ကျွန်ုပ်နှင့် သမ္မာကျမ်းစာ

 

ကျွန်ုပ်၏ဘဝ၌ ဘုရားသခင်၏ အမှုတော်မြတ်အတွက် ပထမဦးဆုံး ခေါ်တော်မူခြင်းခံရသောသက်သေသာဓကတစ်ခုမှာ-

 

(၁၉၇၀)ခု နှစ်လယ်ပိုင်းတွင် အင်္ဂလန်မြို့၌ လေယာဉ်များ ပြုပြင်ထိန်းသိမ်း ရေးဆိုင်ရာ ပညာသင်ကြားနေစဉ် ကုမရသည့်ရောဂါဝေဒနာဖြင့် သေရမည့် အဖြစ် ဆိုးကြီးကြုံတွေ့ခဲ့ရသည်။ ကျွန်တော်လွန်ခဲ့သည့် လူလတ်ပိုင်းအရွယ်တုန်းက အားကစားလုပ်ရင်း မတော်တဆခါးရိုးမှ ဒဏ်ဖြစ်ခဲ့ခြင်းကြောင့် ယခုအခါ ခါး အဆစ်ကြေသွားပြီး အကြောညှပ်ကာ ပြင်းထန်သော ဝေဒနာကို ခံစားခဲ့ရပါသည်။ ထိုအချိန်က အထူးကုဆရာဝန်များ၏ စမ်းသပ်ချက်အရ လောကတွင်နေရမည့် အချိန်မှာ နှစ်နှစ်ခန့်သာရှိတော့ကြောင်း သိလာရသည်။ ထို့အပြင် နောက်ဆုံး၌ ပြင်းထန်စွာ နာကျင်ခြင်းဝေဒနာအားဖြင့် သေရမည်ဟု မှတ်ချက်ပြုခဲ့ကြပါသည်။ ထို့ကြောင့် ကုသ၍မရ၊ ခွဲစိတ်၍လည်း မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေသည်။ ထိုအချိန်၌ ကျွန်ုပ်အသက်မှာ (၃၉) နှစ်သာရှိပါသည်။ ထိုသို့ ကုမရသည့် ရောဂါဖြစ်ကြောင်း သိသောအခါ မည်သည့်ဆေးကိုမှ မစားတော့ပါ။ ဆရာဝန်များ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ခံစားနေရသော ရောဂါ ဝေဒနာမှ လုံးဝပျောက်ကင်းဘို့ ကိုယ်တော်၏ မစခြင်းကိုသာ မျှော်လင့်၍ ဆက်ကပ် ဆုတောင်းခဲ့သည်။ သမ္မာကျမ်းစာ၌ ဖော်ပြထားသော ကတိတော်နှင့်အညီ ကျန်းမာ ခြင်း ကျေးဇူးမင်္ဂလာကို လက်တွေ့ခံစားလာရသည်မှာ ယနေ့ ၂၀၁၁ ခုနှစ်တွင် ကျွန်ုပ် အသက် (၇၉) နှစ်ပြည့်သည် အထိပင် ဖြစ်ပါသည်။ နိုင်ငံတော်၊ သာသနာ တော် အကျိုးအတွက် ဆက်လက်အသက်ရှင်လျက် ယနေ့ထိတိုင် အစေခံလျက် ရှိပါသည်။ ထို့ကြောင့် ဆရာဝန်များက စစ်ဆေးသုံးသပ်ဆုံးဖြတ်၍ အသိပေး ကြသည်မှာ မှန်ကန်မှုရှိသော်လည်း ဘုရားရှင်သည် နှုတ်ကပတ်တော်အရ မစနိုင် ကြောင်း ယုံကြည်လျှင် အံ့ဩဘွယ်မျှော်လင့်စရာရှိကြောင်း သိစေချင်သည်။ဤအတွေ့ အကြုံကြောင့် မိမိတစ်ဦးတည်းသာလျှင် ကျန်းမာခြင်းဆု ကျေးဇူးမင်္ဂလာ ရရှိခံစားခြင်းမဟုတ်ဘဲ အခြားသူများကိုပါ သက်သေပေးလျက် အားပေးမစဘို့အကြောင်းဖြစ်လာသည်။ နာမတော်၌ ဆုတောင်းခြင်းဖြင့် ရောဂါ ဝေဒနာများ ပျောက်ကင်းခြင်း၊ အလုပ်အကိုင်များရရှိသွားခြင်း၊ ကြွေးမြီဖိစီးမှုမှ လွတ်မြောက်သွားခြင်း၊ အိမ်လခပေးစရာမရှိ၍ အိမ်ရှင်မှဖယ်ရှားနှင်ထုတ်ခြင်းမှ ပြန်လည်အဆင်ပြေသွားခြင်းစသည်ဖြင့် အမှုတော်မြတ်ထဲ၌ အသက်ရှင်သော နှုတ်ကပတ်တော်ရှင်၏ မစမှု သက်သေများစွာရှိပါသည်။ ထို့အပြင် မထိုက်မတန် ဘဲ အမှုတော်မြတ်ထဲ၌ ဘုရားသခင်၏ အစေခံအနေဖြင့် ဆက်လက်ရှင်သန်ခွင့်ရ သော အသက်တာတွင် ကောင်းကြီးမင်္ဂလာများစွာမှာ ရေတွက်ချီးမွမ်း၍ မကုန်နိုင် တော့ပါ။

 

အထက်ပါအတိုင်း လက်တွေ့ ခံစားခဲ့ရသော ကောင်းကြီးမင်္ဂလာများ အပြင် အမှုတော်မြတ်လုပ်ငန်းအတွက်လည်း ကိုယ်တော်ရှင်ပြုခဲ့သော ပဋိညာဉ် (တရားဟော၊ ၂၈း၁-၄)ကို မည်သူမဆို နားလည်သလောက် နာခံလိုက်လျှောက်လျက် သစ္စာဝတ် ကိုပြုလျှင် လောကီချမ်းသာမှုနှင့်အတူ အဖက်ဖက်မှအောင်မြင်မှုများ ကိုရရှိသည်ဟု အကြွင်းမဲ့ယုံကြည် လက်ခံလျက် အားပေးလိုပါသည်။ သမ္မာကျမ်းစာတွင် ဖော်ပြ ထားသော ကတိတော်များနှင့် ကောင်းကြီးမင်္ဂလာအဖြာဖြာတို့သည် လက်တွေ့ ဘဝအသက်တာ၌ ခံစားရသည် မှန်ကန်ပါကြောင်း ကျွန်ုပ်အနေဖြင့် သက်သေခံ ပါသည်။

 

Rev. Dr. Tin Maung Tun (D.D) USA

 

ဆရာကြီးကိုဂုဏ်ပြုသောအားဖြင့် ၂၀၁၁ ခုနှစ်ကဆရာကြိးကိုယ်တိုင်ရေးသော ကျွန်ုပ်နှင့်သမ္မာကျမ်းစာသ က်သေခံချက်ကိုကောက်နှုတ်ခြင်းဖြစ်ပါသည်။

Categories: Myanmar