လက်စွပ်ကလေး နှစ်ကွင်း

~အမှတ်လက္ခဏာ

သစ္စာဆိုသော စကား၊

အက္ခရာများဖြင့်

နှလုံးသားပေါ်တွင်၊

ကမ္ဗည်းတင်လေသော်

ဧဒင်ထဲက၊ ရင်ခုန်ဖွယ်ညပေါ့

အချစ်ရယ်။

~ကြိုက်မရှက် ငိုက်မရှက်

အသက်တမျှ တစ်ဘဝ၊

အချစ်က

ခိုင်မြဲ ကြိုင်လှိုင်ပျံ့သင်း၊

ယုံကြည်ခြင်းအမွေ

ထမ်းပိုးစေသော

~ကြိုက်၍ပဲ ချစ်သည်

ချစ်၍ပဲ ကြိုက်သည်၊

တူညီသော နှောင်ကြိုး တန်ဖိုးနဲ့

အမြတ်တနိုး ထမ်းပိုးညီစေသော

~ဆင်းရဲနဲ့ ချမ်းသာ

ရောဂါနဲ့ ကျန်းမာ

ဇရာနဲ့ ရူပါ

သင်္ခါရနဲ့ အလှတရား ဘိုးဘေးများ၏ ပုံဝတ္ထု

ယုံကြည်ခြင်းအမွေခိုင်လုံနေသမျှ

ကြိုက်လေသမျှ၊

ထာဝရသို့ ချစ်လေသမျှ၊

ထာဝရသို့

အမှတ်တရလေးများ ဖြစ်ပါစေ။

                           ချစ်လှမောင်

(မေတ္တာတမန်မဂ္ဂဇင်း၊ အတွဲ(၅၈)၊အမှတ်(၇)၊

ဖေဖော်ဝါရီလ၊၂၀၂၁)