“သခင့်လက်ရာ”

ဖိုးတုတ် (KZK) အပြင်ပန်းရိုးရှင်း အတွင်းပိုင်း ရှုပ်ထွေး ဇီဝဆဲလ်တွေ ဘယ်သိပ္ပံရှာလို့ မနိုင် အနုစိတ်ခြင်း အထပ်ထပ် ပညာအလွှာလွှာနဲ့ ပြည့်နှက်နေတာမို့ သူ့ပညာလက်ရာ အံ့ဩဖွယ်ကြီးမြတ် ဘယ်သူမှ မမှီ သခင့် အနုပညာလေ . . . ။

ထာဝရရှင်သန်သူများ

မင်းမာန်ဟုန်(ကျောင်းကုန်း) သူတို့ဟာ အားအနည်းဆုံးသူများ သို့ငြား ကြီးမားအံ့ဖွယ်ပြုခဲ့တယ်… •သူတို့ဟာ ကြောက်တတ်သူများ သို့ငြား ဓားလက်နက်ကိုင်စွဲခဲ့ကြတယ် … သူတို့ဟာ ရှက်သည်းပိုသူများ • သူတို့ဟာ သို့ငြား လောကသားအတွက် စွန့်ရဲတယ် … အားငယ်တတ်သူများ သို့ငြား သခင်ဘုရားကို ကိုးစားလွန်းလှတယ် … ‘မိရိအံ ‘‘ဒေဗောရ’ ‘ဧသတာ’ “မာရိ’ ရှိသမျှ အစွမ်းနဲ့ လူသားအကျိုးဆောင်ခဲ့တယ် . . . သူတို့ဟာ မိန်းမသား ပုခက်လွှဲသော လက်များပိုင်ရှင် ကမ္ဘာမြေရဲ့ရာဇဝင်မှာ အစဉ်ထာဝရ အမှတ်ရလို့ နေသင့်သူ။ ။

ဝိညာဉ်အတွက်

လူသား(ဆားမှော်) အမြင်ခန္ဓာ စားစရာကို တစ်နေ့သုံးနပ် စားတတ်ကြတယ်။ ပြေးလွှားသည့်စိတ် စိုးထိတ်ထိတ်နှင့် လောကကြီးထဲ ပျော်တတ်သည်ပဲ။ အတွင်းဝိညာဉ် သူ လိုအင်ကို ဖြည့်ဆည်းဖို့များ မေ့နေပြီလား။ ကျမ်းစာနေ့စဉ် ဖတ်ရှုဆင်ခြင် ဘုရားကျေးဇူး အထူးချီးမွမ်း။ ဘုရားနှင့်သာ စကားပြောပါ ဝိညာဉ်အစာ ပြည့်စုံလာပြီ ဝိညာဉ်သတိ အစဉ်ရှိကာ ဝိညာဉ်ခန္ဓာ ကြီးထွားမည်။

မအိုဆေး သောက်သူများ

။ချစ်လှမောင် ။ ဘီယာဆိုတာ အရက်မဟုတ်ပါ ကြော်ငြာအားကိုးနဲ့ တစ်မျိုးကလေးယစ် တခစ်ခစ် ရယ်မော လောက စားပွဲဝိုင်းထဲမှာ ……….. တစ်ခွက်ပြီးတစ်ခွက် တစ်ရစ်ပြီးတစ်ရစ် နစ်သထက်နစ် ယစ်ထုပ်ဘဝ၊ တစ်စပြီးတစ်စ ဘဝမွန်းတည့်အချိန်မှာ………….. တစ်ခွက်တစ်ဖလားအတွက် နေရာဟောင်းများသို့ တိုးဝင် ပတ်ဝန်းကျင်မဲ့ ယိုင်နဲ့နဲ့ခရီး တစ်ကိုယ်တည်း လမ်းပေါ်မှာ.. ငါမအိုသေး ကြွေးကြော်လို့ မရသူ ထိုသူ အဲဒီလူ အရက်ပြတ်မရသူ ကယ်တော်မူကြပါ …. ငါမအိုသေး ကြွေးကြော်လို့ မရသူ ထိုသူ အဲဒီလူ ရုန်းထွက်လို့ မရသူ အုတ်ဂူကလေး စံနမူ…..

