ဟေရှယ ၅၂:၁၃“ကြည့်ရှုလော့ ငါ့ကျွန်သည်အမှုဆောင်၍အောင်လိမ့်မည်။ ချီးမြောက်ချီးမြင့်ခြင်းသို့ရောက်၍ အထွဋ်အမြတ်ဖြစ်လိမ့်မည်”

 

အမှုတော်ဆောင်၏အဓိပ္ပာယ်မှာ အစေခံဖို့အသင့်ရှိသူ(သို့)အလုပ်အကျွေးပြုသူဟု အဓိပ္ပာယ်ရပါသည်။ ဘုရားသခင်၏ရွေးကောက်ခြင်းအားဖြင့် အမှုတော်ဆောင်ဖြစ်လာသောသူများသည် ကျေးဇူးတော်သက်သက်သာဖြစ်သည်။

 

တခါက ဆရာတစ်ယောက်သည် ကျမ်းစာကျောင်းအောင်ပြီးနောက် မိမိ၏ရွာတွင် (၃)နှစ်အစေခံအမှုထမ်းခဲ့ပါသည်။ထို့နောက် သူသည် ဉာဏ်ရည်ထက်မြက်သောကြောင့် ပြည်ပတွင် ဒေါက်တာဘွဲ့အတွက် ပညာတော်သင်သွားရသည်။ ဒေါက်တာဘွဲ့ရပြီးနောက် ပြန်လာပြီးမိခင်အသင်းတော်၌ ကျေးဇူးတော်ချီးမွမ်းပွဲလုပ်ပါသည်။ ဝတ်ပြုကိုးကွယ်ခြင်းပြီးနောက် လူတစ်ယောက်ပြီးတစ်ယောက် လာရောက်နုတ်ဆက်ပါသည်။ နောက်ဆုံးတွင်အဘွားတစ်ယောက်လာရောက်နုတ်ဆက်ရာ“အဘွား တရားနာတာခွန်အားရသလား”ဟုမေးပါသည်။ ထို့နောက်အဘွားက“ ငါ့မြေးဆရာ မင်းရဲ့တရားဟောချက်ကို ဂုဏ်ပြုဖို့ အဘွားလာတာမဟုတ်ပါဘူး၊ မင်းရွာမှာရှိတုန်းက အဘွားရဲ့မြေးဘုန်းတော်ဝင်စားတုန်းက မင်းကိုယ်တိုင်ထမ်းပို့ပေးတာကို လာပြီးဂုဏ်ပြုတာပါ”ဟုပြောပါသည်။ စစ်မှန်သောအမှုတော်ဆောင်သည် မည်မျှပင် အဆင့်မြင့်သောပညာဘွဲ့များရစေကာမှု အစေခံသောနှလုံးသားရှိမှသာ လူအများအတွက် လေးစားကြည်ညိုထိုက်သူဖြစ်‌ပေမည်။

 

ဖလားဆဲ

 

Reference>>မေတ္တာတမန်