အခန်း(၁)

ယုဒလူမျိုးတို့ နှစ်စဉ်ကျင်းပ လေ့ရှိသော ပွဲတော်(ရ)ခု ရှိသည်။

(၁) ပဿခါပွဲတော် (ဝတ်-၂၃း၅)

(၂) အဇုမပွဲတော် (ဝတ်-၂၃း၆) (၃) အဦးအသီးပွဲတော် (ဝတ်−၂၃း၁ဝ)

(၄) ပင်တေကုတ္တေပွဲတော် (ဝတ်-၂၃း၁၆)

(၅) တပိုးမှုတ်ပွဲတော် (ဝတ်-၂၃း၂၄)

(၆) အပြစ်ဖြေရာပွဲတော်

(ရ) သကေနေပွဲ/ တဲတော်ပွဲနေ့ (ဝတ်-၂၃-၃၄)

ထိုပွဲတော် (ရ) မျိုးအနက် သကေနေပွဲ (သို့) တဲတော်ပွဲနေ့ကို ကျင်း ပရာတွင် (ရ)ရက် (၇)လီ ကျင်းပပြီး ပထမနေ့နှင့် အဌမနေ့တွင် ဓမ္မပွဲသဘင် ကြီးကို ကျင်းပ၍ ထာဝရဘုရားအား မီးဖြင့်ပြုသောယဇ်ဖြင့် ပူဇော်ရ၏။

ဣသရေလလူမျိုးများ ကျွန်ခံ နေရာ အဲဂုတ္တုပြည်မှခါနန်ပြည်သို့ လာ ရာလမ်းတစ်လျှောက်တွင် သစ်ခက်တဲ များထိုး၍နေထိုင်ခဲ့ကြရပြီး ဘုရားသခင် စောင့်ထိန်းခြင်းကျေးဇူးတော်များကို အောက်မေ့သတိရသော အထိမ်းအ မှတ်ပွဲ ဖြစ်သည်။ ထိုပွဲ၌ အဦးအသီး ၊ များကိုလည်း ပူဇော်လေ့ရှိသည်။

ထိုပွဲ (ရ) မျိုး အနက်မှ ယုဒ လူမျိုးတို့အနှစ်သက် အပျော်ရွှင်ဆုံး သောပွဲမှာ သကေနေပွဲ (သို့) တဲတော် ပွဲပင် ဖြစ်သည်။

အခန်း(၂)

သကေနေပွဲကို ဆင်နွှဲပြီး၍ ပေါ့ပါးပျော်ရွှင်စွာဖြင့် “အာသ’” ဟု အမည်ရှိသော လူရွယ်တစ်ဦးသည် ယေရုရှလင်မြို့ လမ်းမကြီးမှ လျှောက် လှမ်းလာပြီး ဈေးရှိရာဘက်သို့ ဦးတည် လိုက်သည်။ “အာသ”သည် ဈေးထဲ တွင် တူမလေး ‘ရှာလုံ” မှာလိုက်သော ပုတီးနှင့် လက်ကောက်ကလေးများ ဝယ်ရန်နှင့် တဲတော်ပွဲနေ့ မတိုင်မီက ကုန်စည်ဒိုင်တွင် ရောင်းချခဲ့သော စပါး များအတွက် ကျန်သော အသပြာငွေ ကို ရယူရန်အတွက် ဈေးဘက်သို့ သွား နေခြင်း ဖြစ်သည်။

ယုဒရှင်ဘုရင် “အာသ”မင်း သည် ထာဝရဘုရားရှေ့တော်၌ ကောင်း သောအမှု၊ ဖြောင့်မတ်သောအမှုကို ပြု သောကြောင့် တိုင်းပြည်အေးချမ်းသာ ယာခဲ့သည်။ (၆ရာ ၁၄း၁ မှ ၅)။

ထိုမင်းကို နှစ်သက်၍ ဂုဏ်ပြု သောအားဖြင့် မိဘများက သားဦးဖြစ် သော ထိုလူရွယ်ကို “အာသ”ဟု အ မည်ပေးခဲ့ခြင်း ဖြစ်သည်။

“အာသ”သည်လည်း “အာ သမင်း”ကဲ့သို့ မိသားစုတွင် သားဦး ပီသစွာ တာဝန်ကျေခဲ့သည်။ အေးချမ်း ပျော်ရွှင်မှုကို ပေးနိုင်ရုံမျှမက စီးပွားရေး ကိုလည်း တိုးပွားအောင် စွမ်းဆောင်နိုင် သူဖြစ်သဖြင့် မိဘများက အားကိုးရသူ တစ်ဦး ဖြစ်သည်။ တည်ကြည်ခံ့ညား သောရုပ်သွင်ဖြင့် ယောက်ျား ပီသသော အရည်အချင်းနှင့်လည်း ပြည့်စုံသူတစ် ဦး ဖြစ်သည်။