သင်္ဘောထဲ ရေဝင်ခဲ့သော်

ယုံကြည်သူတွေဟာ ဘုရားသခင်ဘွားသော ဘုရားသခင်၏ သားသမီးများဖြစ်ကြောင်း ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှာ အတိအလင်းဖော်ပြထားပါတယ်။ (၁း၁၃)။ လူ့အလို၊ လူ့ဆန္ဒ အားဖြင့် မွေးဖွားခြင်းမဟုတ်ပါဘူး။ သို့ဖြစ်သောကြောင့် ဝမ်း မြောက်ပါ။ ဂုဏ်ယူပါ။ ဘုရားသခင်ရဲ့ သားသမီးဖြစ်ရတဲ့ အခွင့် ထက် တန်ဖိုးရှိတဲ့ရာဟာ မိုး၊မြေစင်္ကြာဝဠာ တစ်ခုလုံးမှာ လုံးဝ မရှိပါဘူး။ သေခြင်းရဲ့ တစ်ဘက်ကမ်းမှာလည်း သေခြင်းကို အောင် ပြီးဖြစ်တဲ့ သခင်ယေရှုက ကျွန်တော်တို့ကို ကြင်နာစွာနဲ့ ပွေ့ပိုက်ပြီး၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့နဲ့ လုံးဝမပတ်သက်တဲ့ ကောင်းကင်နိုင်ငံတော်ထဲကို ဝင်စေပါမယ်။ အခုတော့ ဒုက္ခမျိုးစုံ၊ ဒုစရိုက်မျိုးစုံနဲ့ရောဂါမျိုးစုံ ရှုပ်ထွေးတဲ့ မြတ်လောကမှာ နေထိုင်လှုပ်ရှားနေပါသေးတယ် သို့ဖြစ်သောကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် Read more…

အထက်အရပ်မှာ ကိုယ်တော်ရှိတယ်

ခေါင်းငုံ့ပြီး ငိုကြွေးနေတုန်းက ကိုယ့်မျက်ရည်ကိုပဲ ကိုယ်တွေ့ မိတယ်။ ခေါင်းမော့ပြီး ငိုကြည့်မိတော့ ဘေးနားက မျက်ရည်တွေ ပိုပူမှန်းသိရတယ်။ ခေါင်းမော့ပြီး ငိုကြည့်မိတော့ ကိုယ့်မျက်ရည် ခြောက်တာ မြန်တယ်။                                                       မီးဇာ

August အတွေး

  ဖြစ်မယ်၊ ပျက်မယ် လွယ်လွယ်လေးပေါ့ ကမ္ဘာမြေ တည်ဆောက်၊ ဖြိုဖျက် နှုတ်ကပတ်စကားတော် နှလုံးသားက အဖြေပေါ်တော့ sorry ပါ သခင် . . . ။ လိုချင်တာတစ်ခု၊ရခဲ့တာက တစ်ခု ကိုဗစ် (Covid) က ကျော်ကြား ကျွန်ုပ် ယုံမှားခဲ့တာလား သခင် ကျောက်နှလုံးသားတွေ၊ အသားနှလုံးမဖြစ် ယုံမှားခြင်း ကင်းတဲ့အခါ Covidက ကပ်ဘေးအသစ်တဲ့ လက်ခံဆွေးနွေးကာကွယ်နေကြတဲ့ ကမ္ဘာ ခပ်ခွာခွာ နေခဲ့ရတော့ နှုတ်ကပတ်တော်နဲ့ဝေး တကယ်ဆို ပိုပြီး နီးစေဖို့အချိန် Home Stay မှာ ထိတ်လန့် တိတ်တိတ်လေး တံခါးပိတ်ပြီး နေခဲ့ရတယ်လေ။ သူသူ၊ ငါငါ၊ အသစ်ပြင်ဆင်ခြင်းတရားမှာ Read more…

