Magazine
“နေ့စဉ်မြင်ကွင်း”
ချစ်လှမောင် တဖြည်းဖြည်းနဲ့ နီးကပ် ဖိနပ် ရှပ်တိုက်သံ၊ ခွက်ပန်းကန်ဆီသို့ ချောက်ကမ်းပါးထဲ မကျအောင်လှမ်း အလင်းတံခါးဝတွေ့သူ 。。。 ။ တဖြည်းဖြည်းနဲ့ နီးကပ် ဖိနပ်ရှပ်တိုက်သံ၊ ခွက်ပန်းကန်ဆီသို့ မည်သူမည်ဝါမသိ မျှော်လင့်ခြင်း ပြည့်စေဖို့။ အလင်းကွယ်၍ တွယ်ရာမယ့်ဘဝ၊ လမ်းမပေါ်ကလူ ဒုက္ခကိုရင်ဆိုင် ခြေသလုံးအိမ်တိုင်ဆိုပါတော့။ စမ်းတဝါးဝါးကြောင့် အမှားမရှိအောင်သွား ဝမ်းနည်းမှုတွေကို ဖြေသိမ့် ခြေနေတူ ဘဝများ၊ ခွန်အားဖြင့် နိုးထ ဖေးမလက်တွဲ၊ ဆန္ဒခိုင်မြဲလျက် ဘုရားကျောင်းထဲ ဝင်လာသူ ဗာတိမဲ၏ အသက်တာ အထက်က မျက်စိကန်း၍ ယခု မျက်စိမြင်သည် ဝိညာဉ်အလင်းရသောကြောင့်။ မည်သူမည်ဝါမသိ ကိုယ်ချင်းစာအသိဖြင့် မျှော်လင့်ခြင်း ပြည့်စေဖို့ ဝိညာဉ်အလင်းရစေဖို့