“အာသ”သည် ယေရုရှလင် မြို့၊ ဈေးအပြင်လမ်းကိုဝင်၍ ကုန်စည် ဒိုင်တွင် ကျန်ရှိသောငွေကြေးများကို တွက်ချက်ရယူပြီးနောက် ပုတီးလက် ဝတ်တန်ဆာများရောင်းသည့် ဆိုင်ဘက် ၁ ဆီသို့ ဦးတည်လိုက်ရာ လှပသော း အမျိုးသမီး အဆင်တန်ဆာရောင်းသော ဆိုင်ကို တွေ့ရှိသွားသည်။ ဆိုင်ထဲသို့ # ဝင်ရောက်လျက် တူမလေးမှာသော ပစ္စည်းများကို ဝယ်ရန် လက်ကောက် များ ချိတ်ဆွဲထားရာတန်းမှအပြာရင့်ရင့် ပုတီးစေ့ဆွဲကြိုးလေးဆီသို့ လက်လှမ်း း ယူလိုက်ရာ အခြားသောသူတစ်ဦးက းလည်း ထိုဆွဲကြိုးလေးကို လှမ်းယူလိုက် သဖြင့် လက်ချင်းထိမိသွားပါသည်။

“အို …”

ဟုဆိုလျက် လက်ကိုပြန်ရုပ် ၍ ခေါင်းကို ငုံ ့သွားသော မိန်းမရွယ် တစ်ဦးကို ထိုအခါမှသတိထားမိသည်။ ““ခွင့်လွှတ်ပါခင်ဗျာ

ကျွန်တော်အလောတကြီး ဖြစ်မိလို့ပါ၊ ဒီက အစ်မပဲ ယူပါ … ကျွန်တော် တခြားဟာကိုပဲ ယူပါ့မယ်”

ဟု “အာသ”က ဆိုလိုက်ရာ မိန်းမရွယ်မော့ကြည့်လျက်

“ကိစ္စမရှိပါဘူးရှင်၊ ကျွန်မက သတိမပြုမိတာပါ၊ ရှင်ပဲယူလိုက်ပါ။ ကျွန်မက အခြားအရောင်လေးပဲ ယူပါ မယ်’”

ဟု ပြောလိုက်သော သူမ၏ မျက်နှာ၌ ရှက်သွေးလေးများကြောင့် ပန်းနုရောင်သန်းနေသည်။ မော့ကြည့် လိုက်သဖြင့် သူမ၏မျက်ဝန်းအစုံက လည်း ရှေးဘိုးဘေး ရှောလမုန်မင်းကြီး စပ်ဆိုခဲ့သောစာထဲမှ “ချိုးမျက်စေ့” ကဲ့ သို့ လှပရွှန်းလဲ့နေသည်။ ခေါင်းတွင် ပတ်ထားသော အပြာနုရောင် ပဝါပါး လေးက လေတိုက်၍ လျော့ရဲနေသည် ကို လက်နှင့်ဆွဲယူ၍ မျက်နှာဘက်သို့ ဆွဲချဖုံးအုပ်လိုက်သည်ကလည်း ကညာ ဆန်လှ၏။ အပြာနုရောင် ဝတ်ရုံရှည် ကို ဇာနားတပ်ထားသည်။ ခါးတွင် သိုး မွှေးကြိုးလေးများနှင့် ကျစ်ထားသော စည်းကြိုးကို စည်းနှောင်ထားသဖြင့် ကိုယ်ခန္ဓာ၏ အလှကိုလည်း ထင်ရှားစေ သည်။

“အာသ”ရင်ထဲတွင် ပြော မပြတတ်သည့် ခံစားချက်တစ်ခုကို ခံစားမိရင်း ပြောလိုက်သည်။

“မဟုတ်တာဗျာ၊ ဒီအပြာရင့် ရင့် ပုတီးလေးက အစ်မဝတ်ထားတဲ့ ဝတ်ရုံအပြာနုလေးနဲ့ လိုက်ဖက်ပါတယ်၊ ကျွန်တော်က တူမလေးဖို့ ဝယ်တာဆို တော့ ကလေးကြိုက်တဲ့ အနီရောင်လေး ပဲ ယူလိုက်မယ်”

ဟုပြောပြောဆိုဆို လက်ထဲမှ ပုတီးအပြာရင့်ရင့်လေးကို သူမလက်ထဲ သို့ ထည့်ပေးလိုက်သည်။

ထိုအချိန်တွင် ဆိုင်တွင်းသို့ လူရွယ်တစ်ဦးနှင့် မိန်းမရွယ်တစ်ဦးတို့ ဝင်လာပြီး

“အစ်မရေ ဝယ်ပြီးရင် လည်း ပြန်ကြစို့၊ အချိန်သိပ်မရှိတော့ ဘူး” ဟု လူရွယ်က ပြောလိုက်

သည်ကို ထိုမိန်းမရွယ်က “အေးပါဟယ်…ပြီးပါပြီ၊ ငွေရှင်းလိုက်ဦးမယ်”

