Christian Poem
“မြင်ကွင်းတစ်ခုအကြောင်း”
ရှုပ်ထွေးဆူညံ၊ လူတကာအသံနဲ့မူးဝေနောက်အောင်၊တောင်မြောက်ပြေးလွှားမောင်းနှင်သွား၊ ကားများစွာ– ကိုယ်ပိုင်ကားမဲ့၊ မှတ်တိုင်တစ်ခုရဲ့ ကြားခရီးစဉ်မှာ၊ ငါရပ်နေရင်းလင်းကနဲအသိ၊ ဝိညာဉ်ရေးရာဆင်းရဲအတိ၊ လူတွေများစွာ လမ်းနံဘေး၊ ဝမ်းရေးအတွက်ကြိုးပမ်းရှာရသူတွေရုံးအဆင်းအတက်၊ကသုတ်ကရက်နဲ့ပြေးလွှားနေရသူတွေ လူအမျိုးမျိုး ၊ စိတ်အထွေထွေလူ့ စိတ်တွေမှာ— “တမလွန်အရေးတွေးယူ ၊ဆွေးပူကြပါမလား “ဟု ထိုအသိကြောင့် ရင်မချိလူတွေဆီအကြည် ၊ရုတ်သိမ်းမိရင်း ထူးမြတ်သခင်၊ကိုယ်တော်ရှင်ထံ တစ်ခွန်းစကားနဲ့ ၊ တောင်းလျှောက်ထားမိတယ် “အို—— အဘ ၊ထိုသူတို့၏ အပြစ်ကိုလွှတ်တော်မူပါ” သစ်ထွေးချစ်