လူတိုင်း လုပ်နိုင်တဲ့ အလုပ်

လူတိုင်း လုပ်နိုင်တဲ့ အလုပ် သန်လျင် ကိုကိုဇင် ရွက်နု ဝေရင် ရွက်ဟောင်း ကြွေရစမြဲ ဒါပြောင်းလဲတဲ့နိယာမ သဘောတရားတွေ ဇရာပိုင်းရောက်တော့ မိုဘိုင်းဖုန်းလည်း မပွတ်နိုင် ဟိုယိုင်ဒီယိုင် အိုးနင်းခွက်နင်း ဖြစ်ကရော့၊ သံဝေဂ မစဉ်းစားမိဘူး နိယာမ မေ့ထားတဲ့ပုံ ဝုန်းဒိုင်းဖြစ်ကာမှ ဘုရားတ ဆေးရုံဆေးခန်းကျတော့ ရက်ချိန်းကိုမှန်လို့ အိမ်မှာလည်း အသေးစားဆေးပေးခန်း ဖွင့်လို့ရနေပြီ ဆေးတွေကတစ်ပုံတစ်ခေါင်း။ … လေအတိုက်ပြိုက်ခနဲ ကြွေ ချိန်ကိုက်မိုင်း ကွဲသလို သေရမှာ ကြောက်နေပြီလေ။ သမားတော်နဲ့ ဆေးတွေက ဝေးသွားပြီ ပြေးသွားပြီ ကဲထုံးစံအတိုင်း လုပ်စရာတစ်ခုပဲကျန်တယ် နောက်ဆုံးတော့ ဒီဘူတာ ဆိုက်တာပဲ။ ။ ဘုရားသခင်အလိုတော်ပါ

A dictionary of youth

ပျိုမျစ်ခြင်းရဲ့ အဘိဓာန် ပျိုမျစ်ခြင်းဟာ ၊  အရာရာကို စွမ်းဆောင်နိုင်တယ် တိုင်းပြည်အတွက် အသင်းတော်အတွက် လူမျိုးအတွက် သာသနာအတွက် ခွန်အားအပြည့်ရှိတယ် ရဲရင့်ခြင်းလဲရှိတယ် မကြောက်ဘူး နောက်မဆုတ်ဘူးဆိုတဲ့ အသိတရားကို ရင်မှာပိုက်ပြီး အတားအဆီးတွေကို ထိုးဖောက်တတ်တဲ့ သဘောတရားဟာလဲ ပျိုမျစ်ခြင်းရဲ့ သင်္ကေတပါ. . ပန်းကောင်းတပွင့်ဟာ အမြဲတမ်း လှပနေသလို ကျောက်ကောင်းတပွင့်လဲ တန်ဖိုးအနဂ္ဃပါ ပန်းကောင်း ကျောက်ကောင်း တပွင့်လို နပျိုချိန်မှာ လှပတန်ဖိုးရှိနေဆဲပဲ ရေပေါ်မှာပ နံတင့်နေတဲ့ ကြာပန်းတပွင့်ဟာ ဘယ်အချိန်ကြည့်ကြည့် အမြဲတမ်းနုသစ် လန်းဆန်းနေတတ်တယ်. . တကယ်တော့ ငယ်ရွယ်တဲ့ အသက်တာဟာ သူတစ်ပါးအတွက် အလင်းဖြစ်စေဖို စကားပြောခြင်း ကျင့်ကြံပြုမူခြင်း သူတပါးကို ချစ်တဲ့နေရာမှာ သစ္စာစောင့်ခြင်း ဝိညာဉ်ရေးရာမှာ Read more…