ပြောကာ လက်ထဲရှိ ပုတီး အပြာရင့်ရင့်လေးတစ်ကုံးနှင့် ဖန်လက် ကောက် ရောင်စုံလေးများအတွက် ဆိုင် ရှင်ထံ ငွေရှင်းနေသည်ကို “အာသ” သည် ငေးစိုက်ကြည့်နေမိသဖြင့် ဆိုင် ထဲ ဝင်လာသူ (၂)ဦးကို သတိမပြုမိ ပေ။ ထိုစဉ်

“ဟေ့ အာသ ခင်ဗျားက ဒီမှာ ဘာလုပ်နေတာတုန်း’”

ဟု မေးလိုက်သောအခါမှ ဝင် 2 လာသူ (၂)ဦးဘက်သို့ အာသလှည့် ကြည့်လိုက်သောအခါ “လာဇရု” ကို တွေ့လိုက်ရသည်။

“ဟာ… လာဇရုပါလား၊ “ ဘယ်ကလာတာလဲ၊ ဘယ်သွားမလို့ ခို လဲ” စသော စကားလုံးများ အဆက် # မပြတ်ထွက်လာသည်ကို လာဇရုက

.

““တဲတော်ပွဲ လာလုပ်တာ > လေ၊ အခု အိမ်ပြန်ကြတော့မလို့ပါ၊ ဒီ က အစ်မကို ဝင်ခေါ်တာပါ .

ဒါက ကျွန်တော့် အစ်မကြီး ၌ မာသပါ၊ ဒါကအစ်မငယ် “မာရိ”ပါ၊ ဒို့ ကျွန်တော်တို့ မောင်နှမ (၃)ယောက် က ဗေသနိရွာမှာနေတာလေ”ဟု ပြော က = ဆို မိတ်ဆက်ပေးပါသည်။

“အာသ”ကလည်း ““ဝမ်းသာပါတယ်ဗျာ…

ခင်ဗျားနဲ့ ခင်မင်နေတာ ကြာပေမယ့် အစ်မ(၂)ယောက်ရှိတယ်ဆိုတာ အခုမှ ၊ သိရတော့တယ်”

ဟုပြောသည်ကို လာဇရုက

“ကျွန်တော်တို့က တောမှာ နေတာဗျာ၊ ဒီမြို့ကို အစ်မ(၂)ယောက် က အသွားအလာနည်းလို့ ခင်ဗျားနဲ့ – လည်း မဆုံဖြစ်၊ မသိဖြစ်တာပါ၊ ခင်ဗျား လည်း အားရင် ကျွန်တော်တို့တောရွာ လေးကိုလာလည်ဦးနော်…အခုတော့ အချိန်သိပ်မရလို့ သွားတော့မယ်”ဟု နှုတ်ဆက်လိုက်သောအခါ မာရိ၊ မာသညီအစ်မ (၂)ဦးကလည်း

““သွားလိုက်ပါဦးမယ်ရှင်” ဟု နှုတ်ဆက်ထွက်ခွာသွား ကြလေသည်။ သို့သော်လည်း ကျွန် တော့် ရင်ထဲမှ မာသသည် ထွက်ခွာသွား ခြင်း မရှိခဲ့ပါ။ လာဇရုနှင့် အာသသည် သီးနှံများ အရောင်းအဝယ်လုပ်ရာ ကုန် စည်ဒိုင်၌ဆုံရင်း မိတ်ဆွေဖြစ်ခဲ့ကြသည် မှာ ကြာနေပြီဖြစ်သည်။

အခန်း(၃)

ယေရုရှလင်မြို့နှင့် ဗေသနိရွာ ကား (တိုင်) ခန့်သာ ဝေးသောကြောင့် ခြေလှမ်းကျဲကျဲဖြင့် လှမ်းလာသော “အာသ” သည် မကြာလှသော အချိန် အတွင်း “လာဇရု’အိမ်ကို မေးမြန်း ရှာဖွေရင်း ရောက်ရှိသွားပါသည်။

လာဇရုအိမ်သို့ ဝင်သောအခါ လာဇရုကအိမ်မှာ မရှိပါ။ နံနက်စော စောကပင် လယ်တဲဆီသို့ စပါးကျန်များ ချွေလှေ့ရန် ထွက်သွားကြောင်း သိရပြီး ‘ယေရှု’ ဟူသော ဧည့်သည်တစ်ဦး သည် မာရိနှင့် စကားပြောနေသည်ကိုတွေ့ရသည်။

