစ် ပိုကောင်းမွန်နိုင်ခြင်း

တစ်ပတ်လျှင် တစ်ကြိမ်ခန့် ဘုရားရှိခိုးကျောင်းသွားခြင်း၊ ဘုန်းကြီးကျောင်းသွားခြင်း မိမိနှင့်သက်ဆိုင်ရာ ဘာသာအလျောက် ဘုရားသွား ကျောင်းတက်သူများက ခုခံအားစနစ် ပိုမို ကောင်းမွန် နိုင်ပါသည်။ ဂျုဘ်ဆေးတက္ကသိုလ်မှ ၁၉၉ရ ခုနှစ်မှ လေ့လာမှုအရ ဘာသာတရား အလွန် ကိုင်းရှိုင်းသူများက ဘုရားသွား ကျောင်း တက် ပုံမှန် မလုပ်သူများထက် တချို့ ကင်ဆာ၊ ဗိုင်းရပ်စ်ရောဂါ နှင့် ဆက်စပ်နေသည့် ခုခံအားစနစ်ထဲမှ ရောင်းရမ်းမှုဖြစ်စဉ် ပရိုတင်းအဆင့် ထက်ဝက်ခန့်သာ ရှိတော့ကြောင်း တွေ့ရှိခဲ့ပါ သည်။

အသက်ပိုရှည်ခြင်း

တစ်ပတ်တစ်ကြိမ်ထက်ပို၍ ဘုရားသွားကျောင်းတက် ပြုလုပ်သူများက ထိုကဲ့သို့ တစ်ခါမျှ မလုပ်သူများထက် အသက် ခုနစ်နှစ် ပိုရှည်နိုင်ကြောင်း သိရပါသည်။ ၁၉၉၉ ခုနှစ်က လေ့ လာမှုအရ ဘုရားသွားကျောင်းတက် မလုပ်သူများက လုပ်သူတွေ ထက် သေဆုံးနိုင်ခြေ ၁ ဒသမ ၈ရ ဆ ပိုများကြောင်း တွေ့ရှိ ခဲ့ပါသည်။

ဘုရားတရား ကိုင်းရှိုင်း၍ ကျန်းမာရေး အကျိုးကျေးဇူး ရှိကြောင်း လောကီဆေးလောက ကပင် လက်တွေ့ တွေ့ရှိခြင်း သည် (ဆာလံ ၁၀ရး၂၀)မှ နှုတ်ကပတ်တော်မှ ဖော်ပြထားသည့် အတိုင်း “နှုတ်ကပတ်တော်ကို လွှတ်သဖြင့် သူတို့ အနာကို ငြိမ်းစေ၍ ဖျက်ဆီးခြင်းအရာများထဲက နှုတ်ယူတော်မူ၏”ဆိုသည့် အတိုင်း မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းအလဲ အသက်ရှင် တော်မူသော ဘုရား၊ သဘာဝလွန်တော်မူသော ဘုရားသည် အနာရောဂါကို ငြိမ်းစေတော်မူသော (ယဟောဝါယာဖ) ဘုရား၏ ကျေးဇူးတော်သက်သက်ကြောင့်ပဲ ဖြစ်ပါကြောင်း မေတ္တာနှင့် ဝေငှ လိုက်ပါသည်။