မာသသည် မီးဖိုချောင်တွင် အလုပ်ရှုပ်နေသည်။ မာရိက ကွပ်ပျစ် တစ်ခုပေါ်၌ သင်နှင့်ရက်သော ဖျာတစ် ချပ်ကိုခင်း၍ ထိုင်စေသဖြင့် ထိုင်လိုက် ရသော်လည်း မျက်စိက မာသရှိရာသို့ သာရောက်နေသည်။

“ယေရှု”ဆိုသည့် ဧည့်သည်

နှင့် မာရိတို့ (၂)ဦးသား စကားတွေ

ဖောင်ဖွဲ့နေကြချိန်တွင် “အာသ”သည်

မီးဖိုချောင်ဆီသို့ လှမ်းသွားပြီး မာသ

ကို “ဝိုင်းကူလုပ်ပေးမယ်နော်” ဟု ပြော

၍ မာသရှေ့မှ ခုံပုလေးတွင် ဝင်ထိုင်

လိုက်သည်။

မာသက

“မလုပ်ပါနဲ့ရှင်၊ တစ်ခါတစ်ရံ မှ လာတဲ့ဧည့်သည်ကို ကျွန်မတို့က ဧည့်ဝတ်ပြုရမှာပါ။ အိမ်ရှေ့ခန်းမှာ ထိုင် နေပါ၊ ကျွန်မစားစရာတွေ ယူလာပေးပါ့ မယ်”

ဟုပြောသည်ကို “အာသ” က မကြားသလိုနှင့် ဆက်ထိုင်ပြီး မာသ ကို ငေးစိုက်ကြည့်နေသည်။ မာသ သည် မိန်းမပီသသူ၊ အချက်အပြုတ် ကျွမ်းသူတစ်ဦးဖြစ်ကြောင်း သိခွင့်ရရုံ မျှမက ယဉ်စစ မျက်နှာလေးမှာ ကြည် လင်ရှင်းသန့်နေပြီး တည်ငြိမ်အေးချမ်း တဲ့ အလှပိုင်ရှင်လေးပဲဟု စိတ်ထဲမှ မှတ်ချက်ချနေသည်။ ထိုခံစားချက်များ နှင့် ကြည်နူးနေမိသောအချိန်၌ မာရိ၏ အသံစာစာက ဝင်လာသည်။

“အစ်မရေ မပြီးသေးဘူး လား၊ ဒီမှာ သခင်ယေရှုက သွားတော့ မယ်တဲ့”

“ပြီးပါပြီအေ၊ လာပါပြီ၊ သုံး ဆောင်ပြီးမှ ပြန်ပါသခင်ရယ်” ဟု မာရိ က ပြောပြောဆိုဆို စားသောက်ဖွယ်ရာ များကို ဗန်းကြီးထဲထည့်ကာ အိမ်ရှေ့သို့ သယ်ဆောင်သွားကာ ယေရှုနှင့်စကား ပြောနေသည်ကို “အာသ” စိတ်တို နေမိသည်။

“ဒီ သခင်ယေရှုဆိုတဲ့လူက ဘယ်လိုလူလဲ၊ သူတို့နဲ့ ဘာတော်လို့ ဒီလောက်တောင် ဧည့်ဝတ်ကျေနေရ တာလဲ”

ဟု စဉ်းစားရင်း မနာလိုဝန် တိုစိတ်များ ပွားနေမိသည်။

စားသောက်ပြီး ယေရှုကို အိမ်အောက်သို့ မာရိက လိုက်ပို့နေစဉ် မာသက အစားအသောက်များပြင်ဆင် ပေးသည်ကို “အာသ” သည် လုံးဝ မစားဘဲ မေးခွန်းတစ်ခုကို မေးလိုက် သည်။

“သူက ဘယ်သူလဲ၊ ဘာ တော်လဲ၊ဘယ်တုန်းက ရောက်နေတာ လဲ” ဆိုသည့်အမေးကို “မာသ’က

“မနေ့ညက တဲတော်ပွဲအပြီး ကတည်းက လာတာ၊ ညက ဒီအိမ်မှာ အိပ်တယ်လေ။ သူက ဘုရားသားတော် သခင်ယေရှုပေါ့၊ သူက အံ့ဩဖွယ်ရာ နိမိတ်လက္ခဏာတွေပြနိုင်တယ် . . . ပညတ္တိကျမ်းတွေလည်း ပြောနိုင်တယ်။

လူနာတွေကိုလည်း အမိန့်နဲ့ ကုသနိုင် တယ်။ ကျွန်မတို့တွေရဲ့အပြစ်အတွက် ပေးဆပ်ဖို့ ဘုရားသားဘဝက လောက ကို ကြွလာတာတဲ့၊ ရှင်သူနဲ့ မဆုံဖြစ် ဘူးလား၊ သူ့အကြောင်းမသိဘူးလား၊ ကျွန်မတို့ မောင်နှမနဲ့အရမ်းခင်တာ” ဟု ပြောပါသည်။ (မဿဲ ၂၁း၁၇)။

“နေပါဦး၊ သူက ဘုရားသား တော် ယေရှုဟုတ်လား .. မနေ့က တဲတော်ပွဲအပြီးမှာ ယေရုရှလင်မြို့က ဗိမာန်တော်ထဲ ဝင်သောင်းကျန်းသွားတဲ့ အကြမ်းဖက်သမားကြီးလေ၊ သူက ဗိမာန်တော်ထဲက ငွေလဲတဲ့သူတွေ.. မှ 。。。 | ချိုးငှက်ရောင်းသူတွေရဲ့ နေရာတွေကို ဒို ဖျက်ဆီးပစ်ခဲ့သူပေါ့၊ ဗိမာန်တော်မှာ မိ ပွက်လောရိုက်သွားတာပဲ၊ လူတွေက သူ့ ကို မုန်းတီးနေကြတယ်။ သူ့ကိုယ်သူ ဘုရားသားလို့ပြောတာ၊ ဘုရားကို စော် ကားတာပဲ”

ဟု “အာသ”က ပြောသည် . နှ ကို အိမ်ပေါ်ပြန်တက်လာသော မာရိက ကြားလိုက်သဖြင့်

“ဒီမှာ အာသ၊ သခင်ယေရှု ဟာ ဘုရားသားတော်ဆိုတာ ကျွန်မ တော့ ယုံတယ်။ ကျွန်မတို့မောင်နှမ င တွေနဲ့ ခင်မင်နေတာကြာပြီ၊ သူဟာ သူတော်ကောင်းပါ၊ သူ့ရဲ့လုပ်ဆောင် ၁ ချက်၊ ဟောပြောချက်တိုင်းဟာ လေး မိ နက်တဲ့ အဓိပ္ပါယ်ရှိတယ်၊ လက်တွေ့ကျ ၁ တယ်။ ရှင်းလင်းပြတ်သားတယ်၊ ကျွန်မ ကတော့ သူ့ရဲ့စကားတွေတရားတွေကို

ယုံကြည်တယ်။ သူ့ကိုလည်း လေးစား တယ်၊ သူနဲ့စကားပြောရတာ၊ နား ထောင်ရတာ အားမရနိုင်ပါဘူးရှင်၊ တစ်ခါလောက်သူ့နောက်ကို လိုက်ပြီး လေ့လာကြည့်ပါလား”

ဟု မာရိက ပြောချလိုက်ပါ

အခန်း (၄)

သည်။

အချိန်တွေကြာလာသည်နှင့် အမျှ “အာသ” သည် ဗေသနိရွာသို့ ရွှေလမ်းငွေလမ်းပေါက်နေပြီ။ မာသ၊ မာရိ၊ လာဇရုတို့ (၃)ဦး၏ အရေးကိစ္စ မှန်သမျှသည် သူ့ကိစ္စချည်းသာဖြစ်၍ ဒိုင်ခံ ဖြေရှင်းလုပ်ဆောင်ပေးနေသည်။ မိသားစုကဲ့သို့ ရင်းနှီးချစ်ခင်နေပြီ။ မာသနှင့်လည်း ချစ်ကျွမ်းဝင်နေပြီ ဖြစ် သည်။

သို့သော် ဗေသနိသို့ “အာ သ” (၁၀)ခေါက်လာလျှင် ယေရှုဆိုသူ နှင့် (၈)ခေါက်လောက် ဆုံနေရသည်။ “အာသ” က မနှစ်သက်ခဲ့ပါ၊ သူ့လိုပဲ ဟုထင်သည်။ မာရိကို လာပိုးနေသူဟု ထင်သည်။ သူလာလျှင် မာရိနှင့်သာ စကားလက်ဆုံကျနေသည်။ “အာသ” ၏ ချစ်သူခမျာမှာတော့ သူလာတိုင်း ချွေးတစ်လုံးလုံးဖြင့် ချက်ပြုတ်နေရ သည်ကို “အာသ” က ကရုဏာသက် မိသည်။ ယေရှုကို ကြိတ်မုန်းနေသည်။ သူနှင့် စကားမပြောဖြစ်အောင်လည်း ရှောင်ဖယ်ဖယ်လုပ်ရင်း မာသရှိရာ မီးဖို ထဲ၌သာ ထိုင်နေမိသည်။

သခင်ယေရှုသည် မုန့်ငါးလုံး နှင့် ငါးနှစ်ကောင်ကို လူငါးထောင်ကို ကျွေးမွေးတာ လောက်ငကြောင်း၊ လူနူ (၁ဝ)ဦးကို သန့်ရှင်းပျောက်ကင်းစေခဲ့ ကြောင်း နတ်ဆိုးတွေကို နှင်ထုတ်နေ ကြောင်း၊ ခြေလက်သေသူ၊ မျက်စိမမြင် သူများကို ပျောက်ကင်းအောင် ကုသနေ ကြောင်း။ ဝေဒနာသည် ပေါင်းများစွာကို ကုသပျောက်ကင်းစေကြောင်း သတင်း တွေ ကို “အာသ”ကြားနေရပါသည်။ လက်တွေ့မျက်မြင်မဟုတ်သောကြောင့် “အာသ”က မယုံကြည်။

ခက်သည်ကား ချစ်ရလွန်းသူ “မာသ’က ယေရှုကို ဘုရားသားတော် အဖြစ် ယုံကြည်လွန်းသည်။ “အာသ” ကိုလည်း သူ့လိုပဲ ယုံကြည်စေချင်သည်။ “အာသ’ကလည်း ဘုရားတစ်ပါးကြွ လာဦးမည် ဆိုသည်ကို ကျမ်းစာများ၌ ဖော်ပြထားသဖြင့် လက်ခံသည်။

သို့သော် နောက်ကြွလာမည့် သူသည် ယေရှုဖြစ်သည်ဟု လုံးဝ မယုံ ပါ။ ယေရှုဟာ လက်သမားရဲ့သားပဲ၊ ချမ်းသာသူလည်းမဟုတ်၊ အာဏာပါဝါ ရှိသူ မင်းစိုးရာဇာလည်း မဟုတ်ပါဘဲနှင့် ဘုရားသားတော်ဟု ပြောနေခြင်းကို သူက အမုန်းဆုံးဖြစ်သည်။ ဘုရား၏ နာမကို ရှုတ်ချသူဟုတစ်ယူသန် မှတ် ချက်ချထားသည်။ ထိုအချက်ကြောင့် ချစ်သူ(၂)ဦး လက်ဆက်ဖို့အရေး အ တားအဆီးတစ်ခု ဖြစ်နေခဲ့သည်။

“အာသ”သည် ဖာရိရှဲ အုပ် စုဝင်တစ်ဦးဖြစ်သောကြောင့် ပို၍ပင် ခေါင်းမာသည်။ ယေရှုကို အပြစ်သာ မြင်နေသည်။

ယေရုရှလင်မြို့တွင်လည်း ယေရှုသတင်းက အုပ်အော်သောင်းနင်း ဖြစ်နေသည်။ အတိုက်အခံ ဖာရိရှဲများ ၏ မေးခွန်းတွေကို ပြတ်ပြတ်သားသား ဖြေဆိုပုံ၊ ဖာရိရှဲများ ရင်ဆိုင်ဖြေရှင်း ခြင်း မပြုနိုင်ပုံတွေကို ပြောကြားနေ သည်ကို “အာသ”တစ်ယောက် ကြား နေရသော်လည်း ယေရှုကို အထင်မ … ကြီးခဲ့၊ သူ၏ တရားနာရန်လည်း အာ သီသမရှိခဲ့၊ ယေရှုဟာ သူ့ကိုယ်သူ အထင်ကြီးလွန်းသူဟုသာ ကောက်ချက် ချထားသည်။

အခန်း(၅)

ဒီနေ့ ဗေသနိရွာကို ထွက်လာ ခဲ့သည်။ ချစ်သူနှင့် ကြည်ကြည်နူးနူး နေရမည့်အရေးတွေး၍ ပြုံးရွှင်သော

မျက်နှာနှင့် လာခဲ့သည်။ လာဇရု အိမ် သို့ဝင်သောအခါ ချက်ချင်းပင် အပြုံး မျက်နှာကွယ်ပျောက်သွားသည်။

အိပ်ရာထက်မှာ ပြင်းထန်စွာ ဖျားနာခြင်းဝေဒနာ ခံစားနေရသော လာဇရုကို တွေ့လိုက်သည်။ အခြေအနေ i က သိပ်မကောင်းလှ၊ “အာသ” မလာ . ဖြစ်တာ (၅) ရက်လောက်ပဲ ရှိဦးမည်။ လာဇရု ဒီလိုဖြစ်တာ လုံးဝမသိခဲ့ပါ။ ဆေးဆရာများနှင့် ကုသသော်လည်း အကြောင်းထူးမလာကြောင်းသိရသည်။

မာသနှင့်မာရိက သခင်ယေရှု … ကိုခေါ်ပေးရန် “အာသ”ကို အကူအညီ တောင်းသည်။ “အာသ”ကလည်း မဆိုင်းမတွဘဲ ယေရှုရှိရာသို့ စုံစမ်းမေး မြန်း၍အပြေးသွားခဲ့သည်။ ယေရှုသည် ယေရုရှလင်မြို့၌ရှိနေ၍ အကျိုးအ # ကြောင်းပြောပြခဲ့သော်လည်း ယေရှုက

“သေနာမဟုတ်၊ ဘုရား၏ . #ဘုန်းထင်ရှား စေသောအနာသာ ဖြစ် သည်” ဟုဆိုလျက် ထိုနေရာ၌ (၂) ရက်နေပြီး ခရီး ဆက်ထွက်ခွာသွားခဲ့ ပြန်သည်။

“အာသ”သည် ပိုမို ဒေါသ ထွက်ခဲ့သည်။ အစကတည်းက မျက် မုန်းကျိုးနေခဲ့သော ယေရှုကို ယခုအခါ တွင် ပို၍ မုန်းမိသည်။ သူ ဒီလောက် ချစ်ခင်တဲ့မိသားစုကိုမှ လျစ်လျူရှုရက် တဲ့သူပဲဟု မှတ်ချက်ချ၍ ဗေသနိရွာ သို့ ပြန်လာခဲ့ပြီး အကျိုးအကြောင်း ပြောပြလိုက်သည်။

ထိုအချိန်၌ လာဇရုသည် ဝေဒနာပြင်းအထန်ခံစားရင်း သေဆုံး သွားခဲ့သည်။ “အာသ” ပိုမိုပေါက်ကွဲ ၁ သွားသည်။ သူ၏ မိတ်ဆွေလည်းဟုတ်၊ ယောက်ဖတော်ရမည့်သူလည်း ဖြစ် သော လာဇရုအတွက် ယူကြုံးမရဖြစ်မိ ခဲ့ သည်။

မာသကတော့ “သခင်သာရှိလျှင် သူမ၏ မောင်မသေ ဟု ပြောဆို ငိုယိုနေသည်။ သခင်ထံ အကြောင်းကြားစေခဲ့သည်။ လာဇရု ဈာပနကိစ္စပြီး လေး ရက်မြောက်ခဲ့သောနေ့တွင်မှ “ယေရှု” က ဗေသနိရွာသို့ ရောက်လာခဲ့သည်။ မာသက သခင်လာသည်ဟု သတင်း ကြား၍အပြေးအလွှား သွားကြိုခဲ့သည်။ ယေရှုက လာဇရုကို မြှုပ်ထားသည့် သင်္ချိုင်းအထိသွားသည်ကို မာသက” “သခင်သေပြီးတာ လေးရက်ရှိပါပြီ၊ အနံ့အသက်များ ထွက်နိုင်ပါ # သည်” ဟု ပြောသောအခါ ယေရှုက “လာဇရုသည် သေခြင်းမဟုတ်ပါ၊ အိပ် ပျော်နေတာပါ” ဟုပြောလျက် မြေတွင်း ကို ပိတ်ထားသော ကျောက်တုံးကို ဖွင့်ခိုင်းစေရာ လာဇရုအလောင်းထား ရာတွင်းသည် ပွင့်လေ၏။ ယေရှုသည် ခံ ထာဝရဘုရားထံ ဆုတောင်းပါသည်။ နောက် အသံကျယ်ကျယ်ဖြင့် လာဇရု ကိုကြည့်၍

“လာဇရု၊ ထွက်လာလော့”

ဟု ပြောလိုက်ရာ လာဇရု လည်း သေရာမှထလာ၍ အသက်ရှင် သန်လာသည်။ လူများတို့ကလည်း “ အံ့သြလွန်း၍

““ဟယ်”

“အို”

““ဟာ”

မှ

“ကြည့်စမ်း” စသည့် အာမေ ပါး ဋိတ်သံများဖြင့် ဆူညံသွားသည်။ (ယော ၁၁း၃၈-၄၃)။

ထိုအံ့သြမှုများထဲတွင် “အာ မှာ သ” လည်း အပါအဝင် ဖြစ်သည်။ တ ယခင်က ပြခဲ့ပါတယ်ဆိုတဲ့ တန်ခိုးနိမိတ် . လို လက္ခဏာတွေကို မယုံကြည်ခဲ့၊ မြင် သ လည်း မမြင်ခဲ့ဖူးပါ။ သတင်းတွေသာ တ ကြားရခြင်းဖြစ်သည်။

ယခုမှာမူ သူ၏ရှေ့၌ပင် လုပ် ဖြစ် ပြသွားသော ယေရှုအား မလေးစား မယုံကြည်ဘဲ မနေနိုင်တော့ပါဘူးဟု သ ဆိုကာ မာရိ၊ မာသနှင့်အတူ လာဇရု သ ကိုလက်တွဲလျက် အိမ်သို့ လိုက်ပါလာ ပါသည်။ သခင်ယေရှုကလည်း လိုက်ပါ . လာခဲ့သည်။ အာသသည် အံ့သြမဆုံး ဖြစ်နေသည်။

အိမ်သို့ ရောက်သော် ‘မာသ’ က ထုံးစံအတိုင်း ဧည့်ဝတ်ပြုရန် စားဖို ကြ ခန်းသို့ဝင်ပြီး မာရိကမူ အဖိုးထိုက်တန် သော နာဒုဆီမွှေးနှင့် သခင်ယေရှု၏ ၏ ခြေတော်ကို သုတ်လိမ်း၍ သူမ၏ဆံပင် ၌ နှင့် သုတ်ပေးနေရာ အမွှေးရနံ့သည် တစ်အိမ်လုံးသို့ ပျံ့လွင့်၍ လန်းဆန်း

စေပါသည်။ (ယော ၁၂း၃)။ မာရိက ဆီလိမ်းမှုအပြီးတွင် “အာသ”သည် ယခင်လို “မာသ” နား သို့ မသွားနိုင်တော့ဘဲ သခင်ယေရှု၏ ရှေ့တော်တွင် ပျပ်ဝပ်လျက် ခြေတော် ကိုကိုင်ကာ ဝမ်းနည်းငိုကြွေးရင်း ရင်ထဲ မှ စကားများကို တစ်လုံးချင်းပြောနေမိ ပါသည်။

“ခွင့်လွှတ်ပါအရှင် . . . | ကျွန်တော်မျိုး သခင်ကို စော်ကားပြစ် မှားမိခဲ့ပါတယ်။ မုန်းတီး ရန်လိုမိခဲ့ပါ တယ်။ ဘုရားသားတော် မဟုတ်ဘူး လို့လည်း ငြင်းပယ်ခဲ့မိပါတယ်။ ဒီနေ့ သခင်ဟာ မျက်ဝါးထင်ထင်ပြသခဲ့တဲ့ တန်ခိုးတော်ကို တွေ့မြင်ခံစားရပြီး တော့မှပဲ အရှင်ဟာ ဘုရားသားတော် ဖြစ်ကြောင်း ယုံကြည်လက်ခံသွားပါပြီ။ သခင့်မှာ အပြစ်မရှိပါ။ ကျွန်တော့်မှာ သာ အပြစ်တွေ များလွန်းလှပါတယ်။ သခင် ခွင့်လွှတ်တော်မူပါ။ ခွင့်လွှတ် ပေးပါအရှင်”ဟု အကြိမ်ကြိမ် ငိုယို၍ တောင်းပန်နေပါသည်။

အတန်ကြာသောအခါ “အာ သ’ အား လက်တစ်စုံမှ အသာအယာ ကိုင်တွယ်လျက် ကရုဏာမျက်လုံးဖြင့် ကြည့်ပြီး

“သင်တို့သည် သူတစ်ပါးတို့ ၏အပြစ်ကို လွှတ်လျှင် ကောင်းကင်ဘုံ ၌ ရှိတော်မူသော သင်တို့၏အဘသည် သင်တို့၏ အပြစ်ကိုလွှတ်တော်မူ၏” ဟု သခင်ယေရှုက ပြော

ကြားလိုက်ပါသည်။

ထိုအချိန်တွင် ငိုနေသော “အာသ” ၏ ပုခုံးနှစ်ဘက်ကို ညင် သာစွာ ဆုပ်ကိုင်လျက်

“ဝမ်းနည်းမနေပါနဲ့တော့ ရှင် ။ ရယ်၊ သခင်က အပြစ်လွှတ်ပါတယ်တဲ့၊ ထပါဦး…သခင်ယေရှုအတွက် စား ၊ သောက်ဖွယ်ရာတွေကို ပြင်ဆင်ဖို့ = ကျွန်မကို ကူပေးပါဦးနော်” ဟု မာသက ပြောလိုက်သဖြင့် “အာသ” သည် မော့ ကြည့်လိုက်သောအခါ သခင်၏ ခွင့် လွှတ်ခြင်း မေတ္တာအဟုန်ကြောင့်လည်း ကောင်း၊ ချစ်သူ၏ကြင်နာသော အပြုံး ပန်း ဆင်မြန်းထားသည့် မျက်နှာလေး ကို မြင်တွေ့ရသဖြင့်လည်းကောင်း “အာသ”၏ ရင်ထဲတွင် ဝမ်းသာခြင်း၊ ငြိမ်းချမ်းခြင်း၊ ကြည်နူးခြင်း၊ ကျေနပ် ခြင်းတည်းဟူသော မိုးသီးမိုးပေါက်များ ဝုန်းဒိုင်းကြဲရွာသွန်းနေပါတော့သည်။